ဒီမိုကရေစီ ပြဿနာ

ဒီမိုကရေစီ ပြဿနာ
May 18, 2017 Asian Fame

12:25 pm
ဒီမိုကရေစီ ပြဿနာ

Kaung-Htet-Nyuntလွန်ခဲ့တဲ့နှစ်(၅ဝ) လောက်က ဗြိတိသျှ နိုင်ငံရေး သိပ္ပံပညာရှင် ဘားနတ်ခရက် (Bernard Crick) ရေးတဲ့ “In defence of politics” စာအုပ်ထဲက ဒီမိုကရေစီနိုင်ငံရေး အကြောင်း (democratic politics)  သိပ်ကောင်းပါတယ်။ ဒီမိုကရေစီ ရဲ့တန်ဖိုးတွေကို မျှဝေ ခံစား ကြတဲ့ သဘောတရားကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို လူတိုင်းက ကြိုက်နှစ် သက်ခဲ့ကြတယ်လို့ ရေးသားထား ပါတယ်။ နှစ်(၅ဝ) ကြာတဲ့အခါ ဒီမိုကရေစီ နှင့် နိုင်ငံရေးမှာ ဒီ သဘောတရား ပျောက်ဆုံးနေပြီ ဆိုတာ သိပ်ကိုထင်ရှားနေပါတယ်။

ဒီမိုကရေစီဂိုဏ်းကွဲတွေမှာ ပြဿ နာတွေ အများကြီးရှိပါတယ်။ အလွှာတွေ အထပ်ထပ်ရှိတဲ့ (multi-layered) ဒီမိုကရေစီ၊ အဆင့် တွေများတဲ့ (multi-leveled) ဒီမို ကရေစီမှာ ရှုပ်ထွေးခက်ခဲတဲ့ စိန် ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ဘဝတွေ ကို ပြဋ္ဌာန်း သတ်မှတ်(define) ပါ လိမ့်မယ်။

ဒီမိုကရေစီမှာ ပြဿနာတွေ ရှိပါတယ်လို့ လက်ခံထားပါတယ်။ တချို့သော ဒီမိုကရေစီ ပြဿနာ တွေက ဒါမှမဟုတ် ကျွန်တော် တို့က ပြဿနာရယ်လို့ သတ်မှတ်လိုက် တာတွေက တကယ်တော့ ဒီမိုက ရေစီရဲ့ နက်ရှိုင်းတဲ့ အလှတရား တွေ၊ ထူးကဲတဲ့ အံဖွယ် ရာတွေပါ။ ဒါတွေကို ကျွန်တော်တို့ မေ့နေကြ တာပါ။ ဒါမှမဟုတ် ကျွန်တော်တို့ နားမလည်နိုင်တော့တဲ့ အရာတွေ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီ နိုင်ငံ ရေးက ကျွန်တော်တို့ကို ကျရှုံးစေ တာ မဟုတ်ရပါဘူး။ ကျွန်တော်တို့ ကသာ ဒီမိုကရေစီ နိုင်ငံရေးကို ကျရှုံးစေတာ ဖြစ်ကောင်းဖြစ် နိုင် ပါတယ်။

ခင်ဗျားတို့ စဉ်းစားစေချင်လို့ ပြောမယ့် အိုင်ဒီယာပါ။ ဒီမိုကရေစီ မှာ ပြဿနာတွေ ရှိခဲ့တယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီ အလျှံအ ပယ်ရလို့ ဖြစ်ရတဲ့ ပြဿနာတွေပါ။ ချို့ချို့တဲ့တဲ့ မလောက်မငရလို့ ဖြစ် ရတဲ့ ပြဿနာတွေ မဟုတ်ရပါဘူး။ တကယ်တော့ မှားယွင်းတဲ့ ဒီမိုက ရေစီ ပုံစံမျိုးတွေသာ များနေပြီး သင့်လျော် မှန်ကန်တဲ့ ဒီမိုကရေစီ အမျိုးအစားက အတော့်ကို နည်း ပါးတာ ဖြစ်နိုင်ပါတယ်။ ဒီအတွေး ကို ခင်ဗျားတို့ စိတ်ထဲမှာချန်ထား ခဲ့ချင်တာပါ။

