လင်းတမမိ ဒေါင်းမိရသည့် အကြောင်း

လင်းတမမိ ဒေါင်းမိရသည့် အကြောင်း
May 19, 2017 Asian Fame

2:12 pm
လင်းတမမိ ဒေါင်းမိရသည့် အကြောင်း

Myint-Than-Articleရေတိမ်ကန်ကျောင်းက ဘုန်း ကြီး ပျံလွန်တော်မူ သွားကတည်းက ကျောင်းထိုင်မယ့်သူ မရှိဘူး ဖြစ် နေတယ်။ ကျောင်းထိုင် ကိုယ်တော် ကလေး ပျံလွန်ပြီး သူ့မယ်တော်ပါ ကွယ်လွန် သွားတော့ ဟိုပြောဒီ ပြော ပြောကြရင်းက ကျောင်းမှာ ကျောင်းထိုင်မယ့် ကိုယ်တော် ရှာ လို့ မရတော့ဘူး။ ရေတိမ်ကန်ဘက် က လူတွေ ခုဆို ဒီဘက် ကျောင်းကို လာတဲ့အခါတိုင်း ဆရာတော်ကြီး ကို သူတို့ ကျောင်း မှာ ကျောင်းထိုင် မယ့် ဘုန်းကြီးရှာပေးဖို့ အပူကပ် ကြတယ်။ ရေတိမ်ကန် နဲ့နီးတဲ့ တာ လမ်းပေါ်က ကုန်စုံဆိုင်ပိုင်ရှင် ထောင်ကဲကြီး ဦးအကွေး ကများ ဆိုရင် ”ကျောင်းထိုင်မယ့် ဘုန်း ကြီးမရရင် ကိုယ်တော့် တိုက်အုပ် ဘုန်းကြီးကို တပည့်တော် ခိုးပြေးရ လိမ့်မယ်” လို့ ရယ်သလို နောက် သလိုနဲ့ ပြောလေ့ရှိတယ်။ ခက်လာ တာတစ်ခုက ဒီနှစ်က ရေတိမ်ကန် ဘုရားပွဲနှစ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ရေတိမ်ကန် ဘုရားပွဲက နှစ်နှစ်မှ တစ်ခါ လုပ်ကြတာ။ ဒီ တော့ ဘုန်းကြီးက ဒီအရပ်မှာ ငါရှိရက်နဲ့ ရေတိမ် ကန် ကျောင်း မှာ ကျောင်းထိုင်ဖို့ ဘုန်းကြီး ရှာမရလို့ ဘုရားပွဲ မဖြစ်ရင် မကောင်းလှ ဘူးလို့ တွေးမိတယ်။ ဒီတော့ ဘုန်း ကြီးက သူ့တိုက်အုပ်နဲ့ ညစဉ်လို သူတို့ ကျောင်းထွက်တွေ၊ ငယ် တပည့်တွေစာရင်း ပြန်စဉ်းစားရ တယ်။ စဉ်းစားရသမျှကလေး ဆက် သွယ်ကြည့်တော့ စာချလုပ်နေတဲ့ ကိုယ်တော်တွေက များနေလို့ စာ သင်သားတွေကိုပစ်ပြီး လာလို့မဖြစ် နိုင်ကြဘူး။ နောက်ဆုံး ဘုန်းကြီး ကပဲ ကိုယ်တော်ကလေးတစ်ပါးကို သတိရလိုက်မိတယ်။ ”မောင်ဥာဏ်၊ မောင်အဂ္ဂရှာစမ်း။ မနှစ်က ဒီဝင်လာတုန်း တစ်နှစ်၊ နှစ်နှစ် စာလောက် စာချတာ နားဦးမယ်လို့ ငါ့ကိုလျှောက်ဖူးတယ်။ သူနဲ့ဆို အ တော်ပဲ။ သူလည်း နားနားနေနေ ဖြစ်ရတာပေါ့” လို့ဆိုလိုက်တယ်။

