အဂတိ လိုက်စားပြီး ထွက်ပြေးနေသည့် တရားရေး ဝန်ထမ်း အပါအဝင် တရားခံပြေး ၆ ဦး ရှိကြောင်း ကော်မရှင် သတင်း ထုတ်ပြန်ထား

အဂတိ လိုက်စားပြီး ထွက်ပြေးနေသည့် တရားရေး ဝန်ထမ်း အပါအဝင် တရားခံပြေး ၆ ဦး ရှိကြောင်း ကော်မရှင် သတင်း ထုတ်ပြန်ထား
May 17, 2017 Asian Fame

1:30 pm
အဂတိ လိုက်စားပြီး ထွက်ပြေးနေသည့် တရားရေး ဝန်ထမ်း အပါအဝင် တရားခံပြေး ၆ ဦး ရှိကြောင်း ကော်မရှင် သတင်း ထုတ်ပြန်ထား

(ရန်ကုန်၊ မေ ၁၆)

အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေအရ ၃ နှစ်တာကာလ အတွင်း အရေးယူ တရားစွဲဆိုလိုက် သည့် စုံစမ်းစစ်ဆေးမှု ၃ဝ ကျော် တွင် တရားခံပြေး ၆ဦး ရှိနေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေညာထားသည်။

တိုင်ကြားစာများ အပေါ် အ ရေးယူ ဆောင်ရွက်ထားမှုနှင့် စပ် လျဉ်း၍ ကော်မရှင်က သတင်း ထုတ်ပြန်ထားရာတွင် ထွက်ပြေးနေ သည့် တရားခံ အများစုမှာ တရား စွဲဆိုခံထားရသည့် တရားရေးဝန် ထမ်းတို့ဖြစ်ကြပြီး၊ ထိုထဲတွင်ယခင် အစိုးရ လက်ထက်က တရားစွဲခံ ထားရသူ ၄ ဦး ပါဝင်နေသည်။

ယခင် အစိုးရ လက်ထက်က ထွက်ပြေးနေ သူများမှာ ဆရာ၊ ဆရာမ နားနေဆောင် ဆောက်လုပ် နေမှုကို လာဘ်ငွေ တောင်း ခံခဲ့ သော ညွှန်ကြားရေးမှူးချုပ်နှင့် အ ဆင့်တူသည့် ပညာရေးဝန်ကြီး ဌာနက ပါမောက္ခချုပ် တစ်ဦး၊ တရားလိုထံမှ ၃ သိန်း တောင်းခံ သည့် တွဲဖက်မြို့နယ် တရားသူကြီး တစ်ဦး၊ ပြစ်မှုဆိုင်ရာ ကိစ္စနှင့်ပတ် သက်၍ လာဘ်ငွေ တောင်းခံသည့် ဒုတိယခရိုင် တရားသူကြီး တစ်ဦး နှင့် တရားမကြီးမှု တစ်ခုတွင် တရားလို တစ်ဦးထံမှ လာဘ်ငွေ ၁ သိန်းတောင်းခံသည့် တွဲဖက်မြို့နယ် တရားသူကြီးတစ်ဦး တို့ ဖြစ်သည်။

ယခု အစိုးရ လက်ထက်တွင် ထွက်ပြေးနေသည့် တရားခံပြေး တို့မှာ ယစ်မျိုး ဥပဒေနှင့် တရားစွဲ ဆိုခံရ သူများထဲမှ ငွေမပေးသူ ကို ထောင်ချသည့် မြို့နယ်တရားသူ ကြီးတစ်ဦး၊ ပညာရေး ဝန်ထမ်းများ ရာထူးတိုး လျှောက်ထားမှုအပေါ် လာဘ်စားမသမာမှု လုပ်သည့် မြို့ နယ်ပညာရေးမှူး တစ်ဦးတို့ ဖြစ် သည်။

ရဲတပ်ဖွဲ့က တရားခံပြေးများ ကို ဖမ်းဆီးရမိနိုင်ရေး ဆောင် ရွက်နေသည်ဟု ပြောသည်။

ထိုထဲမှ အချို့သည် တိမ်း ရှောင် လွတ်မြောက်နေသည်မှာ ၂ နှစ်ကျော် ကြာနေပြီ ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေ တစ်ဦးဖြစ်သူ ဦးရောဘတ်စန်း အောင်က ”စိစစ်စစ်ဆေးမှုက   ကြန့်ကြာပုံရှိလိမ့်မယ်။ ဒါ့ကြောင့် ထွက်ပြေးသူ များလာတာ” ဟု သူ့အမြင်ကို ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင် စဖွဲ့သည့် ၂ဝ၁၄ မတ်လ ၁ဝ ရက်နေ့ မှ ၂ဝ၁၇ ဧပြီ ၃ဝ ရက်နေ့အထိ ကော်မရှင်ထံ လိပ်မူပေးပို့သည့် တိုင်ကြားစာ အ ပါအဝင် မိတ္တူပေးပို့သည့် တိုင် ကြားစာ စုစုပေါင်း ၃၁၁၉ စောင် ရှိနေသည်။

ရန်ကုန်က တိုင်ကြားလာသည့် တိုင်စာသည် အများဆုံး ဖြစ်ပြီး မန္တ လေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတို့က လာသည့် တိုင်စာသည် ဒုတိယ အများဆုံးဖြစ်သည်။

ထိုထဲတွင် တာဝန်ပေးမှုအပါ အဝင် အဂတိလိုက်စားကြောင်း ဖော်ပြ တိုင်တန်းလာမှုသည် ၆၇ မှုသာရှိသည်။ ကျန်တိုင်စာတို့သည် ဌာနဆိုင်ရာကိစ္စများ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စများ၊ မြေယာကိစ္စများ နှင့် စီမံခန့်ခွဲမှု အမှားများတို့သာ ဖြစ်သည်။

အဂတိ လိုက်စားကြောင်း ဖော်ပြတိုင်တန်းလာမှု ၆၇ မှုထဲမှ အချို့ကို စစ်ဆေးပြီး တရား ရုံးတော်က အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ် အပါအဝင်  ပြစ်ဒဏ် ချခံလိုက်ရသူ ၉ ဦး ရှိသွားပြီ ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*