ကျွန်တော်တို့ရထားတဲ့ ဒီနေ့ နိုင်ငံရေးက ဝေဖန်ထိုးနှက်တဲ့ နိုင် ငံရေး(attack politics) ပါ။ ဒီလို ပြောလိုက်ရင် မလေးနက်တော့ပါ ဘူး။ ရန်လိုမှုတွေ၊ ကြမ်းကြုတ်မှု တွေပါနေတယ်။ ဒီမိုကရေစီ စစ် စစ်နဲ့ လက်တွေ့ အခြေအနေမကိုက် ညီမှုတွေကို စိစစ်ရမှာပါ။ ဒီမိုက ရေစီ အစိုးရရဲ့အခန်းကဏ္ဍမှာ အုပ်ချုပ် တဲ့အလုပ် ရှားပါးလွန်းလှ ပြီး မပြုတ်ကျအောင် ဆက်လက် ရပ်တည်နိုင်အောင် ကြိုးစားနေရ တာပါ။ အတိုက်အခံရဲ့ အခန်း ကဏ္ဍကို မေးစရာ မလိုပါဘူး။ ဝေ ဖန်ဖို့၊ ထိုးနှက်ဖို့၊ ဆန့်ကျင်ဖို့ပါ။ ဒါ မျိုး မလုပ်ချင်လို့ ရှောင်ထွက်သွား တဲ့သူတွေ အများကြီး ဖြစ်နေတာ၊ ဒီလို တိုက်ရ ခိုက်ရတဲ့ ဂိမ်းမျိုးကို မကစားချင်ကြတာ အံသြစရာမှ မ ဟုတ်တာ။ ဝေဖန် ထိုးနှက်တဲ့ နိုင်ငံ ရေး(nature of politics) လို့ ပြောလို့ ရလောက်အောင် သိပ်ထင်ရှားလွန်း ပါတယ်။ ဘယ်လို ဝေဖန် ထိုးနှက် ကြတယ်ဆိုတာလည်း ကျွန်တော် တို့ အားလုံးသိပြီးသားပါ။ ဒီထက်မ က ပိုလေးနက်တဲ့ အရာတွေ ရှိပါ တယ်။

ကျွန်တော်ကတော့ အမေဇုန် နိုင်ငံရေး (Amazonian politics)  လို့ နာမည်ပေးထားတယ်။ အမေ ဇုန်ဆိုလို့ မျိုးနွယ်စုတွေ၊ သစ်ပင် ကြီးကြီးတွေ၊ တောနက်နက်တွေလို့ မထင်လိုက်ပါနဲ့။ ယနေ့နိုင်ငံရေးရဲ့ သဘောသဘာဝ (nature of politics)  က အမေဇုန် ဝက်ဘ်ဆိုက် က ပစ္စည်း ဝယ်ယူတာနဲ့တူလို့ တင် စားပြီး အမေဇုန် နိုင်ငံရေးလို့ သမုတ်လိုက်တာပါ။ နိုင်ငံရေးဆို တာ အင်တာနက် ကနေ လိုချင်တဲ့ ပစ္စည်းကို ကွန်ပျူတာမှာ ကလစ် ခေါက် ဝယ်ယူပြီးတော့မှာထားတဲ့ ပစ္စည်းကို လက်ခံယူရုံပဲလို့ (politics is about click and collect) ထင် တဲ့လူတွေ များသထက် များလာ လို့ပါ။