ဒီတော့ တိုက်အုပ်က ”အရှင် ဘုရား၊ ဦးအဂ္ဂနဲ့ ဖြစ်ပါ့မလား။ သူ က အတော် မြို့ဆန်တယ်”လို့ တစ် ခွန်း ပြန်ပြော လိုက်မိတယ်။ ”မြို့ နေတော့ မြို့ဆန်သပေါ့ကွာ။ မြို့ လို တွေးရသပေါ့ကွာ။ မင်းလည်း မြို့မှာ ကျောင်း သွားထိုင်ရင် မြို့ ဆန်သွားမှာပေါ့”  လို့ပြောရင်း ပြုံး တယ်။ တိုက်အုပ်လည်း ဘုန်းကြီး  လေး ဦးအဂ္ဂနဲ့ ရအောင်ဆက်သွယ် ရင်း အဆုံးမှာတော့ ဦးအဂ္ဂကို ရေ တိမ်ကန်ကျောင်းမှာကျောင်းထိုင် ဖြစ်အောင် တိုက်တွန်းနိုင်ခဲ့တာ ပေါ့။ ဘုန်းကြီးလေး ဦးအဂ္ဂကတော့ ဆရာတော်ကြီး နဲ့ တိုက်အုပ်ကို ခပ်ရှင်းရှင်း လျှောက်ထားတယ်။      ”တပည့်တော် ဘုရားပွဲပြီးတဲ့အထိ တော့ ကြိုးစားနေပါ့မယ်ဘုရား” လို့ လျှောက်ထားတယ်။

”တို့လည်း နီးနီးနားနား ရှိ သားပဲကွာ။ မင်းလိုတာသာပြော” လို့ ဆရာတော်ကြီးနဲ့ တိုက်အုပ်က ကိုယ်တော် ကလေးကို အားပေးကြ ရှာတယ်။ ဒီလိုနဲ့ပဲ ရေတိမ်ကန် ကျောင်းမှာ ဘုန်းကြီးကလေး ကျောင်းထိုင် ဖြစ်သွားတယ်။ ကိုယ်တော်ကလေးနဲ့ အတော် သပ္ပာယ ဖြစ် တယ်ပြောရမယ်။ ကိုယ်တော်ကလေး ရောက်လာ ကတည်းက ဧည့်ကို ပြတ်တယ် မရှိသလောက်ပဲ။ ဆွမ်းကွမ်းက လိုလေသေး မရှိဘူး။ ကိုယ်တော် ကလေး ကြွလေရာပါတဲ့ ရေဒီယို ကလေး ကလည်း တယ်ပြီး ဆွဲ ဆောင်နိုင်တာကိုး။ ညနေဆို ဘုန်း ကြီး ဦးအဂ္ဂက ခုနစ်နာရီ နိုင်ငံ ခြားသတင်း၊ ရှစ်နာရီ ပြည်တွင်း သတင်း နားထောင်လေ့ရှိတယ်။ အဲဒါတွေပြီးရင် ရေဒီယို ကလေးကို ကျောင်းအောက် ချပေးတော့ ရေ တိမ်ကန်က လူတွေ ဇာတ်သဘင် ဖျော်ဖြေခန်းတို့၊ ဘာတို့ နား ထောင်ရသပေါ့။ ခုလို ရေတိမ်ကန် ကျောင်းမှာ စည်စည်ကားကားဖြစ် လာတော့ ထောင်ကဲကြီး ဦးအကွေး ဟာ သဘောကျလွန်းလို့ ဘုန်းကြီး လေး ရေဒီယို မှာသုံးဖို့ အဲဗာရဲဒီ လေးလုံးတောင် လှူတယ်။

