စစ်ကိုင်းတိုင်းအတွင်း စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ပါက ဥပဒေနှစ်ရပ်ဖြင့် အရေးယူမည်

စစ်ကိုင်းတိုင်းအတွင်း စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ပါက ဥပဒေနှစ်ရပ်ဖြင့် အရေးယူမည်
May 17, 2017 Asian Fame

2:05 pm
စစ်ကိုင်းတိုင်းအတွင်း စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ပါက ဥပဒေနှစ်ရပ်ဖြင့် အရေးယူမည်

လင်းဟိန်း
ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း ခရိုင်ရုံးစိုက်သည့်မြို့နယ်များတွင် စည်းကမ်မဲ့ အမှိုက်စွန့်ပစ်မှုများကို ဥပဒေနှစ်ရပ်ဖြင့် စီမံချက်ချကာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

ခရိုင်ရုံးစိုက်ရာ မြို့ကြီးများဖြစ်သော စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကသာ၊ ကလေးနှင့် ခန္တီးမြို့တို့ တွင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး မြို့တော်သန့်ရှင်းသာယာရေး အတွက် စီမံချက်ချလုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။ ”စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့ သူတွေကိုစည်ပင်ဥပဒေနဲ့ အရေး ယူမယ်။ အဲဒီနည်းနဲ့မရရင် စီမံ ခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်”ဟု ဦးမြင့်ကြည်က ပြောသည်။ ခရိုင်ရုံးစိုက်ရာမြို့များတွင် ခရီးသွားများကို ဆွဲဆောင်နိုင် စေ ရန်အတွက် လမ်းမကြီးများ၊ ဈေးများနှင့် အထင်ကရနေရာ များကို ဖော်ထုတ်ပြီး ပြန်လည်ပြု ပြင်မှုများ ဆောင်ရွက်နေကြောင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ခရိုင်ရုံးစိုက်ရာ မြို့ကြီးများ အပြင် အခြားမြို့နယ်များတွင် လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ထိထိရောက်ရောက် အရေးယူရန် ညွှန်ကြားထားကြောင်း ဦးမြင့်ကြည်က ပြောသည်။ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ် ခြင်းကြောင့် မြို့အလှကို ပျက်စီး စေပြီး ခရီးသွားလာရောက်မှု နည်းပါးစေကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေ ကြောင်း၊ လက်ရှိတွင် ခန္တီးမြို့နေ ပြည်သူများက ချင်းတွင်းမြစ် အတွင်းသို့ စည်ကမ်းမဲ့အမှိုက်စွန့်ပစ် နေကြပြီး ထိုသို့စွန့်ပစ်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းအပြင် ချင်းတွင်းမြစ်ရေ တားတာပေါင် တစ်လျှောက်တွင် အဆောက်အအုံ ဆောက်လုပ် ကြ သူများလည်းရှိနေပြီး၎င်းတို့ကို ဖျက်သိမ်းစေကာ ယင်းတာပေါင် ပေါ်တွင် အားကစားလေ့ကျင့်ခန်း ပြုလုပ်ရန်နေရာများ၊ အပန်းဖြေ ရန် နေရာများကို တည်ဆောက် သွားမည်ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*