သစ်ခုတ်သမား၏ ဥပေက္ခာပုံပြင်

သစ်ခုတ်သမား၏ ဥပေက္ခာပုံပြင်
May 18, 2017 Asian Fame

5:29 pm
သစ်ခုတ်သမား၏ ဥပေက္ခာပုံပြင်

Kyue-Hnis၂ဝ ရာစု အစောပိုင်း ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားနေသည့်ကာလ။ နေရာက အရှေ့အလယ်ပိုင်း ဒေသ၊ အာရေဗျ သဲကန္တာရ၏ အတွင်း ပိုင်း ကျကျ၊ သဲလွင်ပြင်ကြီး တစ်နေ ရာ…။ ကန္တာရ ခရီးသွားနှစ်ဦး ကုလားအုတ် ကိုယ်စီဖြင့် နေပူကျဲ ကျဲအောက်မှာ ခရီးနှင်နေကြ၏။ သဲကန္တာရထဲမှ ကုန်းမြေတစ်နေ ရာအရောက်မှာ ရေချိုတွင်း တစ် တွင်းကို တွေ့ကြသည်။ ခရီးသည် နှစ်ဦး အနက် တစ်ဦးမှာ ဗြိတိသျှ တပ်မတော်အရာရှိ တီ၊ အီး၊ လော ရင့်။ သူ့အဖော်က အာရပ်လူမျိုး လမ်းပြ။

အာရပ်သည် ရေချိုတွင်းကို တွေ့လျှင် ရေသောက်ရန် ရေဘူး များကို ရေဖြည့်ရန် ရေတွင်း ဆီသို့ သွားသည်။ အသင့်ရှိနေသော သား ရေအိတ် ရေပုံးဖြင့် ရေခပ်ယူသည်။ ထိုစဉ်မှာပဲ..သဲကန္တာရ နေပူလွင် ပြင်တံလျှပ်များ ကြားမှ ကုလားအုတ် စီး အာရပ်တစ်ဦးပေါ်လာပြီး ရေခပ် နေသော အာရပ်ကို ရိုင်ဖယ်ဖြင့် ပစ်သတ်လိုက်သည်။ ဗြိတိသျှစစ် ဗိုလ် အံ့သြထိတ်လန့်သွားသည်။ အာရပ်ရိုင်ဖယ်သမားက သည်ရေ တွင်းကို သူတို့မျိုးနွယ်စုက ပိုင်ဆိုင် ကြောင်း၊ သူတို့ထံမှ ခွင့်ပြုချက်မရ ဘဲ ရေတွင်းမှ ရေခပ်သူကို သေ ဒဏ်အပြစ်ပေးနိုင်သည့် ကန္တာရ ဥပဒေသ ရှိနေကြောင်း အာရပ်ရိုင် ဖယ်သမားက ဗြိတိသျှ စစ်အရာရှိ ကို ရှင်းပြသည်။

မှန်သည်။ အာရေဗျသဲကန္တာ ရတွင် ရေသည် လူ့အသက်ထက် ပင်တန်ဖိုးကြီးမားပါသည်။ ရေရှား သောအရပ်မှ သံမဏိစည်းမျဉ်းကို အာရပ်တို့ တိကျစွာလိုက်နာခဲ့ကြ သည်။