ဒီဘက်ကျောင်းက တိုက်အုပ် ဦးဥာဏိန္ဒ ပြောသလို ဘုန်းကြီး လေး ဦးအဂ္ဂက မြို့ဆန်တယ် ဆို တာကတော့ လည်း ဖြစ်နိုင် တယ်။ ရေတိမ်ကန်ဘက်က လူတွေ တဖြည်းဖြည်း ရိပ်မိလာတယ်။ ပြာ သိုမှာ လုပ်မယ့် ရေတိမ်ကန်ဘုရား ပွဲ အတွက် ပထမဝါဆို မတိုင်ခင် ကတည်းက ဘုန်းကြီးကျောင်း အောက်မှာ ညဘက် အစည်းအဝေး လုပ်ကြတယ်။ နောက်တော့ နှစ် ပတ်တစ်ခါ စနေနေ့ ညတိုင်း အ စည်းအဝေး လုပ်ကြတယ်။ အဲဒီအ ခါ ပင်စင်စား ဆရာကြီး ဦးလှမောင် က ဘုန်းကြီးလေးနား ထိုင်ပြီး ပြော တာဆိုတာတွေ လိုက်မှတ်ရတယ်။ ဦးလှမောင်ကြီးကို ဘုန်းကြီးကလေး က အဲဒီတာဝန် ပေးထားတာကိုး။ အစတော့ ဦးလှမောင်ကြီး ဘုန်း ကြီးကလေးနား ထိုင်ပြီး မြောက်ကြွ မြောက်ကြွရယ်။ အတော်ကလေး ကြာလာတော့ သိပ်သဘောကျပုံ မပေါ်တော့ဘူး။ ဒီတော့ ဖင်နာ၊ ခေါင်းကိုက်စတာတွေ အကြောင်း ပြပြီး ရှောင်တော့တာပဲ။ ဘယ် ဒီလိုရမှာတုံး။ ဘုန်းကြီးကလေးက လူ လွှတ်အခေါ်ခိုင်းပြီး ဦးလှမောင် ကြီး ရောက်တာနဲ့ ”ပြောစမ်း၊ ခင် ဗျားရောဂါ၊ ဟောဒါက ကိုဒါနင်၊ ဟောဒါက ဘတ်စ်ပရို၊ ဟောဒါ က နှာစေးချောင်း ဆိုးကောင်းတဲ့ ဘာမီ တုံ၊ ကိုင်း…ဘာဖြစ်သတုံး၊ ပြော စမ်း” လို့ ပြောတာနဲ့ ဦးလှမောင် ကြီးလည်း ဘုန်းကြီး ကလေး ဆေး ပုလင်းတွေ ကြည့်ပြီး တစ်ချီတည်း အနာမျိုး ကိုးဆယ့်ခြောက်ပါး ပျောက်တော့တာ။

အရင်ကဆို ရေတိမ်ကန် ဘုရားပွဲလုပ်ဖို့ ဝါကျွတ်မှပဲ တစ်ခါ လောက် စုပြီး ပြောဆိုကြရတာ။ ဘုရားပွဲကြီး ကို ဘုန်းကြီးတွေက ဦးစီးကြပ်မတ် ရတာဆိုတော့ များ သောအားဖြင့် ဒီတစ်ကြောက ဘုန်း ကြီးတွေ စုတဲ့ ပဝါရဏာ ပြီးရင် အရပ်က လူတွေနဲ့ ပြောကြဆိုကြ တာ။ ခုတော့ ဘုန်းကြီးကလေးက  နှစ်ပတ်တစ်ခါ အစည်းအဝေးလုပ် ပြီး အစည်းအဝေး တိုင်းမှာ ဘယ် သူက ဘာတွေ လုပ်နေတယ်၊ ဘာ တွေတော့ လုပ်ပြီးပြီ စတာတွေ ပြောရတယ်။ ဦးလှမောင်ကြီး က တော့ ထိုင်ပြီးမှတ်ရတယ်။ ဒီ လောက်နဲ့ ဘယ်ပြီးမှာတုံး။ နောက် တစ်နေ့ ဘုန်းကြီးလေး ထုတ်ပေး တဲ့ စက္ကူ ဖြူဖြူပေါ်မှာ ဖောင်တိန် နဲ့ အချော ပြန်ရေးရတယ်။ ပြီးမှ ဘုန်းကြီးကလေးက ဖတ်ကြည့်ပြီး စာရွက်ထောင့်မှာ တံဆိပ်တုံးနှိပ် တယ်။ တံဆိပ်တုံးနှိပ်တယ်ဆိုတာ က ဒီလို…။ ဘုန်းကြီးကလေး မှာ သူ့ဘွဲ့တံဆိပ် ရော်ဘာတုံး ရှိ တယ်။ အဲဒီ တံဆိပ်တုံးကို အစည်း အဝေးအကြောင်း ဦးလှမောင်ကြီး ရေးတဲ့ စာရွက် ထိပ်ထောင့်မှာ ရိုက် တယ်။ ပြီးမှ ရက်စွဲတပ်၊ လက်မှတ် ထိုးတယ်။ ဦးလှမောင်တို့၊ ထောင် ကဲကြီး ဦးအကွေးတို့လည်း ထိုးရ တယ်။ ဒီဘက်ကျောင်းက ဆရာ တော်ကြီးတို့၊ တိုက်အုပ်တို့ စကား စပ်မိတဲ့အခါ ထောင်ကဲကြီးက ”သောက်ကျိုးနည်း စနစ်ကျတဲ့ ကိုယ်တော်”လို့ မှတ်ချက်ချတယ်။

