ရပ်ကွက်နေပြည်သူများ ကန့်ကွက်သော်လည်း သာကေတဆီအုန်း စက်ရုံကို ပြောင်းရွှေ့ ပေးမည်မဟုတ်

ရပ်ကွက်နေပြည်သူများ ကန့်ကွက်သော်လည်း သာကေတဆီအုန်း စက်ရုံကို ပြောင်းရွှေ့ ပေးမည်မဟုတ်
May 17, 2017 Asian Fame

2:23 pm
ရပ်ကွက်နေပြည်သူများ ကန့်ကွက်သော်လည်း သာကေတဆီအုန်း စက်ရုံကို ပြောင်းရွှေ့ ပေးမည်မဟုတ်

ဖြိုးထက်အောင်

ရန်ကုန်၊ မေ ၁၅

ရပ်ကွက်နေပြည်သူများ ကန့် ကွက်ခဲ့သော်လည်း ဆက်လက်လည်ပတ်နေသည့် သာကေတရှိ ဆီအုန်းစက်ရုံကို စက်မှုဇုန်တစ်ခုခု သို့ ပြောင်းရွှေ့ရန် ရှိ၊ မရှိ လွှတ် တော်ကိုယ်စားလှယ်၏ မေးမြန်းမှု ကို ပြောင်းရွှေ့မည်မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရက ပြန်လည် ဖြေကြားခဲ့သည်။

ယခင် အစိုးရလက်ထက်က နည်းပညာအသုံးပြု၍ ပြုပြင်ပေးမည်ဟုဆိုကာ မပြောင်းရွှေ့ပေးခဲ့သော အနံ့ဆိုးနှင့် ပြာထွက်သည့် သာကေတရှိ ဆီအုန်းစက်ရုံကို စက်မှုဇုန်တစ်ခုခုသို့ ပြောင်းရွှေ့ ပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းရာ ယခု အစိုးရလက်ထက်တွင်လည်း ထိုနည်းတူ ပြောသဖြင့် အစိုးရအဖွဲ့ ကိုယ်တိုင်ကွင်းဆင်း ကြည့်ရန် လွှတ်တော် ကိုယ်စားလှယ်က ပြောကြားလိုက်သည်။

သာကေတမြို့နယ်၊ ရှုခင်းသာ မြို့ ပတ်လမ်းရှိ လူနေရပ်ကွက်နှင့် ကိုက် ၂ဝဝ သာ ကွာဝေးသော နေရာတွင် တည်ဆောက်ထားသည့် ယုဇန ဆီအုန်းစက်ရုံမှာ ဆိုးရွား သည့် အနံ့ဆိုးများ ထွက်ရှိခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင် သော မီးခိုးများထွက်ရှိခြင်း၊ မီးပွား များပတ်ဝန်းကျင်သို့ ကျရောက် ခြင်းစသည်တို့ကို ရပ်ကွက်နေပြည် သူများက ခံစားရသောကြောင့် လိုင်စင်သက်တမ်း ကုန်ပါက စက် မှုဇုန်သို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိ၊ မရှိကို မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်တွင် သာကေတ မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက မေးမြန်းခဲ့ရာဝန်ကြီး၏ ဖြေကြားမှုအပေါ် ပြန်လည် တုံ့ပြန် ပြော ကြားခဲ့ခြင်းဖြစ်သည်။

”အရင် အစိုးရလက်ထက် တုန်းကလည်း ခေတ်မီနည်းပညာ တွေသုံးပြီးတော့ ငွေကုန်ကြေးကျ ခံပြီးတော့ အနံ့မထွက်အောင် အ မှုန်မထွက်အောင် လုပ်ပေးပါမယ် ဆိုပြီးတော့ အနံ့ထွက်တာနဲ့ ဖုန်း ဆက်ပါဆိုပြီးတော့ အာမခံခဲ့ တာတွေလည်း ရှိပါတယ်။ အဲဒီ တုန်းကလည်း ပြည်သူတွေနဲ့ ဝန် ကြီးတွေရော၊ နယ်လုံဝန်ကြီး ရော ညှိနှိုင်းဆွေးနွေးခဲ့တယ်။ ဒါပေမယ့် အနံ့တွေနဲ့ အမှုန်တွေက အရင်အ တိုင်းပဲ။ အခု ဝန်ကြီးပြောတာက လည်း အနံ့မထွက်အောင် ခေတ်မီ နည်းပညာနဲ့ လုပ်ပေးပါမယ်ပဲ ပြောပါတယ်။ ဝန်ကြီးတို့ကိုယ်တိုင် ဆင်းပြီး ကြီးကြပ်ပေးပါလို့ပဲ ပြောချင်ပါတယ်” ဟု ဒေါ်သက်ထားနွယ်ဝင်းက ပြောသည်။

ယင်းစက်ရုံမှာ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ကုမ္ပဏီ တည် ထောင်ခွင့်ပြုချက်၊ ပုဂ္ဂလိကစက်မှု လက်မှုလုပ်ငန်း မှတ်ပုံတင်လက် မှတ်တို့ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းဖြစ်ကာ အလုပ်သမား များစွာဖြင့် ဆောင်ရွက်နေသောလုပ်ငန်းဖြစ်သဖြင့် ပြောင်းရွှေ့ရန် သင့်တင့်သော အချိန်ကာလတစ် ခုလိုအပ်မည်ဟုယူဆ၍ စက်ရုံမှ ထွက်သော အနံ့ဆိုး၊ အမှုန်နှင့် လောင်စာများကြောင့် ပတ်ဝန်း ကျင် အနှောင့်အယှက် မဖြစ်စေရန် လုပ်ငန်းရှင်များကို ဆောင် ရွက်စေမည်ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေး မြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန် ကြီးဌာန ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

ယင်းဆီအုန်းစက်ရုံကို ၂ဝဝ၆ ခုနှစ်ခန့်က စတင် လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ကျောက်မီးသွေးနှင့် စပါး ခွံကို လောင်စာအဖြစ် အသုံးပြု သောကြောင့် အနံ့ဆိုးများ ထွက် ကြောင်း၊ နံဘေးရှိ ငါးလုပ်ငန်းဦး စီးဌာနဝင်းအတွင်းသို့ မီးပွားများ ကျ၍ မီးလောင်မှု သုံးကြိမ်ဖြစ် ဖူးကြောင်း၊ အရှေ့ခြမ်းတွင်လည်း CNG ဂက်စ်ဆိုင်ရှိကြောင်း၊ မြစ် ထွက်ပေါက် (၆) ကို ပိတ်ဆို့လိုက် မှုကြောင့် အမှတ် (၅)နှင့် အမှတ် (၆) ရပ်ကွက်တို့ ရေကြီးကြောင်း လွှတ်တော်ကိုယ်စားလှယ်က တင် ပြသည်။ ထို့အပြင် ယခင်အစိုးရ လက် ထက်ကလည်း သမ္မတထံသို့ ရပ် ကွက်နေ ပြည်သူ တစ်ထောင်ကျော်က လက်မှတ်ရေးထိုးပေးပို့ တောင်း ဆိုခဲ့ကြောင်းသိရသည်။ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရန် လိုအပ်သော လုပ်ဆောင် ချက်များကို လုပ်ငန်းရှင်များက လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ကာလတစ်ခုသတ်မှတ်ပြီး ပြောင်း ရွှေ့ ဆောင်ရွက်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*