အခုနိုင်ငံရေး အခြေအနေက ကုန်ပစ္စည်းလက်လီ ရောင်းတဲ့နိုင်ငံ ရေး (retail politics) လိုပါပဲ။ ခင် ဗျားတို့က နိုင်ငံသားတွေ မဟုတ် ပါဘူး။ စားသုံးသူတွေ (customer)တွေပါ။ ရွေးကောက်ပွဲမှာ မဲရုံကို သွားပြီးတော့ ကိုယ်ကြိုက်တဲ့သူကို မဲထည့်မယ်။ နောက်နေ့မှာ ကိုယ် ရွေးချယ် လိုက်တဲ့ လူက အမတ်ဖြစ် သွားပြီးတော့ ခင်ဗျား တို့လိုချင်တာ တွေအားလုံး လာပို့ပေးမယ်လို့ ထင် ပြီး ထိုင်စောင့်နေကြတာပါ။ ဒီမိုက ရေစီနိုင်ငံရေးကို အဲဒီလိုအဓိပ္ပာယ် ဖွင့် ဆိုလို့မရပါဘူး။ ဘယ်တုန်းကမှ အဲလိုမျိုး လုပ်လို့ရတဲ့ နိုင်ငံရေးမျိုး ဆိုတာ မရှိခဲ့ပါဘူး။

ဒါက ခင်ဗျားတစ်ယောက် တည်းရဲ့ကိစ္စ ဒါမဟုတ် ကျွန်တော် တစ်ယောက်တည်းရဲ့ကိစ္စ မဟုတ် ပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ အရေးပါ။ ဒါပေမယ့်ကျွန်တော်တို့ အားလုံး ဆုံးရှုံး လိုက်ရပါပြီ။ အမေ ဇုန်နိုင်ငံရေးက အပေါ်ယံပါပဲ။ ကြာရှည်မခံတဲ့ မော်ဒယ်ပါပဲ။ ကျွန် တော် တို့ ပါးစပ် နဲ့ ခံတွင်းတွေ့မှာ မဟုတ်ပါဘူး။ ဟန်ဘာဂါလို စား ကောင်းရုံ ခပ်မြန်မြန် ချက်ထားတဲ့  fast food နိုင်ငံရေးပါပဲ။ အာဟာ ရဖြစ်မှာ မဟုတ်ပါဘူး။ ခဏတော့ ဗိုက်ဝပြီး ကျေနပ်နေကြမှာပေါ့။ အား လုံးကို ခြုံကြည့်လိုက်ရင် အလိမ်ခံ လိုက်ရတယ်လို့ ခံစားရမှာပါ။ ကိုယ့်ပိုက်ဆံနဲ့ သူများက လောင်း ကစားလုပ်သလိုမျိုး။ သူကြီးဘုရား ရွာသားကောင်းမှုပါ။

အမေဇုန် နိုင်ငံရေးက ကွာဟ မှုတွေဖြစ်ပေါ်စေလို့ အန္တရာယ်များ လှပါတယ်။ ပါတီတွေက ပေါ်ပြူ လာဖြစ်အောင် လုပ်လာကြလို့ လက်ဝဲ၊ လက်ယာ အစွန်းရောက်တဲ့ ပါတီတွေ ထွက်ပေါ်လာမှာပါ။ ဒီ ပါတီတွေက အမေဇုန် နိုင်ငံရေး ရှင်သန် ဖွံ့ဖြိုးစေပြီး ပြည်သူ့ဆန္ဒနဲ့ လက်တွေ့ အခြေအနေအကြား ကွာဟချက်ကြီးမားပြီး အက် ကြောင်းတွေ ပေါ်လာတဲ့အခါမှ ကျွန်တော်တို့ ခင်ဗျားတို့ကို ထားခဲ့ မှာပါ။ အလွန်ဆိုးဝါးတဲ့ နိုင်ငံရေး သမားတွေနဲ့ သူတို့ရဲ့နိုင်ငံရေးလုပ် ရပ်တွေကို ဖယ်ထုတ် ပစ်လိုက်ပါ၊ အားလုံး ကောင်းသွားပါလိမ့်မယ် ဆိုတဲ့ အလွန် ရိုးရှင်းတဲ့ အဖြေကို ပါတီတွေက ပေးပါလိမ့်မယ်။ ”အားလုံးအဆင်ပြေသွားဖို့ ကျွန် တော်တို့ကိုသာ မဲပေးလိုက်ပါ” လို့ ပြောကြ မှာပါ။ ဒါတွေကြောင့်ကျွန် တော် စိတ်မကောင်း ဖြစ်မိပါတယ်။ ဝမ်းနည်းပါတယ်။

