2:26 pm

PN -042
ရန်ကုန်၊ မေ ၁၂
၂ဝ၁၇ ကမ္ဘာ့အကောင်းဆုံးကမ်းခြေစာရင်းဝင် ငပလီကမ်းခြေ အမှိုက်ကင်းစင်ရေးအတွက် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်)က တစ်လအတွင်း အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ကမ်းခြေမှ ဟိုတယ်များ၊ မိုတယ်များ၊ ဧည့်ရိပ်သာများ၊ စားသောက်ဆိုင်များနှင့် ဒေသခံများ အမှိုက်ပစ်ရန် မြေ ၅ ဧကကို ရခိုင် ဟိုတယ်ဇုန်က ဝယ်ယူထားပြီးဖြစ် ပြီး အမှိုက်သိမ်းခြင်း လုပ်ငန်းအ တွက် ရုံးခန်းတစ်ခု ဖွင့်လှစ်ကာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးသန်းဦး က ပြောသည်။
”ကျွန်တော်တို့ အမှိုက်ပစ်စရာ မြေနေရာတော့ ဝယ်ပြီးပြီ။ အမှိုက်ကားနှစ်စီးထပ်ဝယ်မယ်။ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်တွေက အမှိုက်တွေကို တန်ဖိုးနှုန်းထား တစ်ခုသတ်မှတ်ပြီး သိမ်းပေးမယ်။ ဒါပေမယ့် ငပလီက ဒေသခံတွေ၊ ရပ်ရွာရဲ့အမှိုက်တွေကိုတော့ အခကြေးငွေ မယူဘဲအလကားသိမ်းပေးမယ်” ဟု ¤င်းကပြောသည်။ထို့အပြင် ငပလီမှဒေသခံများ၊ နှင့် ကျောင်းများတွင်လည်း အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ပညာပေးဟောပြောပွဲများကိုလည်း ဟိုတယ်ဇုန်အစီအစဉ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
”ရပ်ရွာလူထုကိုလည်း စည်းရုံးရမယ်၊ ပညာပေးရမယ်။ သူတို့က အမှိုက်ပစ်စရာ နေရာမရှိရင် မြောင်းတွေထဲပစ်ချတာ၊ အဲဒီ မြောင်းတွေကနေ ပင်လယ်ဆီရောက်။ ပင်လယ်ကနေ တစ်ခါ လှိုင်းပုတ်တော့ ကမ်းခြေ ပြန် ရောက်တာပဲ။ အဲဒီလို မဖြစ်ရ အောင် အမှိုက်ပုံးတွေလည်း ကျွန်တော်တို့ ထားထားပေးမယ် ” ဟု ၎င်းက ပြောသည်။ ငပလီမြို့နှင့် သိပ်မဝေးသော နေရာတွင် အမှိုက်စွန့်ပစ်ရန်မြေ ဝယ်ယူထားပြီး အမှိုက်ကားများ ရောက်ရှိလာပါက အမှိုက်သိမ်းခြင်း လုပ်ငန်းကို တစ်လအတွင်း စတင်လုပ်ဆောင်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ အလှပဆုံး ကမ်းခြေတစ်ခု ဖြစ်သော ငပလီကမ်းခြေသို့ ယခုနောက်ပိုင်း နှစ်များတွင် ပြည်ပ ခရီးသွားများ သာကမ ပြည်တွင်း ခရီးသွားများပါ လာရောက်ကြရာ ယခုနှစ်ဧပြီလတွင်း ကမ်းခြေတွင်အမှိုက်များဖြင့် ပြည့်နေသည့် ဓာတ်ပုံများ၊ လူမှုကွန်ရက် စာမျက်နှာတွင်ပျံ့နှံ့လာ ပြီး ငပလီကမ်းခြေ သန့်ရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သည်။