စာရေးသူ လူ့ပြည်သို့မရောက် မီ၁၉၅ဝခုနှစ်က စာရေးသူ ၏ မိခင် သည် အညာဒေသရှိ ဆွေမျိုးသား ချင်းများထံ ရန်ကုန်မှ ထွက်ခွာခရီး သွားသည်။ ရန်ကုန်မှ ဓနုဖြူသို့ မော်တော်စီးရသည်။ ဓနုဖြူရောက် လျှင် အညာဆန်တွဲ သင်္ဘောကြီးကို ရက်ရှည်ကြာညောင်းစွာ စီး၍ ဧရာ ဝတီကို ဆန်တက်သည်။ ပခုက္ကူ ရောက်လျှင် သင်္ဘောမှဆင်း၍ ရေ စကြိုမြို့နယ် တစ်နေရာဆီသို့ နွား လှည်းဖြင့် ခရီးဆက်ရသည်။ လမ်း ခရီးတွင် အမောပြေ အပန်းပြေ သောက်သုံးရန် သောက်ရေအိုးစင် ဟူ၍မရှိ။ သို့သော် ထန်းတောများ ကတော့ လမ်းဘေးတွေမှာ ပြတ် တောင်း ပြတ်တောင်း ရှိနေကြ သည်။ ထန်း တောတစ်တောအနီးမှ ဖြတ်လျှင် ထန်းတောပိုင်ရှင်က တဲ ထဲမှ ထွက်လာပြီး ”အို…ခရီး သွား ညီအစ်ကိုမောင်နှမတို့ ရေ ငတ်ပြေအောင်သုံးဆောင်ဖို့  ထန်း ရည်ချိုအေးအေး ကလေးများ အ သင့်ရှိပါတယ်။ ရေငတ်ပြေ ဝင် ရောက် သုံးဆောင်သွားကြဖို့ ဖိတ် ခေါ်ပါတယ်”  ဟု လှိုက်လှဲပျူငှာ စွာ ဧည့်ဝတ်ပြုသည်။

”ရေရှားတဲ့အရပ်မို့ သောက် ရေမတိုက်နိုင်ရှာကြဘူး။ ထန်းရည် ချိုပဲ တိုက်ကြတယ်။ အဲသဟာ သူ တို့ အညာဓလေ့ပဲ” ဟု နောင်သော် မိခင်ကြီးက စာရေးသူကို ပြောပြ သည်။

စာရေးသူသည် ကံတရားပစ် ချရာအတိုင်း အလွန်ရေပေါသော စိမ့်ရေစမ်းရေ အလျှံပယ်ထွက် သော ရန်ကုန်ဟာမစ်တစ်အရပ် မှာ မွေးဖွားလူဖြစ်ခဲ့သည်။ အိမ် ရှေ့ရှိ လူတစ်ရပ်ခန့်သာ နက်သော ရေတွင်းမှာ ရေသားထုအပြည့် အ မြဲရှိသည်။

၁၉၅၉ ခုနှစ်တွင် ဗိုလ်ချုပ်နေ ဝင်း၏ အိမ်စောင့်အစိုးရက အ လျင်စလို ဖုတ်ပူမီးတိုက် မြို့သစ် သုံးမြို့တည်လိုက်သည်။ မြောက် ဥက္ကလာပမြို့၊ တောင်ဥက္ကလာပမြို့၊ သာကေတမြို့ဟူ၍ဖြစ်သည်။ စာ ရေးသူတို့ မိသားစုသည် ကံစီမံရာ အတိုင်း မြောက်ဥက္ကလာပမြို့သစ် (ဇ) ရပ်ကွက်တစ်နေရာမှာ မြေ ကွက်ရသည်။ ထိုစဉ်က မြောက်ဥက္က လာမြို့သစ်တွင် အစိုးရ ရေပိုက် လိုင်းများက အပြည့်အစုံ မသွယ် တန်းရသေးပါ။ လျှပ်စစ်ဓာတ်မီး တိုင်ကားနတ္ထိ။ စာရေးသူတို့မိသား စု သည် သောက်ရေတစ်ပုံးရရန် ၃ နာရီကြာမျှ ရေတိုင် (ဘုံပိုင်)မှာ တန်းစီကြရသည်။ ထိုရေဖြင့်ပင် ထမင်းဟင်းချက် ရသည်။ ချိုးရေ ကားဝေလာဝေး။ ရေချိုးလိုလျှင် မိုင်ဝက်ခန့်ဝေးသော ငမိုးရိပ် ချောင်းသို့ သွားကြရသည်။ ထိုဒုက္ခ ကို မခံစားနိုင်တော့သဖြင့် စာရေး သူ၏ ဖခင်သာ အိမ်စောင့်ကျန်ခဲ့ ပြီး ကျန်မိသားစုဝင်များ ရေအလျှံ ပယ်ပေါသည့် ဧရာဝတီတိုင်းထဲရှိ ဓနုဖြူခရိုင်အတွင်းမှ မိဘတို့ ဇာ တိရွာသို့ သွားနေရသည်။ ရေကို သောက်တန်သလောက် မသောက် ရသည့် ဒုက္ခ၊ သုံးတန်သလောက် မသုံးရသည့် ဒုက္ခတို့အကြောင်း ကိုယ်တွေ့ကြုံဖူးသူတိုင်း သိကြပါ လိမ့်မည်။ မြောက်ဥက္ကလာပတွင် အစိုးရပေးဝေသော ရေကို အားမ ကိုး၊ မမျှော်လင့်တော့ဘဲ ကိုယ်ထူ ကိုယ်ထ အဝီစိတွင်းများ တူးနိုင်ကြ သည့် အချိန်ရောက်မှပဲ ရေဒုက္ခ ကင်းဝေးသွားသည်။ သို့သော် ရေ ကိုဝယ်သုံးနေကြရသည်။ ငွေရှိ လျှင် ရေရှိမည်ဟူသော သဘော။