အဖိတ်နေ့၊ ဥပုသ်နေ့တွေမှာ ရေတိမ်ကန် ကျောင်းလာတဲ့ သူ တွေ၊ ဘာတွေက နဝကမ္မပြုဖို့ ဝတ္ထုလေး၊ ဘာလေး လှူတဲ့အခါ ဘုန်းကြီးလေးက စာရင်းနဲ့ အသေ အချာမှတ်ပြီး ကျောင်းနဲ့ ဘုရား အတွက် ပစ္စည်းဝယ်တယ်။ ကြည့် လေ…ခုဆို ဘုရားဝင်း စည်းရိုး က အစိမ်းရောင်သုတ်ထားတယ်။  အရင်ကတော့ တစ်သက်လုံး ကား ထောင်ဆရာကိုမြ အလကား ပေး တဲ့ အင်ဂျင်ဝိုင် အဟောင်း နဲ့ ရေနံ ချေး ရောသုတ်နေတာ။ ခုတော့ အစိမ်းရောင် ဖြစ်ကုန်ပြီ။ ကျောင်း ခပ်လှမ်းလှမ်းက ဖုန်းမြေလည်း ညှိလိုက်ပြီး ကျောင်းသားတွေ ကို ဘောလုံး အကန်ခိုင်းတယ်။ အရင် ကတော့ ကျောင်းနောက်နားက သစ်ပင်အုပ်   ခြင်းခတ် နေကြတဲ့ ကောင်တွေ အခု ညနေ တိုင်း ဘောလုံးကန်နေကြတယ်။ ဘောလုံးကို ဘုန်းကြီးကလေး ကိုယ်တိုင် မြို့သွားတုန်း ဝယ်လာ တာဆိုတော့ ဘယ်သူကမှ မပြောရဲ ကြဘူး။ ဒါ တောင် ဦးလှမောင်ကြီး က မနေနိုင် မထိုင်နိုင် ”သူတို့ဘာ သာ သူတို့ ခြင်းခတ်နေတာ အ ကောင်းသား ကိုယ်တော်ရာ” လို့ ပြောမိလို့ ”ကောင်းတော့ ကောင်း သပေါ့ဗျာ၊ လူဆိုတာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်ကြလေ အောင် …” အစချီပြီး ဘုန်းကြီး လေး က နှစ်နာရီသာသာလောက် ကြာအောင် ဦးလှမောင်ကြီးကိုပြန် ရှင်းပြလိုက်လို့ ဦးလှမောင်ကြီး လည်း အဲဒီညက ကံကောင်းလို့ ညစာ မလွတ်တယ်။ အဲဒီကစလို့ ဦးလှမောင်ကြီးလည်း သိပ်လျှာ မရှည်ရဲတော့ဘူး။

