ထိုင်းနိုင်ငံရှိ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန် မြန်မာများအတွက် နှစ်နိုင်ငံအစိုးရ ဆွေးနွေးမည်

ထိုင်းနိုင်ငံရှိ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန် မြန်မာများအတွက် နှစ်နိုင်ငံအစိုးရ ဆွေးနွေးမည်
May 24, 2017 Asian Fame

3:16 pm
ထိုင်းနိုင်ငံရှိ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန် မြန်မာများအတွက် နှစ်နိုင်ငံအစိုးရ ဆွေးနွေးမည်

ရဲလွင်
ရန်ကုန်၊ မေ ၂၂

ထိုင်းရှိ ယာယီနိုင်ငံကူးလက် မှတ်ကိုင်ဆောင်ထားသော မြန်မာလုပ်သားများ လက်မှတ်သက်တမ်းကုန်သည့်ကိစ္စအတွက် အစားထိုး အစီအစဉ်တစ်ခုလုပ်ပေးရန် နှစ် နိုင်ငံအစိုးရ ဆွေးနွေးသွားမည်ဟု သိရသည်။ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်နေသော မြန်မာလုပ် သားများတွင် ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော လုပ်သားများမှာ ၂ဝ၁၆ ခုနှစ် အကုန်တွင် သက်တမ်းကုန်ဆုံး ခဲ့ပြီဖြစ်သည်။

ယင်းအတွက် အဆိုပါလုပ်သားများကို အခြားသော အထောက်အထားတစ်ခုခုဖြင့် အစားထိုးပေးနိုင်ရန် ထိုင်းအစိုးရ နှင့် မြန်မာအလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနကြား ညှိနှိုင်းဆွေးနွေး ပွဲတစ်ရပ်ကို လာမည့်ဇွန်လအတွင်း ရန်ကုန်မြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။ ”ဒီအစည်းအဝေးကနေ ဘာလုပ်ပေးမလဲဆိုတာ တစ်ခုခု တော့ထွက်လာမှာပါ။ အခုက တော့ ဘာနဲ့ အစားထိုးပေးမယ်ဆိုတာ ပြောလို့မရသေးဘူး။ ထိုင်းအစိုးရနဲ့ညှိရဦးမယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယာယီ နိုင်ငံကူးလက်မှတ်ကိုင်ထားသော အလုပ်သမားများ မှာ သက်တမ်းကုန်ဆုံးထားသည့်အတွက် အချို့မှာ မြန်မာနိုင်ငံသို့ပြန်လာ၍ နိုင်ငံကူးလက်မှတ် အသစ်ပြန်လုပ်သူများရှိကြောင်း၊ အချို့မှာလည်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်လျှောက်ထားသူများ ရှိကြောင်း၊ တချို့မှာ အထောက် အထားမဲ့ဖြစ်သွားသူများလည်း ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ ”ကျွန်တော်တို့က ပမာဏ ဘယ်လောက်ရှိလဲဆိုတာ ခန့်မှန်း ရခက်နေတယ်။ ထိုင်းဘက်က လုပ်ငန်းစဉ်တွေက ရှုပ်တယ်။ပြီး တော့ ခုနက ပြောသလိုပဲ တခြား ကိုထွက်သွားတဲ့သူနဲ့ CI လျှောက် တဲ့သူနဲ့ ပြန်လာတဲ့သူနဲ့ အဲဒီတော့ ပမာဏကိုခန့်မှန်းဖို့ မလွယ်ဘူး” ဟု၎င်းကပြောသည်။ ယခု သက်တမ်းကုန်ဆုံးသွားသော ယာယီနိုင်ငံကူးလက်မှတ်များကို ၂ဝ၁၁ ခုနှစ်ကစတင်ထုတ် ပေးခဲ့ခြင်းဖြစ်ပြီး ယင်းလက်မှတ် ၏ သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*