အသည်းရောင်အသားဝါ စီ လူနာ ၂ဝဝဝ ကို ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ ကုသပေးမည်

အသည်းရောင်အသားဝါ စီ လူနာ ၂ဝဝဝ ကို ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ ကုသပေးမည်
May 17, 2017 Asian Fame

1:59 pm
အသည်းရောင်အသားဝါ စီ လူနာ ၂ဝဝဝ ကို ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ ကုသပေးမည်

PN -042
ရန်ကုန်၊ မေ ၁၅

ယခုလ နောက်ဆုံးပတ်မှစ၍ အသည်းရောင်အသားဝါ စီ လူနာ ၂ဝဝဝ ကို အခမဲ့ဆေးကုသပေး တော့မည်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အမျိုးသား အသည်းရောင် အသားဝါရောဂါ ကာကွယ်ထိန်း ချုပ်ရေး စီမံချက်ဖြင့် အခမဲ့စတင် ကုသပေးခြင်းဖြစ်ပြီး အသည်း ရောင် အသားဝါ စီ ရောဂါလူနာ ၁၂ဝဝ ဦး၊ အသည်းရောင် အသား ဝါ စီ နှင့် HIV ပူးတွဲဖြစ်ပွားနေသူ ၈ဝဝ တို့ကို စတင်ကုသပေးမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

”လူတစ်ဦးကို ဆေးကုသ စရိတ်ကျပ်သိန်း ၂ဝ လောက်ကုန်ပါတယ်။ ဒါက ဝန်ကြီးဌာနဘတ်ဂျက်တင်မက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လုပ် ဆောင်ရတာပါ” ဟု ၎င်းကပြောသည်။ ဆေးကုသခွင့် ရရှိမည့်လူနာ များကို ဦးစားပေးရွေးချယ်ရာတွင် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း၊ အသည်းရောင် အသားဝါ စီ ရောဂါပိုးကိုကာကွယ် နိုင်ရန်အတွက် သွေးနှင့်သွေး ပစ္စည်းများ၏ ဇီဝလုံခြုံမှုအဆင့် အတန်း အပြည့်အဝရရှိရန်လိုအပ် ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေလ ၁၂ ရက်တွင် ဝန်ထမ်းများ နှင့်တွေ့ဆုံရာတွင် ပြောသည်။

မြန်မာနိုင်ငံတွင် လူဦးရေတစ်ရာ၌ အသည်းရောင် အသား ဝါ စီ ဖြစ်ပွားသူ ၂ ဒသမ ၆ ရာ ခိုင်နှုန်း (သုံးဦးခန့်) ရှိနေကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။ လက်ရှိတွင် လူဦးရေ ၂ဝဝဝ ကို စတင်ကုသပေးမည်ဖြစ်ကာ နောက်ပိုင်းတွင် အစိုးရထံမှ ဘတ်ဂျက်ရသည့် အခြေအနေပေါ်မူတည် ၍ အခမဲ့ကုသပေးခြင်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*