တစ်နေ့တော့ ဘုန်းကြီးလေး က အမှတ်မထင် ပြက္ခဒိန် ကြည့်ရင်း ဘုရားပွဲလုပ်မယ့်နေ့က လကွယ် နေ့ဖြစ်နေတာ တွေ့လိုက်ရတယ်။ အဲဒီတော့ ချက်ချင်း ကျောင်းဆရာ ဦးလှမောင်ကို အခေါ်လွှတ်ပြီးမေး ရတော့တာပေါ့။ ဦးလှမောင်ကြီးက ဘုရားပွဲရက် ကတော့ အမှန်ပဲ။ ဒီ လိုပွဲလုပ်လာတာကလည်း အစဉ် အလာပဲလို့ ပြောဆိုရှင်းပြပေတဲ့ ဘုန်းကြီးကလေးက သိပ်မကျေနပ် ဘူး။ ဦးလှမောင်ခမျာ ကြားဖူးနားဝ ပါးစပ်ရာဇဝင်တွေ၊ ဘာတွေကို ကိုးကားပြောပေတဲ့ ဘုန်းကြီး ကလေးက သိပ်မကျေနပ်ဘူး။ ဒီ တော့ ဦးဥာဏိန္ဒတို့ ဆရာတပည့်  ရှိရာကျောင်းကို သွားပြီးလျှောက် တယ်။ ဆရာတော်ကြီးရော၊ တိုက် အုပ်ကပါ ရေတိမ်ကန် ဘုရားပွဲက လမိုက်ညမှသာ လုပ်လေ့ရှိကြောင်း ရှင်းပြပြီး အစဉ်အလာ ဖြစ်နေလို့ ဘုရားပွဲရက်ကိုတော့ ပြောင်းလို့ မဖြစ်ဘူးဆိုတာ အတော်ရှင်းလိုက် ရတယ်။ ဘုန်းကြီးလေးကတော့ သိပ် မကျေနပ်ဘူး။ ဒါကြောင့် ပြန်ခါနီး ဝတ်ဖြည့်ရင်း ”တပည့် တော် တစ်မျိုး တစ်မည် စဉ်းစား ကြည့်ပါဦးမယ် ဘုရား” လို့ ဆရာ တော်ကြီးနဲ့ တိုက်အုပ်ကို လျှောက် ထားလိုက်တယ်။

အဲဒီကစလို့ ဘုန်းကြီးလေး ဦး အဂ္ဂဟာ ရေတိမ်ကန် ဘုရားပွဲ အကြောင်း တတ်နိုင်သမျှ စုံစမ်း တယ်။ ပါးစပ်ရာဇဝင် အရတော့ မင်းသားကြီး ဘယ်သူဆိုလား အိမ်ရှေ့ကိုယ်တော်ကလေး ဘယ် သူဆိုလား၊ သူက ဒီ ရေတိမ်ကန် ဘုရားနား လမိုက်ညတွေမှာ လာ လာပြီး သူ့တပည့်တွေနဲ့အတူ ဓား ရေးလေ့ကျင့်တယ် ဆိုပဲ။ အဲဒီအစွဲ နဲ့ ဘုရားပွဲကို လမိုက်ညတွေမှာ လုပ်ကြသတဲ့။ ဒါကြောင့် လည်း ရေတိမ်ကန် ဘုရားပွဲမှာ ခဲလံ ကျည်တောက် ကစားဖို့ ရောင်းတာ မဟုတ်ဘူးတဲ့။ တချို့ ခဲလံ ကျည် တောက် သည်တွေ ရောင်း တာမျိုး ဆို အထဲမှာ ကောက်ညှင်းက ဆိတ် စာလေးတောင် မပါဘူးတဲ့။ ရိုက်ဖို့ ရိုက်လို့ ကောင်းအောင် လုပ်ထား တာကိုး။ ရွာလယ် ရပ်က မမယ်ညွန့် ကြီးကတော့ ခုလိုပြောင်ပြောင်ပဲ ပြောတယ်။ ”ဘုန်းကြီးကို လျှောက် ရမှာ သိပ်မကောင်းဘူး။ ဘုန်းကြီး က ပြောဆို လို့သာပြောရတာ။ ကျုပ် တို့ ဘုရားပွဲကြီး စည်ဆို အရပ်ရပ် က အပျိုတွေ၊ တစ်ခုလပ်တွေ အ ကုန်လာကြတာကလား။ ဘုရားပွဲ လမိုက် ရက် ဆိုတော့ ကာလသား တွေကလည်း ပေါသကိုး။ အဲဒီမှာ ကောင်မတွေက ဖင်အဆိတ် ခံရ တောပေါ့။ အဲဒါကိုက အစဉ်အလာ တစ်ခု ဆိုတော့ တချို့များ ခရီးတစ် သောင်းလောက်က လာကြတာ” တဲ့။

