စက်ရုံများရှေ့တဲဆောက်၍ ငွေတောင်းသည့်ကိစ္စ လွှတ်တော်တွင် ရှင်းပြီ

စက်ရုံများရှေ့တဲဆောက်၍ ငွေတောင်းသည့်ကိစ္စ လွှတ်တော်တွင် ရှင်းပြီ
May 17, 2017 Asian Fame

2:39 pm
စက်ရုံများရှေ့တဲဆောက်၍ ငွေတောင်းသည့်ကိစ္စ လွှတ်တော်တွင် ရှင်းပြီ

ဖြိုးထက်အောင်
ရန်ကုန်၊ မေ ၁၅

လှိုင်သာယာ စက်မှုဇုန်နှင့် ရွှေလင်ပန်းစက်မှုဇုန်များ ရှေ့တွင် တဲထိုး၍ ငွေတောင်းခံနေမှုများမှာ မြေယာအငြင်းပွားမှုမဟုတ်ဘဲ ငွေညှစ်ခြိမ်းခြောက်မှုများ သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရာဇဝတ်မှု ကျူးလွန်ပါက အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သော် လည်း ရဲတပ်ဖွဲ့အနေဖြင့် တိုင်တန်းချက် ရှိမှသာ ဆောင်ရွက်ပေးရခြင်းဖြစ်၍ ကာယကံရှင်များအနေဖြင့် မတရားလုပ်ခံရသည်ဟုယူဆပါက သက်ဆိုင်ရာသို့ ချက် ချင်း တိုင်ကြားရန်လိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

”ကာယကံရှင်တွေ လာမတိုင်သရွေ့က ကျွန်တော်တို့က သွားရှင်းလို့မရပါဘူး။ အဲဒီတော့ ကိုယ်စော်ကားခံရတယ်။ မတ ရား လုပ်ခံရတယ်လို့ ယူဆရင် ချက်ချင်း မြို့နယ် တရားရုံးမှာ အမှုဖွင့်ဖို့လိုပါမယ်။ ကိုယ့်ဘာသာ ဖြေရှင်းကြတာက နည်း လမ်းကျသလားဆိုတော့ တကယ်တော့ ကိုယ့်ပစ္စည်းနဲ့ ပတ်သက်ရင် ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။ ကိုယ်ဝယ်ထားတဲ့ဖုန်း၊ ကားမပျောက်မပျက်အောင်ထိန်းသိမ်း ကာကွယ်ရမှာ ကိုယ့်တာဝန်ပဲဖြစ်ပါတယ်” ဟု နယ်လုံဝန်ကြီးက ပြောသည်။

မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ” လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်ပန်း စက်မှုဇုန်များ၌ အဓမ္မ ခြိမ်းခြောက်နေ သော အမှုကိစ္စများ နှင့် ပတ်သက်၍ (၁) လည်ပတ်နေသော စက်ရုံများရှေ့တွင် တဲထိုး၍ တားဆီးပိတ်ပင်ကာ ငွေညှစ် ခြိမ်း ခြောက်မှုများသည် မြေယာ အငြင်းပွားမှု ကိစ္စဟုတ်သလား၊ (၂) ထိုကဲ့သို့ လုပ်ငန်း ရှင်များအား ငွေညှစ်ခြိမ်းခြောက်မှုများကို မည်သည့် အတွက်ကြောင့် မတားဆီး မကာကွယ်နိုင်ပါသနည်း။ (၃) လုပ်ငန်း ရှင်များအနေဖြင့် ထိုပြဿနာကို သက်ဆိုင် ရာ အာဏာပိုင်များက မဖြေရှင်းပေးပါသဖြင့် ၎င်းတို့ကိုယ်တိုင် ပြေလည်အောင် ဖြေရှင်းပေးနေခြင်းသည် နည်းလမ်း ကျ/ မကျ မေးခွန်း မေးမြန်းခဲ့သည်။ ထိုမေး ခွန်းကို ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

”ငွေတောင်းတဲ့သူတွေက လယ်သ မားတွေဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာ ရပ်ကျေးဥက္ကဋ္ဌကပြောပါတယ်။ ဒါပေမယ့် ဘာအထောက်အထားမှ မပြနိုင်ဘူး။ ဒီ ရွှေလင်ပန်းစက်မှုဇုန်ဆိုတာ စက်မှုဇုန် ဖော်ဆောင်မယ့်သူတွေအတွက် အိုးအိမ် က မြေကွက်တွေကို စနစ်တကျ ရောင်း ထားတာ ရှိပါတယ်။ အိုးအိမ်တို့ကို မေး မြန်းတဲ့အခါ သူတို့မှာ မှတ်တမ်းမှတ်ရာ လယ်သမားပိုင်မြေဧက ဘယ်လောက်ကို လျော်ကြေးငွေ ပေးထားပြီးသားဆိုတာ ကျွန်မတို့ကိုပြပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။ ငွေတောင်းခံရသော စက်မှုဇုန် လုပ် ငန်းရှင်များက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီး ပွားရေးကော်မတီသို့ လာရောက်တိုင်ကြား ခဲ့ကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ၍ သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ အမှုဖွင့်ခွင့်မပေးဘဲ တရားရုံး သို့သာ သွားရန်ပြောခဲ့ကြောင်း၊ လူတကာ ၏ အိမ်ရှေ့၊ စက်ရုံရှေ့တွင်တဲထိုး၍ ငွေ တောင်းခံမှုမှာ ရာဇဝတ်မှုမမြောက်ဘူး လားဟု မေးလိုကြောင်း ဒေါ်စန္ဒာမင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*