ဆန္ဒထုတ်ဖော်ပွဲအတွက်အသုံးပြုသည့်ငွေကြေးဘယ်ကရပါသနည်း၊ ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပါသနည်းဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မေးခွန်းထုတ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကလေးကလားဆန်သည့် ထုတ်ပြန်ချက်ထုတ်ဟု ဆန္ဒပြ ဦးဆောင် ဆရာတော်တစ်ပါးတုံ့ပြန်

ဆန္ဒထုတ်ဖော်ပွဲအတွက်အသုံးပြုသည့်ငွေကြေးဘယ်ကရပါသနည်း၊ ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပါသနည်းဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မေးခွန်းထုတ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကလေးကလားဆန်သည့် ထုတ်ပြန်ချက်ထုတ်ဟု ဆန္ဒပြ ဦးဆောင် ဆရာတော်တစ်ပါးတုံ့ပြန်
May 24, 2017 Asian Fame

1:54 pm
ဆန္ဒထုတ်ဖော်ပွဲအတွက်အသုံးပြုသည့်ငွေကြေးဘယ်ကရပါသနည်း၊ ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပါသနည်းဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မေးခွန်းထုတ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကလေးကလားဆန်သည့် ထုတ်ပြန်ချက်ထုတ်ဟု ဆန္ဒပြ ဦးဆောင် ဆရာတော်တစ်ပါးတုံ့ပြန်

U Aung Ko Protest

နေပြည်တော်၊ မေ၂၃

ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုအား ဆန္ဒပြကြရာတွင် ငွေမရခဲ့သူများ၊ နေရပ်ပြန်ရန်အ ခက်အခဲ ရှိခဲ့ကြသူများအနေဖြင့် သတင်းပေးကြပါရန် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၂၂ ရက်နေ့စွဲဖြင့် အသိပေးစာ တစ်စောင်ထုတ်ခဲ့သည်။ မေလ ၂ဝ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ မြို့နယ်၊ ရွှေနံ့သာ ဘောလုံးကွင်းသို့ လာရောက်ကာ ဆန္ဒပြကြသည့် ဆန္ဒပြပွဲကို မြန်မာဗုဒ္ဓဘာသာ နိုး ကြားရေးအသင်း(ရန်ကုန်)၏ ဦးဆောင်မှုဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်ဟု ဝန်ကြီးဌာနဘက်က ပြောဆိုထားသည်။

ဝန်ကြီးဌာနက အတည်ပြုနိုင်ရန် မလွယ်ကူသည့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာအချို့တို့က ပြောစကား ရေးသားချက် အချို့တို့ အရသိရသည်ဟုဆိုပြီး ဆန္ဒထုတ် ဖော်သူများ ထောက်ပံ့ကြေးရကြ ကြောင်း၊ မရသူများလည်း ရှိပြီး၊ အချို့ဆိုလျှင် အပြန်ခရီးအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ ကြောင်း၊ ၎င်းဆန္ဒထုတ်ဖော်ပွဲအတွက် ငွေကျပ်သိန်း ၈ဝဝဝ ခန့်သုံး စွဲခဲ့သည်ဟု သိရှိကြောင်း စသည် ဖြင့် ဖော်ပြထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက် အဆုံးသတ်တွင် အဆိုပါငွေများအား ဘယ်ကရပါသနည်း၊ ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပါသနည်း၊ ၎င်းငွေများကို မည်သူများကိုင်တွယ်၍ မည်သို့ စီမံသုံးစွဲပါသနည်းဟု မေးခွန်း ထုတ်ခဲ့သည်။ ထုတ်ပြန်လိုက်ရသည့် ရည် ရွယ်ချက်ကို သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရ ညွှန်ကြားရေးမှူး ဦးအောင် ဆန်းဝင်းက တိကျစွာ ရှင်းမပြပေ။

”အဲဒီထုတ်ပြန်ချက် အပိုဒ် ၂ နဲ့ ၃ ကို သေချာဖတ်ကြည့်ပါ။ ရှင်းသွားပါလိမ့်မယ်”ဟု ၎င်းကပြောသည်။ ထုတ်ပြန်ချက် အပိုဒ် ၂ နှင့် ၃ တွင် လူမှုကွန်ရက်တွင် ပြောကြားမှုအရ သိရသည်ဆိုသောအချက်တို့သာ ပါသည်။ ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် အောက်မြန်မာပြည် ဦးဆောင်ဆရာ တော် အရှင်တေဇဝနက ”အွန်လိုင်း ပေါ်မှာ ပုဂ္ဂိုလ်ရေးအရ မပြေလည် မှုကြောင့် အပြန်အလှန်ရေးကြတယ်။ ကလေးဆန်ဆန် ငြင်းကြတာရှိ တယ်။ အဲဒါတွေကို သုံးသပ်ပြီး သာသနာရေးဝန်ကြီးဌာနက ဒေ တာအချက်အလက်မမှန်ဘဲ ထုတ် ပြန်ချက်ထုတ်တယ်ဆိုတော့ သာ သနာရေးဝန်ကြီးဌာနဖြစ်ပြီး ကလေး ကလားဆန်တယ်လို့ ဦးဇင်းကပြော ချင်တယ်” ဟုမိန့်သည်။ သို့သော်လည်း လူမှုကွန်ရက် ပေါ်တွင် ပိုက်ဆံဝေငှနေသည့်ပုံများ ပျံနှံ့နေသည်။ ထို့အပြင် ပြန်မပို့ပေး၍ အခက်အခဲတွေ့ရသည်ဟုပြော ကြားသော ဗီဒီယိုဖိုင်လည်း ပျံ့နှံ့ နေသည်။ မျိုးချစ်အဖွဲ့က မေလ ၂ဝ ရက်နေ့က ဆန္ဒပြကန့်ကွက်ရှုတ်ချ ပွဲပြုလုပ်ခဲ့စဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး နုတ်ထွက်ပေး ရေးအပါအဝင် အချက်(၇) ချက် ကိုတောင်းဆိုခဲ့ကြသည်။

၎င်းတို့ တောင်းဆိုသည့် အချက်(၇)ချက်ကို အစိုးရက တစ်လအတွင်း ဆောင်ရွက်ပေးရန်နှင့် အရေးယူ ဆောင်ရွက်ခြင်းမရှိပါက သပိတ်မှောက် ဆန္ဒပြမှုများ ဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ဆန္ဒပြသူများကို အရေးယူရန် မရှိ ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြော ဆိုထားသော်လည်း ဥပဒေဖောက်ဖျက်ပါက အရေးယူသင့်ကြောင်း NLD ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မှတ်ချက်ပြုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*