ဒီကစလို့ ဘုန်းကြီးလေးက အချိန်ရသရွေ့ စဉ်းစားနေ တော့ တာပဲ။ ”ဒီကိစ္စဟာ တယ်နေရာ မကျဘူး။ ဘာအစဉ်အလာကြီးပဲ ပြောပြော ငါဦးစီးတဲ့ ဘုရားပွဲမှာ ဒါမျိုးတွေ မရှိစေရဘူး။ ဒီတော့ ဘယ်လိုလုပ်ရမလဲ” ဆိုတာ ခေါင်း ထဲမှာ အမြဲရှိနေတယ်။ အဲဒီလိုအမြဲ စဉ်းစားနေတော့ လည်း ပြဿနာ ရှင်းရန် နည်းပေါ်လာတော့တာပဲ။ ”အဓိကဟာ လမိုက်ရက်မှာ ဆိုတော့ မှောင်လို့ ဖြစ်တာ။ မမှောင်အောင် ဘယ်လိုလုပ်မလဲ။ လင်းအောင် လသာရက်ကို ပြောင်းလို့တော့ မဖြစ် ဘူး။ ဘယ်သူကမှ လက်ခံမှာ မဟုတ် ဘူး၊  လူတိုင်းလည်း လင်းလင်းကျင်းကျင်း နဲ့ ပိုလာကြ မယ်” ဘုန်းကြီးလေးက အဲဒီလို တွေးတာကိုး။ အဲဒါ အဖြေပဲ။

ခက်တာက မီးစက်ကိစ္စ။ မီး  စက်က ငှားမယ့်သူ မရှိဘူး။ ဝယ်မှ ရမယ်။ ဘုရားဝင်း တစ်ခုလုံး လင်း ဖို့ စက်က စက်ကြီးလိုတယ်။ ဘုန်း ကြီးလေးကိုယ်တိုင် မြို့တက်ပြီး ကြည့်ပြီးပြီ။ မီးစက်ရောင်းတဲ့ အာ ဇစ်မောင်မြကတော့ စက်ရော မီး  မီးကြိုး၊ မီးလုံးပါ ခုနစ်ရာ့ငါးဆယ်
ကျမယ်တဲ့။ ဘုန်းကြီးလေးကို ရိုသေ သမှုမို့ ခြောက်ရာ့ငါးဆယ် နဲ့ ပေး မယ်ဆိုရုံမကဘူး။ သူကိုယ်တိုင် မီးလိုက် ဆင်ပေးဦးမတဲ့။ ဒါတင် မကဘူး။ ကိုယ်တော်လေး ဆွမ်း စားချိန်နီးနေလို့ဆိုပြီး သူ့ဆိုင်နားက မွတ်စတာဖာကြီးဆိုင်မှာ ဒံပေါက် တောင် ကပ်လိုက်သေးတယ်။ ဒီ တော့ ဘုန်းကြီးလေး အဖို့ ငွေ ခြောက်ရာ့ငါးဆယ်ပဲရှိဖို့ လိုတော့ တယ်။ ကျောင်းမှာရှိတဲ့ ဝတ္ထု၊ ဘုရားပွဲကြီးအတွက် အားလုံးလှူ ကြတန်းကြမယ့် ငွေအားလုံးတွက် လိုက်တော့ နှစ်ရာ့ငါးဆယ်သာသာ ပဲရှိတယ်။ သူ့ဆရာ ဘုန်းကြှီးကြီး တွေနဲ့ တိုင်ပင်တော့လည်း ဒီကိစ္စ က သူတို့တတ်နိုင်တဲ့ ကိစ္စမှ မဟုတ် ဘဲ။ ဒါပေတဲ့ ဖြစ်များဖြစ်ချင်တော့ ကံစပ်တယ်ပဲ ခေါ်မလား၊ ပစ္စည်း စပ်တယ်ပဲ ခေါ်မလား မသိဘူး။ သီတင်းကျွတ်လမှာဖွင့်တဲ့ အောင် ဘာလေမှာ ထောင်ကဲကြီး ဦးအ ကွေးဟာ နှစ်သောင်းဆုပေါက်တယ်။ ဒီတင် အကုန် အဆင်ချောသွား တော့တာပဲ။