၁၉၆၂ ခုနှစ်တွင် စာရေးသူ  တို့မိသားစုသည် မင်္ဂလာဒုံ တပ်မြို့ ကုန်းမြေသို့ ပြောင်းရွှေ့နေထိုင်ခဲ့ ကြသည်။ နေအိမ်နှင့် မိုင်ဝက်ခန့် အကွာမှာ ရော်ဘာ (ကြက်ပေါင် စေး)ပင်တောကြီး ပိတ်ကျပ် မှိုင်း ညို့နေသည်။ ၁၉၇ဝ လောက်မှာ သက်ဆိုင်ရာ အာဏာပိုင်များ၏ အစီအစဉ်ဖြင့် ရော်ဘာတောကြီး ကို အပြောင်ရှင်းပစ်လိုက်သောအ ခါ စာရေးသူတို့ ရပ်ဝန်းတွင် ရာသီ ဥတု အပြောင်းအလဲတွေ ဖြစ်ကုန် တော့သည်။ ရာသီမရွေး ရေမပြတ် သော ရေတွင်းတွေ နွေရာသီမှာ ရေခန်းကုန်ကြသည်။ ခြင်တွေ၊ ကြမ်းပိုးတွေ ပေါများလာကြသည်။ ‘ဥတုရာသီ တောကိုမှီ၏’ ဆိုသော ဆောင်ပုဒ်မပေါ်မီကတည်းက စာ ရေးသူသည် သစ်တော၏သဘာဝ၊ ပယောဂသက်ရောက်ပုံကို Óဏ် မမီမကမ်းနှင့် နားလည်ခဲ့ရပါသည်။

၁၉၆ဝ လောက်တုန်းက မိဘ များ၏ ဇာတိရွာကို ၂ မိုင်အကွာ မှ လှမ်းကြည့်လျှင်မြင်နိုင်သည်။ အိမ် တွေကို မြင်ရခြင်းတော့မဟုတ်။ စိမ်းမြ ညိုမှောင်နေသော အုန်းပင် များကို တွေ့ရခြင်းဖြစ်သည်။ ရွာ သို့ အလည်အပတ် သွားလျှင် အုန်း ရည်ချိုသောက်၊ အုန်းသီးသားနုနု ကလေးတွေ (ဇွန်းခြစ်ဟုခေါ်ကြ သည်) စားရသည်မှာ ဘာနှင့်မှ မ လဲနိုင်သော စည်းစိမ် ဖြစ်သည်။ ၁၉၈ဝ လောက်ကျတော့ အုန်းပင် တွေ အလှပျက်ကုန်ကြသည်။

