ရှေးဟောင်းခံတပ်များကို သမိုင်းကြောင်းဆိုင်ရာဒေသအဖြစ် ဖော်ထုတ်ကာ ခရီးသွားများအား ဆွဲဆောင်မည်

ရှေးဟောင်းခံတပ်များကို သမိုင်းကြောင်းဆိုင်ရာဒေသအဖြစ် ဖော်ထုတ်ကာ ခရီးသွားများအား ဆွဲဆောင်မည်
May 17, 2017 Asian Fame

2:27 pm
ရှေးဟောင်းခံတပ်များကို သမိုင်းကြောင်းဆိုင်ရာဒေသအဖြစ် ဖော်ထုတ်ကာ ခရီးသွားများအား ဆွဲဆောင်မည်

Thapyatan Khan Tauk (Photo .. ...

အိမ်စည်စိုးစံ
ရန်ကုန်၊ မေ ၁၅

သမိုင်းကြောင်းများကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်၍ ရှေးဟောင်းခံတပ်များအား သမိုင်းကြောင်းဆိုင်ရာဒေသ (Historical Park) အဖြစ် ဖော်ဆောင်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်မှ သိရသည်။

ရှေးဟောင်း ခံတပ်များဖြစ်သည့် အင်းဝဆင်ကျုံးခံတပ်၊ စစ်ကိုင်း သပြေတန်းခံတပ်နှင့် အစေခံ ခံတပ်အပါအဝင် အင်းဝမြို့ဟောင်း၊ မြနန်းစံကျော်ရွှေ နန်းတော်တို့အား သွားရောက်လေ့လာမှုများ ပြုလုပ်နေပြီး အဆိုပါနေရာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား နှစ်ရှည်ငှားရမ်း၍ (Historical Park) အဖြစ် ဖော်ဆောင်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံခရီးသွားအ ဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောသည်။

”ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ အဲဒီနေရာတွေကို ကျွန် တော်တို့ လိုက်ကြည့်ပြီးနေပါပြီ။ အဲဒီနေရာတွေကို စိတ်ဝင်စားတဲ့ အသင်း အဖွဲ့အစည်းတွေ ကုမ္ပဏီတွေကိုလည်း ဖိတ်ခေါ်ပြီး ဒီအပတ်ထဲမှာပဲ သူတို့ရဲ့ ကုမ္ပဏီ ပရိုဖိုင်းတွေဖြစ်တဲ့ သူတို့ဘာ လုပ်ခဲ့ကြလဲ၊ သူတို့ ဘာတွေ လုပ်ဆောင် ပေးနိုင်လဲ ဒီဟာနဲ့ ပတ်သက်လို့ သူတို့ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာတွေကို သွားကြည့်ကြပါတယ်။ ကုမ္ပဏီတွေကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနဲ့ ပေါင်းပြီးတော့ ရွေးချယ်သွားမှာ ပါ။ သက်တမ်းအားဖြင့်ကတော့ လေးငါးနှစ်နဲ့ လုပ်လို့မရတဲ့အတွက် ဘယ်လောက်တော့ ရင်းနှီးမြှုပ်နှံနိုင်မယ်။ ဘာတွေ လုပ်ပေးမယ်ဆိုတာတွေကို ကြည့်ပြီးတော့ ဘယ်သူက အကောင်းဆုံးလုပ်မှာလဲဆိုတာတွေအပေါ် မူတည် ပြီးတော့ အဆင့်ဆင့် ရွေးချယ်သွား မှာပါ” ဟု ၎င်းက ပြောသည်။

(Historical Park) အဖြစ် ဖော်ဆောင်ခြင်းသည် အများပြည်သူ ပိုမိုလေ့လာနိုင်ရန် စနစ်တကျရှိစေလိုခြင်း၊ သမိုင်းကြောင်းအား ပြန်လည် ဖော်ထုတ်လိုခြင်း၊ အမွေအနှစ်များကို ထိန်းသိမ်းလိုခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ဖော်ဆောင်ခြင်းဖြစ်သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်အေးမိစိန်က ပြောသည်။

အဆိုပါနေရာများ (Historical Park) အဖြစ် ဖော်ဆောင်ရာတွင် အမှတ်တရအရောင်းဆိုင်များ၊ နားနေဆောင်များ၊ စားသောက်ဆိုင်များ စသည်ဖြင့် ထည့်သွင်းလုပ်ဆောင်သွားရန် စီစဉ် ထားကြောင်းနှင့် ယင်းသို့လုပ်ဆောင် ခြင်းဖြင့် ခရီးသွားများအား ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဦးခင်အောင်ထွန်းက ပြောသည်။ ”ဒါတွေက အခုအနေအထားမှာ ပစ်ထားရသလိုဖြစ်နေတယ်။ ထိန်းသိမ်း စောင့်ရှောက်ဖို့ မလုပ်နိုင်ဘူး။ ကျွန် တော်တို့က ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ လုပ်ဆောင်ရမယ်ဆိုတာ မျိုးဖြစ်နေတယ်။ ဒီနေရာတွေက ခရီးသွားတွေ လာရောက်မှုတွေကတော့ အင်းဝဘက်မှာတော့ရှိပါတယ်။ အခြား နေရာတွေကတော့ နည်းနေတာပေါ့” ဟု ၎င်းကပြောသည်။ အဆိုပါနေရာများသို့ ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံခြားဧည့်သည် တစ်သိန်း ရှစ်သောင်းခန့် ဝင်ရောက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*