ဒီလိုနဲ့ ထောင်ကဲကြီးဦးအကွေး လည်း မီးစက် ဒကာဖြစ်သွားတယ်။ ဒီလိုဆိုပြန်တော့လည်း ရေတိမ် ကန်ကျောင်းမှာ ဘုရားပွဲအတွက် ရန်ပုံငွေက နှစ်ရာ့ငါးဆယ် သာသာ၊ သုံးရာလောက် ပိုနေပြန် တယ်။ ဘုန်းကြီးလေး ဦးအဂ္ဂက တော့ ဒီနှစ် ဘုရားပွဲကြီးကို အဆင့် မြင့်မြင့် လုပ်မယ်လို့ စိတ်ကူးရှိတော့ ခါတိုင်းလို ဘုရားပွဲဖွင့်တဲ့ မနက်၊ ဒီအနီးအနားက ကိုယ်တော်တွေကို ဆွမ်းကပ်၊ အရပ်က လူတွေကို ထမင်းကျွေးရာမှာ ကြက်သားဆီ ပြန်နဲ့ ငရုတ်သီးထောင်း မကျွေး တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အရပ်က လူတွေ ချက်ရပြုတ်ရနဲ့ တာဝန် မများကြရအောင်ပေါ့။ ဒီ တော့ မြို့က မွတ်စတာဖာကြီးကို ဒံပေါက် ချက်ခိုင်းပြီး ကိုယ်တော် တွေကို ဒံပေါက်ကပ်၊ အရပ်ကလူ တွေကို တစ်အိမ် ဒံပေါက် နှစ်ထုပ် တန်သည် အပို့ခိုင်းမယ်။ ဒီအစီအ စဉ်၊ ဒီစိတ်ကူးကလည်း တကယ် တော့ ကောင်းတာပဲ။

ဘုရားပွဲနေ့မှာတော့ ဘုန်းကြီး ရဲ့ စိတ်ကူးတွေ အကုန်အကောင် အထည် ပေါ်တယ်။ ဒံပေါက်မစား ဖူးတဲ့သူလည်း ဒံပေါက် စားဖူးသွား ကြတယ်။ ဘုရားပွဲလုပ်တိုင်း ချက် ပြုတ်နေကျ အဖွဲ့သူ အဖွဲ့သားတွေ သာ လုပ်နေကျအတိုင်း လုပ်စရာ မရှိတော့လို့ ဘာလုပ်ကြရမှန်း မသိ ဖြစ်နေကြတယ်။ ညဘက် ရောက် တော့လည်း ဘုရားပွဲလုပ်တဲ့ ဝင်းကြီး က မီးထိန်ထိန်သာကိုး။ စောစော ပိုင်းတော့ မီးထိန်ထိန် သာတာကိုပဲ အထူးအဆန်း ဖြစ် လာကြည့်ရင်း ပွဲဈေးလျှောက်တဲ့ သူတွေ ရှိတယ်။ မိုးချုပ်ပိုင်းမှာ လူမရှိတော့ဘူး။ ခဲ လံကျည်တောက်သည်တွေ မရောင်း ရဘူး။ မီးလင်းလင်းကြီး အောက် မှာဆိုတော့ ကာလသားတွေလည်း မရိုက်ရဲကြဘူး။ အပျိုတွေလည်း ဖင်အဆိတ် မခံကြရဘူး။ မြို့က ပွဲ ကြပ်ဖို့လာတဲ့ ပုလိပ်သားကလေး နှစ်ယောက်လည်း ဘုရားပွဲမှာ ဘာမှ ထွေလီကာလီ မဖြစ်တော့ စောစော ပြန်သွားကြတယ်။ အရင် ကဆို တစ်ညလုံးလိုလို ရေတိမ် ကန် ဘုရားကြီးကျောင်း အောက် ထပ်မှာ အရပ်ထဲက လူကြီးတွေ အလှည့်ကျပွဲကြပ်ရင်း၊ ရေနွေး သောက်ရင်း တဟားဟားနဲ့ နေကြ တာ။ ခုတော့ တိတ်လို့။ မီးကြီးထိန် ထိန်လင်းနေတော့ ဘာမှအကြောင်း ကြီးငယ် ရှိမှာ မဟုတ်ဘူးလို့ တွက် ပြီး ကိုယ့်အိမ်ကိုယ် ပြန်အိပ်ကြတာ ပေါ့။