”အုန်းပင်တွေက မြေအောက် ရေကိုအရမ်းစုပ်ကြတယ်။ လေ ပြင်းကျတဲ့အခါ အုန်းပင်အိုကြီး တွေ ပြိုလဲပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ လူ့အသက် ပါသေတယ်။ ဒါကြောင့် အုန်းပင်အိုတွေကို မ ထားတော့ဘူး။ အုန်းပင်အသစ် လည်း ထပ်မစိုက်တော့ဘူး” ဟု ဆွေမျိုးတောသား တစ်ယောက်က စာရေးသူကို ရှင်းပြသည်။ ‘အုန်း တစ်ပင်လုံး အသုံးချနည်း’ စာအုပ် ကလေးကို ဖတ်ဖူးပုံမရသော ထို နလပိန်းတုံးကို ဘာမျှ ပြောမနေ တော့ပါ။ မြစ်ဝကျွန်းပေါ်ဒေသတွင် အုန်းပင် များကြောင့် မြေအောက် ရေ လျော့ပါး သွားသည်ဟူသော ထင်မြင်ချက် မျိုးမှာ အခြေအမြစ် မရှိပါ။ မည်သည့် အပင်မျိုးမဆို မြေဆီလွှာ ထိန်းသိမ်းသလို၊ မြေ အောက်ရေကိုလည်း ထိန်းသိမ်း ထားလေ့ရှိကြပါသည်။ သစ်ပင် ပန်းပင် စိမ်းစိမ်းစိုစို ရှိသော ကျေး ရွာမြို့ပြများတွင် များသောအား ဖြင့် ရေရှားပါးခန်းခြောက်ခြင်း မရှိ တတ်ပါ။

စာရေးသူသည် မိမိကြုံတွေ့ခဲ့ ရသော ရေဒုက္ခ၊ မိမိ လက်လှမ်းမီ သလောက် ရှာဖွေ ဆည်းပူးထားခဲ့ သော ရေဗဟုသုတတို့ကို အခြေပြု ကာ စာတိုပေစအချို့ ရေးသားခဲ့ဖူး သည်။ မိမိ၏ဘဝတွင် ရေရှားသော အရပ်၌ မနေဖြစ်အောင် ကြိုးစား မည်ဟု ဆုံးဖြတ်ထားပြီး ဘဝတစ် လျှောက်လုံးလိုလို ရေပေါရာအရပ် များမှာပဲ နေထိုင်လာခဲ့သည်။ လွန် ခဲ့သော ၁ဝ နှစ်ကျော်မှစ၍ စာရေး သူ နေထိုင်လာခဲ့သော ပထဝီဒေသ မှာ ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင်၊ တိုက်ကြီးမြို့နယ်ထဲမှာ ဖြစ်သည်။ တိုက်ကြီးမြို့နယ် အရှေ့အရပ်တွင်  တစ်ချိန်က ရှိခဲ့သည့် စိမ်းညို့ အုံ့ မှိုင်းသော ပဲခူးရိုးမတောင်ကြီးကို