ခန္တီးရတနာမြေအတွင်း ပဋိပက္ခများကြောင့် ရေမဆေးကျောက်ရှာလုပ်သားများ နေရပ်ပြန်ရန် တိုင်းအစိုးရ အမိန့်ထုတ်

ခန္တီးရတနာမြေအတွင်း ပဋိပက္ခများကြောင့် ရေမဆေးကျောက်ရှာလုပ်သားများ နေရပ်ပြန်ရန် တိုင်းအစိုးရ အမိန့်ထုတ်
May 24, 2017 Asian Fame

4:06 pm
ခန္တီးရတနာမြေအတွင်း ပဋိပက္ခများကြောင့် ရေမဆေးကျောက်ရှာလုပ်သားများ နေရပ်ပြန်ရန် တိုင်းအစိုးရ အမိန့်ထုတ်

lin hein news

လင်းဟိန်း
ရန်ကုန်၊ မေ ၂၂

ခန္တီးရတနာမြေအတွင်း တရားမဝင်နေထိုင်သူများကို ယခုလကုန် နောက်ဆုံးထားပြီး ပြောင်းရွှေ့ကြရန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပြီး သတ်မှတ်ချိန်အ တွင်း မပြောင်းရွှေ့ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အစိုးရအဖွဲ့က ဆိုသည်။

ယင်း ခန္တီးရတနာမြေအတွင်း တရားမဝင်နေထိုင်ကြသည့် ရေမ ဆေးကျောက်ရှာ လုပ်သားပေါင်း နှစ်သောင်းကျော် ရှိနေပြီး ယင်း လုပ်သားများကို ပြောင်းရွှေ့ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးကမ် ဇာမုံက ပြောသည်။ ”ရေမဆေး လုပ်သားတွေ ကြောင့် ကုမ္ပဏီတွေဘက်က အ နှောင့်အယှက်ဖြစ်တာလည်းရှိတယ်။ နောက် အခုဖြစ်နေတဲ့ပြဿနာတွေ ဆက်မဖြစ်အောင် ထိန်းတဲ့သဘော လည်း ပါပါတယ်။ ဥပဒေအတိုင်း လုပ်သွားပါမယ်”ဟု ၎င်းက ပြောသည်။

ခန္တီးမြို့နယ် မကျန်ခကျောက် မျက်ရတနာမြေရှိ မြန်မာအင် ပီးရီး ရယ်ဂျိတ်ကုမ္ပဏီ လုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူများ ဝင်ရောက်ရှာဖွေရာမှ ယခုလ ၁၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လူလေးဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့သည်။ ခန္တီးရတနာမြေ အတွင်း တရားမဝင်နေထိုင်သူများ အနေဖြင့် မေလ ၁၆ ရက်မှ ၃ဝ ရက်အတွင်း ပြောင်းရွှေ့ထွက်ခွာ ကြရန် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၃ အား မေလ ၁၅ ရက် တွင် ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားခဲ့ခြင်း ဖြစ် သည်။ ယခုအခါ ရေမဆေးကျောက် ရှာ လုပ်သားအချို့မှာ အဆိုပါ ညွှန်ကြားချက်နှင့် ခန္တီးကျောက် မျက်ရတနာမြေအတွင်း ဖြစ်ပွား နေသော ပဋိပက္ခများကြောင့် နေ ရပ်ပြန်နေကြပြီ ဖြစ်သည်။

ရေမဆေး လုပ်သားများအား ကူညီပေးနေသူ ကိုအောင်ဆန်း မြင့်က ”ရေမဆေးလုပ်သားအချို့ ဆိုရင် မိုင် ၃ဝ လောက်ကို လမ်း လျှောက်ပြန်နေကြရတယ်။ သူတို့ မှာ တစ်နေ့လုပ်တာ တစ်နေ့စားရ တာ။ တစ်ခါတလေ ပိုက်ဆံမရှိ လို့သူများဆီက ထမင်းတောင်းစား ရတဲ့သူတွေတောင် ရှိတယ်။ ဒီလို ရွှေ့ပေးရမယ်ဆိုတော့ သူတို့အတွက် အခက်အခဲတွေ အများကြီးရှိတယ်” ဟု ပြောသည်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့အ နေဖြင့် ရေမဆေးကျောက်ရှာလုပ် သားများ နေရပ်ပြန်ရေးအတွက် စီစဉ်ပေးသင့်ကြောင်း ၎င်းကပြောသည်။ ခန္တီးကျောက်မျက်ရတနာမြေ အတွင်းမှ တရားမဝင်နေထိုင်သူ များကို ပြောင်းရွှေ့ရန် ညွှန်ကြား ထားသည့်အပြင် ကျောက်တူးဖော် ရေးလုပ်ငန်းများ အားလုံးကိုလည်း ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန် ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ရန်အတွက် ရပ်ဆိုင်းထားသည်။ ”အဲဒီမှာ ဥပဒေနဲ့မညီဘဲ လုပ်နေတာတွေရှိနေတယ်။ ဒါတွေကို စိစစ်ပြီးအရေးယူသွားမယ်။ အရေးမယူရင် အခြေအနေပိုဆိုးသွားလိမ့်မယ်”ဟု ဦးကမ်ဇာမုံက ပြောသည်။

အဆိုပါ ခန္တီးကျောက်မျက် ရတနာမြေအတွင်း ဖြစ်ပွားနေ သော ရေမဆေးလုပ်သားများနှင့် ကုမ္ပဏီအကြား ပဋိပက္ခများကို စုံးစမ်းစစ်ဆေးရန်အတွက် ကော်မ ရှင် တစ်ရပ်ကို ယခုလ ၁ ရက်နေ့ တွင် စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့က ဖွဲ့စည်းခဲ့သည်။ ယင်းအပြင် ခန္တီး ကျောက်မျက်ရတနာမြေအတွင်း စွန့်ပစ်မြေစာပုံများ စွန့်ပစ်ရမည့် နေ ရာကို သတ်မှတ်ပေးသွားမည်ဖြစ် ပြီးရေမဆေးကျောက် ရှာဖွေသူ များအတွက်လည်း စည်းကမ်းချက် များ သတ်မှတ်ပေးသွားမည်ဟု စစ် ကိုင်းတိုင်းအစိုးရအဖွဲ့က ဆိုသည်။ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ မော်လိုက်၊ ကန့်ဘလူနှင့် ဝန်သိုမြို့ နယ်တို့မှ တရားမဝင်တူးဖော်နေကြသည့် သတ္တုတူးဖော်ရေးလုပ် ငန်းများကိုလည်း အရေးယူဆောင် ရွက်ရန်အတွက် တိုင်းအစိုးရအဖွဲ့က ယာယီပိတ်သိမ်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*