ဘုန်းကြီးလေး ဦးအဂ္ဂတစ်ပါးပဲ ကျောင်းအထက်ထပ်ကနေ ပွဲခင်း ကို လှမ်းလှမ်းကြည့်နေတယ်။ လမိုက်ညမှာ ထိန်ထိန်လင်းနေတဲ့ ပွဲခင်းကြီး။ ဒီတော့လည်း ဦးလှ မောင်ကြီး ပြောလေ့ရှိတဲ့ ရေတိမ် ကန် ဘုရားပွဲဟာ လမိုက်ညမှာလုပ် တာ အကြောင်း ရှိပါတယ်ဘုရား ဆိုတဲ့စကားကို ဘုန်းကြီးလေး နား ထဲမှာ ကြားလို့သာ နေတော့တယ်။ ဘုရားပွဲကြီး ပြီးလို့ တစ်ပတ်လောက် ကြာတော့ ဘုန်းကြီးလေး လည်း ဆရာတော်ကြီးနဲ့ တိုက်အုပ်ကို သွားတွေ့ပြီး အတော်ကြာကြာ စကားပြောတယ်။ အဆုံးမှာတော့ ကိုယ်တော်လေးလည်း ခွင့်ပန်ပြီး မြို့ကိုပြန်ကြွ သွားတော့တယ်။ ဘာ တွေ အသေးစိတ် ပြောကြမှန်းတော့ မသိဘူး။ ခပ်လှမ်းလှမ်းက ကြား လိုက် ရတဲ့ ကျောင်း သားတစ် ယောက်အပြောကတော့ ဘုန်းကြီး လေးထပြီး ကြွခါနီးမှာ ”စေတနာ သာအဓိကပါ မောင်အဂ္ဂ၊ စေတ နာသာ အဓိကပါ”လို့ ဆရာတော် ကြီးက ပြောသံကြား လိုက်ရတယ် ဆိုတာပဲ။

ခုတော့ ရေတိမ်ကန်ကျောင်း မှာ မီးစက်ကြီးတစ်လုံး အဖတ်တင် ကျန်ခဲ့တယ်။ ဘုန်းကြီးလေးက ဘုရားပွဲ ဖြစ်မြောက်ရေး အစည်း အဝေးမှတ်တမ်းတွေကို သူကျိန်း တဲ့အနားက စာအုပ်စင်ပေါ်မှာပဲ ထားခဲ့တယ်။ ဒီတော့လည်း နောက် ပိုင်းမှာများ ရေတိမ်ကန်ကျောင်း လာထိုင်တဲ့ ကိုယ်တော်လေးတွေ ဘုရားပွဲလုပ်မယ်ဆိုရင် အဲဒီမှတ် တမ်းတွေက အတော့်ကိုအထောက် အကူပေးလိမ့်မယ်ထင်တယ်။

မြင့်သန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*