ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြိုးစားသင့်ပြီဟု ဒေါက်တာ အေးမောင်ဆို

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြိုးစားသင့်ပြီဟု ဒေါက်တာ အေးမောင်ဆို
May 18, 2017 Asian Fame

3:04 pm
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြိုးစားသင့်ပြီဟု ဒေါက်တာ အေးမောင်ဆို

drayemg(နေပြည်တော် ၊ မေ ၁၈)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြိုးစားသင့်ပြီ လို့ ရခိုင်အမျိုးသား ပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင် က ယနေ့လွှတ်တော် တက်တက်ခြင်း သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ် ပြော ကြား လိုက်ပါတယ်။

“စစ်မှန်တဲ့ ပြည်ထောင်စုကို သွားဖို့ ဒီ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မပီပြင်ဘူး ဆိုတာ နားလည်တယ် ၊ အဲ့ဒါကြောင့် ပီပြင်တဲ့ ၊ စစ်မှန်တဲ့ ပြည်ထောင်စု တစ်ခုကို သွားချင်တယ် ဆိုရင် ဒီအစိုးရ လက်ထက်မှာ ကျွန်တော်တို့ အနေနဲ့ ပြင်ဆင်ဖို့ ကြိုးစား ရမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

မေလ ၁၈ရက်နေ့က ကျင်းပတဲ့ ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး မစတင်မီ မှာ ဒေါက်တာအေးမောင် က အထက်ပါ အတိုင်းပြောကြားလိုက်တာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်များကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ် လို့ မကြာခဏ ပြောကြားလေ့ရှိပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*