နေရာသစ်ဆီ ပြောင်းရွှေ့ရတော့မည့် အဟောင်းတန်းက ဈေးသည်များ

နေရာသစ်ဆီ ပြောင်းရွှေ့ရတော့မည့် အဟောင်းတန်းက ဈေးသည်များ
May 18, 2017 Asian Fame

4:24 pm
နေရာသစ်ဆီ ပြောင်းရွှေ့ရတော့မည့် အဟောင်းတန်းက ဈေးသည်များ

ရန်ကုန်၊ မေ ၁၈

တိုင်းလွှတ်တော်ကိုယ်စားလှယ်၏ တောင်းဆိုမှုအရ ရန်ကုန်စည်ပင်သည် ရန်ကုန်မြို့လည်ခေါင်တွင် ရှိသည့် အများအခေါ် ဘိန်းစားတန်း တနည်းအားဖြင့် အဟောင်းတန်းက ဈေးသည်များကို ကမ်းနားလမ်းက ညဈေးတန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခိုင်းထားသည်။
ပန်းဘဲတန်း မဲဆန္ဒနယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦး က ယခုလကုန် တွင် ဈေးသည်များကို စတင်ပြောင်းရွှေ့သွားမည်ဟု ပြောသည်။

ယင်းဈေးသည်များသည် ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဖော်ဆောင်ခဲ့သည့် ညဈေးတန်း အစ ပန်းဆိုးတန်းနှင့်ကမ်းနားလမ်းထောင့် နေရာမှ ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့် နေရာအထိ ရောင်းချကြမည်ဟု သူကပြောသည်။ အနည်းဆုံး သက်တမ်း ၂၀ကျော် အသာလေးရှိသည့် အဟောင်းတန်းကို စာရေးဆရာ မြင့်သူ က ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အထုပတ္တိစာအုပ် အခန်း(၃)တွင်နိုင်ငံတကာအဆင့် လေ့ကျင့်ရေးစက်တီထွင်မှုအတွက် အီလက်ထရွတ်နစ်ပစ္စည်းအတိုအစများ ပင် ရှာဖွေဝယ်ယူနိုင်သည် ဟု ဆိုထားသည်။

LH၊WS၊TH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*