သွင်းကုန်အစားထိုးနိုင်ရေးအတွက် အခွန်နှုန်းထားများ ပြန်လည် လျှော့ချ သတ်မှတ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ပြော

သွင်းကုန်အစားထိုးနိုင်ရေးအတွက် အခွန်နှုန်းထားများ ပြန်လည် လျှော့ချ သတ်မှတ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ပြော
May 24, 2017 Asian Fame

3:53 pm
သွင်းကုန်အစားထိုးနိုင်ရေးအတွက် အခွန်နှုန်းထားများ ပြန်လည် လျှော့ချ သတ်မှတ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ပြော

မှူးအိမ်ဇော်
ရန်ကုန်၊ မေ ၂၂

သွင်းကုန်အစားထိုးနိုင်ရန်အတွက် သတ်မှတ်အခွန်နှုန်းထားများကို ပြန်လည် လျှော့ချသတ်မှတ်ရန် ညှိနှိုင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။ ပြည်တွင်းလုပ်ငန်းများကို အားပေးသောအနေဖြင့် စာရေး ကိရိယာအပါအဝင် အခြားသော ကုန်ထုတ်လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများတင်သွင်းရာတွင် သတ်မှတ် အခွန်နှုန်းများကို လျှော့ချပေးရန် စက်မှုကုန်ထုတ် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၏ တင်ပြမှုကို ဝန်ကြီးက ပြန်လည် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

သွင်းကုန် တင်သွင်းရာတွင် ကုန်ချောနှင့် ကုန်ကြမ်းများအတွက် အခွန်ကောက်ယူမှု ကွာခြားနေမှသာ ပြည်တွင်းက သွင်းကုန် အစားထိုးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ပြီး လက်ရှိ တင်သွင်း နေသော သွင်းကုန်များအပေါ်တွင် ကုန်ချော၊ တစ်ဝက်တစ်ပျက် ပြီးစီးကုန်နှင့် ကုန်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းမှုများတွင် အခွန်နှုန်းထား ကွာခြားအောင် လုပ်ဆောင်ပေးရန်လည်း မြန်မာ နိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းကလည်း တင်ပြ တောင်းဆိုထားသည်။

ထို့ကြောင့် ဝန်ကြီးဌာနပိုင်းအနေဖြင့် အခွန်နှုန်းထားများ သက်သာစေရန် ညှိနှိုင်းဆောင်ရွက်နေသလို လုပ်ငန်းရှင်များ ဘက်ကလည်း ကုန်စည်ဈေးနှုန်းများ လျှော့ချနိုင်ရေးအတွက် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောဆို လိုက်သည်။ လက်ရှိ အိန္ဒိယနိုင်ငံတွင် ကုန်ချောတင်သွင်းမှုအတွက် အခွန် ၄ဝ ရာခိုင်နှုန်း၊ တစ်ဝက်တစ်ပျက် ကုန်များအတွက် အခွန် ၁ဝ ရာခိုင်နှုန်းနှင့် ကုန်ပစ္စည်း အစိတ်အပိုင်းများအတွက် အခွန် ၅ ရာခိုင်နှုန်း အသီးသီး ခွဲခြားထားသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းအလားတူ မူဝါဒများ ချမှတ်ပြီး ပြည်တွင်းလုပ်ငန်းများကို အားပေးရန် လိုအပ်ကြောင်း ဒေါက်တာ အောင်သိန်းက ထပ်လောင်းပြော ဆိုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*