ခမ်းနားလှသည့် ဆက်တင် အပြင်အဆင်များကို မြင်တွေ့ရမည့် ဦးချမ်းသာ၏ သဘင်သက် နှစ် ၄ဝ ပြည့်ပွဲ

ခမ်းနားလှသည့် ဆက်တင် အပြင်အဆင်များကို မြင်တွေ့ရမည့် ဦးချမ်းသာ၏ သဘင်သက် နှစ် ၄ဝ ပြည့်ပွဲ
May 17, 2017 Asian Fame

3:30 pm
ခမ်းနားလှသည့် ဆက်တင် အပြင်အဆင်များကို မြင်တွေ့ရမည့် ဦးချမ်းသာ၏ သဘင်သက် နှစ် ၄ဝ ပြည့်ပွဲ

ChanTha(ရန်ကုန်၊ မေ ၁၅)

သဘင် မင်းသားကြီး ဦးချမ်းသာက သူ၏ သဘင်သက် နှစ် ၄ဝ ပြည့် ဖျော်ဖြေ ပွဲကို စက်တင်ဘာလ အတွင်း  ရန်ကုန်မြို့ ၌ ပြုလုပ် သွားမည်ဖြစ်သည်။

အဆိုပါ ဖျော်ဖြေပွဲကို အမျိုးသား ကဇာတ်ရုံတွင် ကပြနိုင်ရန် စီစဉ်လျက် ရှိကြောင်း၊ နှစ် ၄ဝ ပြည့် ဖျော်ဖြေပွဲသည် သူ၏ဘဝတွင် အမှတ်တရ ဖြစ်စရာပွဲကြီး တစ်ပွဲဖြစ်ခြင်းကြောင့် အကောင်းဆုံးဖြစ် အောင်ကြိုးစား သွားမည်ဖြစ်ကြောင်း၊  သဘင်သက်နှစ် ၄ဝ အတွင်း ရေးသားခဲ့ သည့် ပြဇာတ်ပေါင်း ၆ဝ ကျော်မှ ကောင်းနိုးရာရာ ပြကွက်များကို ထုတ် နုတ်ကာ တင်ဆက် သွားမည်ဖြစ်ပြီး ဆက်တင်ပိုင်း ဆိုင်ရာများကိုလည်း ခမ်း ခမ်းနားနား လုပ်ဆောင် သွားမည်ဖြစ် ကြောင်း ဦးချမ်းသာက ပြောသည်။

”ကျွန်တော်က ဆက်တင် သမားဖြစ် တော့ အစီအစဉ် အခမ်းအနားတွေကို ဆက်တင်တွေနဲ့ ရင်သပ် ရှုမောဖွယ်ဖြစ် အောင်ပြဖို့ရာ စီစဉ်ထားပါတယ်။ အခု ဆက်တင်ပညာရှင်တွေနဲ့လည်း ဆွေးနွေး ညှိနှိုင်းနေပါပြီ”ဟု ၄င်းက ပြောသည်။

ပွဲကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်တာ ပြုလုပ်မည် ဖြစ်၍ ဦးချမ်းသာ၏ တင်ဆင်မှုများ အပြင်  ရွှေမန်းသဘင် မျိုးဆက် များနှင့် အခြား သော သဘင့် ညီအစ်ကို မောင်နှမများ လည်းပါဝင်ကာ ဖျော်ဖြေ တင်ဆက်ကြ မည်ဟု သိရသည်။

”ကျွန်တော် ကိုယ်တိုင် ရေးသားခဲ့တဲ့ သီချင်းတွေနဲ့ ကျွန်တော်ကိုယ်တိုင် ရေးသားခဲ့တဲ့ အော်ပရာတွေကို ကျွန် တော်ရဲ့ သား တပည့်လေးတွေ၊ သမီး တပည့်လေးတွေ နဲ့အတူ အနုပညာရှင် မောင်နှမတွေ ဝိုင်းဝန်းပြီးတော့ အရှိန် မပျက်အောင် တင်ဆက်သွားမယ့် အစီ အစဉ်တွေ လုပ်ထားပါတယ်။ ‘မောင်လေး ချစ်တဲ့မမ’ ပြဇာတ်က ကျွန်တော့်ရဲ့ ပထမဆုံး ကခဲ့တဲ့ ပြဇာတ်လေးပါ။ အဲဒီ့ ပြဇာတ် ကိုလည်း ကပါမယ်။ ကျွန်တော် ချမ်းသာရယ် လို့ ဖြစ်လာတဲ့ပြဇာတ်လေး တွေကို အကုန်ပြချင်ပါတယ်”ဟု ၄င်းက ပြောသည်။

ဖျော်ဖြေပွဲတွင် ပြဇာတ်များ၊ အော် ပရာများအပြင် နှစ်ပါးသွားလည်း ကပြ သွားမည်ဖြစ်ပြီး ပရိသတ်များနှင့် ဦးချမ်းသာ အတွက် အမှတ် တရဖြစ်စေရန် DVD ပြန်လည် ထုတ်လုပ် ဖြန့်ချိရန်လည်း စီစဉ်ထားကြောင်း သိရသည်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*