3:03 pm
ဖြိုးထက်အောင်
ရန်ကုန်၊ မေ ၂၃
မဘသအဖွဲ့ဝင်ဟောင်းဖြစ်သူ ဆရာ တော်ဦးပါမောက္ခကို ပုဒ်မ ၁၉ဖြင့် တရားစွဲ ဆိုထားမှုမှပယ်ဖျက်ပေးရန် တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် သို့ လျှောက်တင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က အမေရိကန်သံရုံးရှေ့ တွင်ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ဦးပါမောက္ခ အပါအဝင် သံဃာ ၃ ပါးနှင့် လူ ၄ ဦးတို့ သည် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) တို့ ဖြင့် တရားစွဲဆိုခံရသည်။ ယင်းသို့တရားစွဲ ဆိုခံရမှုတွင် သံဃာတစ်ပါးအပေါ် သက်ဆိုင်ရာ သံဃနာယက အဖွဲ့အစည်းများ၏ခွင့်ပြုချက်မပါဘဲ တိုက်ရိုက်တရား စွဲဆိုမှုမှာ အမှုမမြောက်သကဲ့သို့ သံဃာများ၏ ပုံရိပ်ကို ထိခိုက်စေသည်ဟုယူဆ၍ ဦး ပါမောက္ခကို အမှုတွဲမှချေဖျက်ပေးရန် လျှောက်တင်ရခြင်းဖြစ်ကြောင်း ဦးရော ဘတ်စန်းအောင်က ပြောသည်။
”တကယ် တရားဥပဒေအရငြိစွန်းတယ် ဆိုရင်လည်း ဥပဒေကြောင်းအရပဲ လုပ်စေ ချင်တယ်။ အခုက ထစ်ခနဲရှိ တရားစွဲဆို နေတော့ သံဃာတွေရဲ့ပုံရိပ်၊ သာသနာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်။ ရဟန်း သံဃာတစ်ပါးကို တရားစွဲဆိုချင်ရင် သက် ဆိုင်ရာရပ်ကွက်၊ မြို့နယ်၊ တိုင်းအထိ သံဃာ့အဖွဲ့အစည်းတွေဆီကို ခွင့်ပြုချက် တင်ပြဖို့လိုပါတယ်။ အခုလို အာဏာစက် နဲ့ တိုက်ရိုက်တရားစွဲတာဟာ မမှန်ကန်ပါ ဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က အမေရိကန်သံအမတ် စကော့မာရှယ်၏ ရိုဟင်ဂျာ လူမှုအသိုင်း အဝိုင်းဟူသည့် အသုံးအနှုန်းသုံးစွဲခဲ့သည့် အပေါ် အမေရိကန်သံရုံးရှေ့၌ ဆန္ဒထုတ် ဖော်ခဲ့သူများထဲတွင် ဦးပါမောက္ခသည် ဦးဆောင်ဆရာတော်တစ်ပါးအဖြစ် ပါဝင် ခဲ့သည်။ ထို့အတွက် ကမာရွတ်မြို့နယ် တရားရုံးတွင် တရားလိုဒုရဲမှူးသိန်းဟန်က ဦးပါမောက္ခအပါအဝင် ၇ ဦးကို တရားစွဲ ဆိုခဲ့သည်။ သို့သော်လည်းဦးပါမောက္ခက သံဃာ့ အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်မတောင်း ဘဲတရားစွဲဆိုခဲ့ခြင်းဖြစ်၍ အမှုမှပျက်ဖျက် ပေးရန် လိုအပ်သောစာရွက်စာတမ်းများကို လက်မှတ်ထိုး၍ ကိုယ်စားလျှောက်တင် ခဲ့သော်လည်း ကမာရွတ်မြို့နယ်တရားရုံးက ကိုယ်တိုင်မဟုတ်၍ လက်မခံခဲ့ကြောင်း သိရသည်။ အမှုတွဲမှချေဖျက်ပေးရန် လျှောက် တင်မှုမှာ ဦးပါမောက္ခတစ်ပါးတည်းသာဖြစ်ပြီး တစ်ပါတည်းတရားစွဲခံရသောကျန် သံဃာတော်နှစ်ပါး မပါဝင်ပေ။ လျှောက် တင်မှုကို တရားလွှတ်တော်က လက်ခံပါက ရုံးချိန်းစောင့်ပြီး အပြီးသတ်လျှောက်လဲ ချက်ပေးရမည်ဖြစ်ကြောင်း ဦးရောဘတ် စန်းအောင်ကပြောသည်။ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့မှု၌ ပါဝင် ခဲ့သော ဦးဝင်းကိုကိုလတ်အပါအဝင် လေးဦးကို ကမာရွတ်တရားရုံးက အာမခံ လျှောက်ထားမှုပယ်ချခဲ့ပြီး မေလ ၂၂ ရက် နေ့က နောက်ဆုံးအကြိမ် ရုံးထုတ်စစ်ဆေး ခဲ့သည်။