ခင်ဗျားတို့အားလုံး ဒီမိုကရေ စီကို ချစ်မြတ်နိုးကြပြီး နိုင်ငံရေးကို မုန်းတီးနေတာ ကျွန်တော်သိပါ တယ်ဗျာ။ ဒါပေမယ့် နိုင်ငံရေး မပါဘဲ ဒီမိုကရေစီ ဆိုတာ မရှိနိုင် ဘူး။ နိုင်ငံရေးသမား မရှိဘဲနဲ့လည်း နိုင်ငံရေးဆိုတာ ဖြစ်မလာနိုင်ဘူး။ ပြည်သူတွေ တုံ့ပြန်ရမှာက (လုပ်ရ မှာက) ပေါ်ပြူလာ ဖြစ်တဲ့သူကို မဲ ပေးရမှာ မဟုတ်ဘူး။ ပြန်လည်ပြီး တော့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေး လုပ်ကိုင်(re-engage) ရမှာပါ။ အမေဇုန် နိုင်ငံရေး ကနေ ပိုပြီးလေး နက်တဲ့၊ အနှစ်သာရ ရှိတဲ့၊ ပိုထိ ရောက်တဲ့ မော်ဒယ်အဖြစ် ပြောင်း လဲရမှာပါ။ ဒီမိုကရေစီရဲ့ အကျိုး ကျေးဇူးတွေကို တစ်ခါတလေ ပြဿ နာတွေလို့ ထင်ကြတယ်။ ဒီမိုကရေ စီကျတဲ့ နိုင်ငံရေး (democratic politics) က နှေးကွေးမှာပါ။ ရှုပ် ရှုပ်ထွေးထွေး ဗြုတ်စဗျင်းတောင်း ပါ။ နားလည်ဖို့ ခက်ပါတယ်။ အ ဖြေ မှန်ကို တစ်ခါတည်း တန်းတွေ့ မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရမ်းခက်ခဲ ရှုပ်ထွေးတဲ့ ပြဿနာတွေ အတွက် အဖြေမှန် ဆိုတာ မရှိပါဘူး။ ဒီမိုကရေစီက ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေရတာ ဘာကြောင့်လဲ ဆိုတော့ လူ့ဘဝက လည်း ရှုပ်ထွေးနေလို့ပါ။

ဒါတွေက တကယ့်ကို စိတ်ဝင် စားဖို့ ကောင်းပါတယ်။ နိုင်ငံရေး ကို ပြန်ပြီးတော့ အဓိပ္ပာယ်ဖွင့်ဆို (redefine)ဖို့ လိုအပ် တယ်။ ပြည်သူ တွေ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာအောင် ပြန်ပြီးတော့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးလုပ် ကိုင် (re-engage) ကြရမယ်။ ဘာ ကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ အားလုံး အတူတကွ ရင်ဆိုင်နေရ တဲ့ စိန်ခေါ်မှုတွေက မြင်နေကျတွေ့ နေကျ သမားရိုးကျ နိုင်ငံရေးနယ် ပယ်ရဲ့ အပြင်ဘက်ကိုရောက်လို့ပါ။

စိန်ခေါ်မှုတွေက ပိုပြီးတော့ ခက်ခဲ ရှုပ်ထွေးလာတယ်။ ရာသီ ဥတု ဖောက်ပြန်မှုတွေ၊ အကြမ်း ဖက်မှုတွေ၊ အဝလွန်ရောဂါ ဖြစ်တဲ့ သူတွေ များတာတွေ၊ စိတ်မနှံသူ တွေများလာတာတွေ စတဲ့ပြဿနာ တွေက တစ်ဦးချင်း တစ်ယောက် ချင်းဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ အားလုံး အတူတကွ ပူးပေါင်းမှသာ ဖြေရှင်းနိုင်မှာပါ။

