နောက်ဆုံးပေါ် ကွန်ပျူတာ တိုက်ခိုက်မှု မြောက်ကိုရီးယား လက်ချက် ဖြစ်နိုင်ဟု သုတေသီတို့ဆို

နောက်ဆုံးပေါ် ကွန်ပျူတာ တိုက်ခိုက်မှု မြောက်ကိုရီးယား လက်ချက် ဖြစ်နိုင်ဟု သုတေသီတို့ဆို
May 17, 2017 Asian Fame

11:48 am
နောက်ဆုံးပေါ် ကွန်ပျူတာ တိုက်ခိုက်မှု မြောက်ကိုရီးယား လက်ချက် ဖြစ်နိုင်ဟု သုတေသီတို့ဆို

Hack(နယူးယောက်၊ မေ ၁၆)

မိုက်ခရိဆော့ဝင်းဒိုးစ် အသုံးပြုသည့် ကမ္ဘာတစ်ဝန်းမှ ကွန်ပျူတာ ၃သိန်းခန့်ဆီသို့ ကပ်ငြိကူးစက်တိုက်ခဲ့သည့် WannaCry ဟု အမည် တွင် သည့် ဆိုက်ဘာ တိုက်ခိုက်မှုသည် မြောက်ကိုရီးယားတို့နှင့် ဆက်စပ်မှု ရှိနိုင်ဖွယ်ရာ အထောက်အထား များတွေ့ရကြောင်း ဆိုက်ဘာ လုံခြုံရေးသုတေသီတို့ကပြောကြားသည်။

”အခု တိုက်ခိုက်မှုဟာ မြောက်ကိုရီးယား ကွန်ပျူတာ ဟက်ကာတွေ လုပ်တဲ့ အဖျက်အမှောင့် ကွန်ပျူတာ ပရိုဂရမ်တွေနဲ့ ဆင်တူနေ တယ်” ဟု တောင်ကိုရီးယား မှ ဆိုက်ဘာလုံခြုံရေး ပညာရှင် ဆိုင်မွန်ချွိုင်း ကပြောသည်။

”အခု ဆိုက်ဘာတိုက်ခိုက်မှု အတွက် ငွေပေးတဲ့အခါ ဆက်သွယ်ရမယ့် အင်တာနက်လမ်းကြောင်းဟာ အရင်မြောက်ကိရီးယားတွေ သုံးခဲ့တဲ့ လမ်းကြောင်းနဲ့ တစ်ခုထဲ လိုလိုဖြစ်နေတယ်”ဟုလည်း အခြားကွန်ပျူတာ လုံခြုံရေးပညာရှင် တစ်ဦးဖြစ်သည့် ဂျွန်မီလာ ကပြော ပါသေး သည်။

အမေရိကန်နှင့် ဗြိတိန်နိုင်ငံ တို့မှ ကွန်ပျူတာ လုံခြုံရေး ဆိုင်ရာ အာဏာပိုင်အဖွဲ့တို့ကမူ ယခုတိုက်ခိုက်မှုကို မည်သူ့ လက်ချက်ကြောင့်ဟု တစ်ထစ်ချပြောရန် အချိန် စောလွန်းနေသေးကြောင်း ပြောကြသော် လည်း မြောက်ကိုရီးယား တို့၏တိုက်ခိုက်မှုဟု ပြော ဆိုနေကြခြင်း တို့ကို ငြင်းပယ်သည့် အချက်တစ်ခုမျှကိုမပြောကြပါ။

ယခုဖြစ်ပွားလျှက် ရှိသည် ဆိုက်ဘာတိုက်ခိုက်မှုသည် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ နံနက်ပိုင်း ကတည်းကပင်လျှင် ကမ္ဘာတစ်ဝန်းရှိ မိုက်ခရိုဆော့ဝင်းဒိုးစ် အသုံးပြုသည့် ကွန်ပျူတာများ ဆီသို့ ပြန့်နှံ့ရောက်ရှိခဲ့ပြီး ယင်းကွန်ပျူတာတို့ အတွင်းမှ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အခြား ဖိုင်များနှင့် သတင်းအချက်အလက်များကို ပိုင်ရှင်ဖြစ်သူ အသုံးပြု၍ မရစေရန်ပြုလုပ် လိုက်ပြီးနောက် ယင်းဖိုင်များကို မူရင်း အတိုင်းပြန် လိုချင်ပါက ၇၂ နာရီ အတွင်း ကန်ဒေါ်လာ ၃၀၀ လွှဲပေးရမည်ဟု တောင်းဆိုခြင်းဖြစ်သည်။ ထို့အပြင် နမူနာ သဘော အဖြစ် ဖိုင် အနည်းငယ်ကို မူလ အတိုင်းပြန်လည် ပြုလုပ်ပြလိုက်သေးသည်။

လက်ရှိအချိန်တွင်မူ သုတေသီများနှင့် ပညာရှင်များ တို့က အကာအကွယ် များပြုလုပ်ပေးနိုင်ပြီ ဖြစ်သော်ငြား နိုင်ငံပေါင်း ၁၅၀ ခန့်ရှိ အစိုးရ အဖွဲ့များ၊ ဆေးရုံများနှင့် ကော်ပိုရေးရှင်း များရှိ ကွန်ပျူ ၃ သိန်းခန့်မှာမူ ယင်းတိုက်ခိုက်မှု ကို ခံခဲ့ကြ ရပြီဖြစ်သည်။

PN002
Ref: Researchers say global cyber attack similar to North Korean hacks

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*