ယခုမတွေ့ရတော့ပါ။ ရိုးမတောင် ကြီးသည် သစ်ပင်ငယ်ကျိုးတိုးကျဲ တဲနှင့် တောင်ကတုံး (ခေါင်းတုံး) ကြီးဘဝသို့ ရောက်နေရှာသည်။ အူရောင် ငန်းဖျားရောဂါကြောင့် ဆံပင်တွေကျွတ်ထွက်ကုန်ပြီး၊ ဆံ ပင်အသစ် ပြန်မပေါက်တော့သည့် နာလန်ထစ လူမမာတစ်ယောက် ၏ ဦးခေါင်းနှင့် တူသယောင် ယောင်ဖြစ်နေသည်။ တစ်ချိန်တုန်း က စာဆိုကြီး ‘ဇော်ဂျီ’ က (ပုပ္ပား တောင်၊ တောင်ကတုံး၊ သျှောင်ထုံး စို့မောင်) ဟူ၍ ပုပ္ပားတောင်ကြီး စိုပြည်စိမ်းလန်းဖို့ ကဗျာဖြင့် နှိုး ဆော်ဖူးသည်။ စာရေးသူကတော့ ပဲခူးရိုးမတောင်ကြီးကိုကြည့်ပြီး ဘယ်လို နှိုးဆော်ရမှန်း မသိဘဲ လက်မှိုင်ချ၍သာ နေရပါသည်။
တိုက်ကြီးမြို့နယ်ထဲတွင် ပဲခူး ရိုးမတောင်ကြီးကို အမှီပြု၍ အ သက်မွေးခဲ့ကြသော လူမွဲတွေ များ စွာများစွာ ရှိခဲ့ကြသည်။ သူတို့ကား သစ်တောဝန်ထမ်းအချို့နှင့် သစ် ကုန်သည်များ၏ လက်ကြားမှ ယို ကျသော ရေကို သောက်ခဲ့ကြရသူ တွေများသည်။ ယခု တောင်ပေါ် မှာ သစ်တောကြီးမရှိတော့ပြီ။ လူ လည်လူနပ်တွေလည်း အရိုးအရင်း သာ ကျန်သော ပန်းကန်ကို လှည့် မကြည့်ကြသည့် ကြောင်ပါးတွေ လို ခွာသွားကြပြီ။ လူမွဲတွေသည် ဘဝ ပြောင်းကာ အခြားအသက် မွေးဝမ်းကျောင်း အလုပ်အကိုင် များဖြင့် ရှင်သန်ရင်း တောင်ခြေမှာ ပင် ရွာတည်၍ နေထိုင်ကြသည်။ တောင်ခြေဒေသမှာ မြေနိမ့်မြေ ပြန့်မဟုတ်။ သစ်တောကြီး ရှိစဉ်က ရေပေါသည်။ မြေနိမ့်မြေပြန့် မ ဟုတ်သည့်တိုင် စိမ့်ရေစမ်းရေတွေ တသွင်သွင်စီးဆင်းနေသည်။ ယခု တောကြီးကလည်းပြုန်း။ တောမရှိ သဖြင့် မိုးအရွာ နည်းသွားသော အခါ သူတို့တတွေ နွေရာသီမှာ ရေပြဿာနာ ကြုံရတော့သည်။