ဒီမိုကရေစီရဲ့ အကျိုးကျေးဇူး တွေ ခံစားရဘို့ စောင့်ရမှာပါ။ ပြည် သူ့ဆန္ဒ နားထောင်တာ၊ သဘော တူညီချက်ရဖို့ အပေးအယူတွေ ညှိ နှိုင်းမှုတွေ ဇောင်းပေး (emphasis on compromise) ပြီး လုပ်ကိုင်တာ တွေက ဒီမိုကရေစီ ကျဆုံးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ အလှ တရားပါ။ တကယ်လို့များ နိုင်ငံ ရေးမှာ ပြဿနာတွေ များနေတယ် ဆိုရင် ဒါမဟုတ် နိုင်ငံရေးက ကျ ရှုံးခဲ့ရင် နိုင်ငံရေး သမားတွေကို အ ပြစ်ပုံချလိုက်တာ အရမ်း လွယ်တာ ပေါ့။ တကယ်ဆို ပြည်သူတွေကို လည်း အပြစ်တင်လို့ မရဘူးလား။

တစ်ခါတလေ ပြည်သူတွေက အပြောင်းအလဲ လွယ်လွန်းတယ်၊ မျက်နှာများတယ်လို့ ကျွန်တော် ထင်မိတယ်။ ပြည်သူတွေက လုံးဝ နာကျင်မှု မရှိတဲ့ အဖြေတွေ (pain-free solutions) လိုချင်နေကြတာ။ ရှုပ်ထွေး လွန်းလှတဲ့ ပြဿနာတွေ ကို နတ်ရေကန်ထဲ ပစ်ချလိုက်သလို ချက်ချင်း ပြေလည် သွားစေချင်ကြ တာ။ နတ်ရေကန် ဆိုတာ တကယ် မှ မရှိတာ။ လက်ရှိ ရင်ဆိုင်နေရ တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နိုင်ငံ ရေးသမားတွေကို အလိုမရှိဘူး။ ချက်ချင်း ပြေလည်သွားစေနိုင်တဲ့ လိုတရဆေးကြိမ်လုံး ကိုင်ထားတဲ့ စူပါမန်း သို့မဟုတ် စူပါဝူးမန်းပဲ လိုချင်တာ။ ဒါတွေက တကယ်မှ မရှိတာ။

သိပ်ကြီးမားတဲ့ စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံရေး ဆိုတာကို သေသေချာချာနားလည် သဘောပေါက်ကြပြီး နိုင်ငံရေး အဓိပ္ပာယ် ကို ပြန်လည် ဖွင့်ဆိုနိုင် မှသာ လိုချင်တဲ့ ပန်းတိုင်ဆီ ရောက်နိုင်မှာပါ။ နိုင်ငံရေးရဲ့ အ ကျိုးကျေးဇူးတွေ က အလွန့်အလွန် များလွန်းလှပါတယ်။ နိုင်ငံရေးမ ပါတဲ့နေ့ရယ်လို့ မရှိပါဘူး။ လျှပ်စစ် မီးမပြတ်ရေးကလည်း နေ့စဉ်နိုင်ငံ ရေးပါပဲ။ သောက်ရေသုံးရေ ရရှိဖို့၊ လူနေမှု အဆင့်အတန်းမြင့်ဖို့၊ ပြည် သူတွေလုံခြုံဖို့၊ ကျန်းမာရေးစောင့် ရှောက်မှုပေးဖို့ ကိစ္စတွေက နိုင်ငံ ရေးပါပဲ။ ပြည်သူတွေရဲ့ အကျင့် စာရိတ္တ ပျက်ပြားနေပါ ပြီလို့ပြော လို့ ကျွန်တော် ဒုက္ခကောင်းကောင်း ရောက်ခဲ့ဖူးတယ်။ ဒီမိုကရေစီက ဆောင်ယူပေးနိုင်တဲ့ အရာတွေ ကို ပြည်သူတွေက နားမလည်ကြဘူး။ သတိမပြုမိကြဘူး။ တန်ဖိုးမထား ကြဘူး။ ဒီမိုကရေစီကနေ ဒီကနေ့ ရထားလိုက်တဲ့ အရာတွေကို သိမ်း ထားဖို့ ပြောနေတာ မဟုတ်ပါဘူး။ ရထားတဲ့ အရာတွေအတွက် ကျေး ဇူး မတင်သင့်ဘူး လား။ အခုတော့ လုံးဝ ပြောင်းပြန်ပဲ။

ဆက်လက်ဖော်ပြပါမည်

ကောင်းထက်ညွန့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*