ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာသဖြင့် တကောင်းနီကယ်စက်ရုံ အလုပ်သမားများဆန္ဒပြ

ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာသဖြင့် တကောင်းနီကယ်စက်ရုံ အလုပ်သမားများဆန္ဒပြ
May 17, 2017 Asian Fame

12:18 pm
ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာသဖြင့် တကောင်းနီကယ်စက်ရုံ အလုပ်သမားများဆန္ဒပြ

ရဲလွင်

ရန်ကုန်၊ မေ ၁၆

အလုပ်ထုတ်ခံရသည့် အလုပ်သမားကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိကောင်စီက ဆုံးဖြတ်ခဲ့သော်လည်း အလုပ်ရှင်က မလိုက်နာသဖြင့် တကောင်းနီကယ်စက်ရုံ အလုပ်သမားများ မေလ ၁၆ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။

အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရသည်ဟုဆိုကာ အဆိုပါစက်ရုံတွင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြစ်ပွားခဲ့ရာ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုထွန်းထွန်းဝင်းကို အလုပ်မှ ထုတ်ပယ်ခံခဲ့ရပြီး အဆို ပါကိစ္စကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အဆင့်ဆင့်ဖြင့် ဖြေရှင်းခဲ့သော်လည်း အဆိုပါ ပြဿနာမှာ ပြေလည်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးတွင် ခုံသမာဓိကောင်စီက အလုပ်မှထုတ်ခံရသူ ကိုထွန်းထွန်းဝင်းကို အလုပ်ပြန်လည် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်ကိုအလုပ် ရှင်က လိုက်နာခြင်းမရှိဘဲ တရားစွဲဆိုခံသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောသည်။ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ ညှိနှိုင်းဖျန် ဖြေရေး နောက်ဆုံးအဆင့် ဖြစ်သော ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိပါက မလိုက်နာသူသည် တရားစွဲဆိုခံ ရပြီး ဒဏ်ငွေကျပ်ဆယ်သိန်းပေး ဆောင်ရမည်ဟု ပါရှိသည်။

အလုပ် ထုတ်ခံရသော အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းက ”ခုံသမာဓိကောင်စီက အမိန့်ချတယ်။ အလုပ်ရှင်က မလိုက်နာဘူး။ တရားစွဲခံတယ်။ ဒီတော့ ဥပဒေအရ ဒဏ်ငွေဆယ်သိန်းပေးရမယ်။ ပြီးသွားပြီ။ ကျွန်တော်လည်း အလုပ်ပြုတ်သွားပြီ။ ဒါမဖြစ်သင့်ဘူး” ဟုပြောသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မေလ ၁၆ ရက်နေ့က စစ်ကိုင်း တိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တွင် ခုံသမာဓိကောင်စီ၏ ဆုံး ဖြတ်ချက်ကို မလိုက်နာသော အ လုပ်ရှင်ကို မြို့နယ် အလုပ်သမား ဦးစီးဌာနက တရားစွဲဆိုခဲ့ကြောင်း၊ မေလ ၂၅ ရက်နေ့တွင် တရားလိုပြသက်သေကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။အလုပ်ထုတ်ခံရသူ ကိုထွန်း ထွန်းဝင်းက ”ကျွန်တော်တို့ စာချွန်တော်ထပ်ပြီးတက်မယ်။ အလုပ်ပြန်ခန့်ဖို့အတွက်” ဟု ဆိုသည်။ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် အငြင်းပွား မှု ဖြေရှင်းရေး အမြင့်ဆုံးအဆင့် ဖြစ်သည့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာမှု မရှိပါက ဒဏ်ငွေသာ ပေးဆောင် ခိုင်းခြင်းကြောင့် ဒဏ်ငွေဆယ်သိန်း ပေးဆောင်ကာ အလုပ်သမားကို အလုပ်ထုတ်သည့်ကိစ္စများစွာ ဖြစ်ပွားလျက်ရှိသည်။ ယင်းနှင့် ပတ်သက်၍ ဥပဒေကို ပြန်လည် ပြင်ဆင်ပေးရန် အလုပ်သမားအရေး ဆောင်ရွက်သူများက အစိုးရထံ တောင်းဆိုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*