တိုက်ကြီးမြို့နယ်၏ အရှေ့ တောင်ဘက် လေးမိုင် အကွာ လောက် ဂဝံတောင်ကုန်း တွေကြား ထဲမှာ တည်ထားသော ရွာငယ် ကလေးတစ်ရွာ ရှိသည်။ ‘ကျောက် တောင်’ ရပ်ကွက်ဟု ခေါ်ကြသည်။  လွန်ခဲ့သော သုံးနှစ်လောက်က ထို ရွာမှာ ရေဒုက္ခပေါ်သည်။ စာရေး သူ၏ မိတ်ဆွေ ကဗျာဆရာတစ်ဦး ပါဝင်သော ပရဟိတအဖွဲ့တစ်ဖွဲ့က ထိုရပ်ကွက်အတွက် အဝီစိတွင်းတူး ၍ လှူဒါန်းပေးသည်။ ရေအလှူ အထိမ်းအမှတ်ပွဲသို့ စာရေးသူ လိုက်သွားသည်။ တစ်ရပ်ကွက်လုံး အပြုံးပန်းဝေနေကြသည်။ နွေရာသီ မှာ ရေမိုးသန့်စင်ရန် အခက်ကြုံခဲ့ ရသည်။

ထိုရပ်ကွက်ကျောင်းမှ သံဃာ တော်တွေလည်း ရွှင်ပျကြည်လင် နေကြသည်။

မကြာမီက တိုက်ကြီးမြို့နေ မိတ်ဆွေ ကဗျာဆရာထံ ရေဒုက္ခ သည်အချို့ ရောက်လာကြသည်။ ‘ကျောက်တောင် ရပ်ကွက်’နှင့် မနီး မဝေး ‘ရေစက်တောင်’ ရပ်ကွက် မှာ ရေဒုက္ခကြုံတွေ့နေကြ ရကြောင်း တင်ပြသည်။ လောလောဆယ် မြေတူးစက်ဖြင့် တူးထားသော မြေ ကျင်းကြီးများထဲမှ နောက်ကျိသော မိုးရေကို သုံးနေကြရသည်ဟု ဆို သည်။  ကဗျာဆရာက ပရဟိတ အလှူရှင် များနှင့်အတူ ကျောက် တောင်ရပ်ကွက်မှာလို အဝီစိတွင်း တူးပေးဖို့ စီစဉ် လုံးပန်းနေသည်။ ယခု ကူညီရမည့် ရပ်ကွက်မှာ ကျောက်တောင် ရပ်ကွက်နှင့် မနီး မဝေးမှာတည်ရှိသည်။ ပြည်လမ်းမ ကြီးအရှေ့ဘက် ၄ မိုင် ခန့်အကွာ မှာရှိပြီး ရပ်ကွက်သားအများစုမှာ အခြေခံ လူတန်းစားဝင်တွေ ဖြစ်ကြ သည်။

အဖြစ်အပျက်က ထိတ်လန့် ရင်ခုန်စရာ ကောင်းသည်။ လွန်ခဲ့ သော ဧပြီလ ၂၆ ရက်က ရေစက် တောင်ရပ်ကွက်ထဲသို့ ကြမ္မာနတ် ဆိုးဝင်ရောက်မွှေနှောက်   သောင်း ကျန်းသွားသည်။ မြေတူးစက်ဘက် ဟိုး Back Hoe နှင့် တူးထားသည့် မိုးရေလှောင်ရေတွင်း က ကျယ်ပြီး များစွာ မနက်လှပါ။ သို့သော် နွေ ရာသီမို့ ရေနည်းနေပြီး တွင်းထဲမှာ ရေသား လူတစ်ရပ်ခန့်ပဲ ရှိမည်။

နေ့လယ်နေ့ခင်း ရပ်ကွက်အ တွင်းက လူများစုက အလုပ်သွား ကြ၍ ကျန်လူတွေက တစ်ရေးတ မော အိပ်စက်နေကြစဉ် ကျောင်း သူ ညီအစ်မ ဖြစ်ကြသော မပိုးအိဖြူ (အသက် ၁၄) နှစ်နှင့် မဆောင်း နှင်းဝေ (အသက် ၁ဝ နှစ်) တို့ နှစ် ယောက် အထက်ပါ ဖြစ်ကတတ် ဆန်း ရေတွင်းမှာ ရေသွားခပ်ကြ သည်။ အကာအရံမရှိသော ရေ တွင်း နှုတ်ခမ်းကနေ ကြိုးတပ်ရေပုံး ဖြင့် လှမ်းအခပ်မှာ….။

ညီအစ်မ နှစ်ယောက်စလုံး အကူအကယ်မဲ့ ရေတိမ်နစ်ပြီး ဆုံး ပါးခဲ့ကြရှာပါသည်။ မျက်မြင်သက် သေလည်းမရှိ။ အော်ဟစ်သံကြား သူလည်းမရှိ။ နာရီဝက်အတွင်းရေ တွင်းသို့ ရောက်ရှိလာသူပင်မရှိခဲ့။

ဈာပန အခမ်းအနားနေ့တွင်  ကျောင်းဆရာအိုကြီး တစ်ယောက် က ခေါင်းတုံး (ကတုံး) ဖြစ်နေသော ရိုးမတောင်ကြီးဆီသို့ လှမ်းကြည့် ရင်း…”ဟောသည် ကံဆိုးမိုး မှောင်ဖြစ်ရပ်ရဲ့ ဇာစ်မြစ်ကတော့ သစ်ပင် သစ်တောတွေ မရှိတော့ တာပါပဲကွယ်” ဟု မှတ်ချက်ချခဲ့ သည်ကို စာရေးသူ ကြားဖြစ်အောင် ကြားခဲ့မိပါသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*