လပွတ္တာ YGW ကို စုံခုံ နဲ့စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်

လပွတ္တာ YGW ကို စုံခုံ နဲ့စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်
May 18, 2017 Asian Fame

5:00 pm
လပွတ္တာ YGW ကို စုံခုံ နဲ့စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်
chilabu
လပွတ္တာ၊မေ ၁၈
 
ကလေးတွေကို ညှင်းပန်း၊ နှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေခံနေရတဲ့ လပွတ္တာ မြို့ နယ်၊ အပြင်ရေဆိုင်ကျေးရွာက YGW မျိုးဆက်သစ်မိဘမဲ့ကလေးများ စောင့်ရှောက်ရေးနဲ့ ဘုန်းတော်ကြီးကျောင်းကို စုံခုံအဖွဲ့ နဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်ကပြောပါတယ်။
 
မြို့ နယ်ပညာရေးမှူးခေါင်းဆောင်တဲ့ အဖွဲ့ ဝင်ငါးဦးပါတဲ့ အဲဒီအဖွဲ့ ဟာ ယင်းပရဟိတကျောင်းဟာ တရားဝင်ပရဟိတကျောင်း ဟုတ်မဟုတ်၊ ကလေးငယ်များကို ညှင်းပန်းနှိပ်စက်မှုရှိမရှိ ကျောင်းသားကျောင်းသူတို့ ရဲ့ နေထိုင်စားသောက်မှုပုံစံအခြေအနေ စတာတွေကို စစ်ဆေးကြမှာဖြစ်ပါတယ်။
 
” ဖြစ်စဉ်အမှန်ကို အသေးစိတ်သိဖို့ လိုပါတယ်။ ဒီရက်ပိုင်းထဲမှာ စုံခုံအဖွဲ့ရဲ့အစီရင်ခံစာတင်ပြလာမှာ ဖြစ်ပါတယ်။အုပ်ချုပ်ရေးမှူးရဲ့ သုံးသပ်အကြံပြုချက်များနဲ့တကွ ဧရာဝတီတိုင်းအစိုးရကို တင်ပြ သွားမှာပါ” လို့ သူကပြောပါတယ်။
 
ပြင်ပမှာတော့ ကလေးတွေကို အိမ်ပြန်ခွင့်မပြုဘူး။ မသိဘဲနဲ့ ပြန်ရင် ရိုက်နှက်တယ်။ လာခေါ်တဲ့ မိဘကိုတောင် ရိုက်နှက်တယ်ဆိုတဲ့ သတင်းစကားတွေတော့ ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်နေပါတယ်။လူကယ်ပြန်ဝန်ကြီးကတော့ အဲဒီပရဟိတကျောင်းမှာ ညှင်းပန်းနှိက်စကမှုတွေရှိနေတယ်။ ဒါကြောင့် အရေးယူဆောင်ရွက်ဖို့ လုပ်နေပြီလို့ ပြောထားပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က သာသနာရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စဖြစ်လို့ မြို့နယ် သံဃမဟာနာယက ဆရာတော် တွေကို လျှောက်ထားထားပြီး လိုအပ်သလို သြ၀ါဒ မိန့်ကြားပေးဖို့ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*