ပြည်သူတီးတဲ့တရားစည် ပီပီသသမည်ပါစေ

ပြည်သူတီးတဲ့တရားစည် ပီပီသသမည်ပါစေ
May 16, 2017 Asian Fame

4:15 pm
ပြည်သူတီးတဲ့တရားစည် ပီပီသသမည်ပါစေ

Tayarsi (2)

လူသွားလှေကားပေါ်ထိ ဈေးခင်း နေကြပါပြီ

တာဝန်ရှိသူများခင်ဗျာ ရွှေတိဂုံစောင်းတန်းမှ ဈေးသည်အချို့ကတော့ ရဟန်းရှင် လူပြည်သူများ သွားလာရာ လှေကားအထိ ပစ္စည်းများ ခင်းကျင်းရောင်းချလျက်ရှိနေ ကြပါတယ်။ ရှောင်ကွင်းသွားလာနေကြရ ပြီး မြင်တွေ့ရတဲ့မြင်ကွင်းဟာလည်း အလွန်အမင်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါတယ်။ တာဝန်ရှိသူတွေ ကြီးကြပ်ပေးနိုင်ဖို့တင်ပြပေးလိုက်ရပါတယ်။ ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်ခ်မှာ တက်လာတဲ့ပုံကို ယူသုံးထားတာပါ။ မူရင်းရိုက်သူကို ကျေးဇူးတင် ပါတယ်။

ဦးလေးကြီး

tys

သွားလာရခက်ခဲတဲ့ လမ်းပိုင်းကို ကောင်းစေလို

ပဲခူးဘွဲ့ချင်အုပ်စု ကန္နားစုရွာနဲ့ဂျို့ချောင်းအုပ်စုကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထလမ်းပိုင်းဟာ ပုံပါအတိုင်း ဖြစ်နေပါတယ်။ မကြာခင်
မုတ်သုံဝင်တော့မှာဖြစ်တာကြောင့် ရပ်ဝေး၊ ရပ်နီးက ဆရာတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ရဟန်းရှင်လူတွေ သွားလာရေးမခက်စေဖို့ ကူညီပေးစေလိုပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူထံသို့ လေးစားစွာတင်ပြအပ်ပါတယ်။

ဒေသခံရွာသား

Tayar Si (2)

ဘယ်သူ့မှာ တာဝန်ရှိလဲ မေးခွန်း ထုတ်လိုက်တဲ့ ရေနံချောင်းက ဖြစ်စဉ်

ရေနံချောင်း သပြေတန်းချောင်းရဲ့ ဖြစ်စဉ်ကတော့ သနားစရာ ကောင်းနေပါပြီ။ ရေထွက်ပေါက်မရှိတော့ ခုလိုဖြစ်နေပါတယ်။ အိမ်တွေက ချဲ့၊ ချောင်းထဲ အမှိုက် တွေပစ်ကြတော့ ချောင်းပတ်ဝန်းကျင်ရပ်ကွက် က လူစုပြီး တံတားအောက်က အမှိုက်တွေရှင်းလည်း ခဏပါပဲ၊ မည်သူ့မှာ တာဝန်ရှိပါသလဲ။

အောင်ဖြိုးသက်

Tayarsi (1)

ကျွန်တော်တို့ချစ်သော မြန်မာပြည်ကို အမှိုက်ပုံအတွင်းမှ ကယ်တင်ကြပါစို့

ပင်လယ်ကမ်းခြေမှာ သာသာယာယာ ရှိနေတာကို အကျည်းတန်စေတဲ့ အဖြစ်အပျက်ပါ။ ထုံးစံအတိုင်း Hotel တွေဟာ သူတို့ရှေ့မှာရှိတဲ့ ကမ်းခြေကို အပိုင်စားရကြတော့ ပြင်ပလူတွေလာတာကို သိပ်မနှစ်မြို့ပါ။ တရားဝင်တား မြစ်ထားတာမရှိပေမယ့် တော်ရုံတန်ရုံ လူကလည်းရှိန်ကြတော့ ရေဆင်းကူးဖို့ နေရာ ရှားလာပါတော့တယ်။ အများ ပြည်သူနေရာဆိုပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက စီစဉ်ပေးလို့ ပြည်သူတွေ ရေကောင်းကောင်းကူးရန် ပျော် ရွှင်စွာ ဆော့ကစားရန် ငပလီကမ်းခြေ တစ်လျှောက် ၅ နေရာ တွေ့ခဲ့ရလို့ ဝမ်း မြောက်မိပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ ဟိုတယ်ဘေးကပ်လျက်မှာ အများ ပြည်သူအတွက် နေရာတစ်ခုကကပ်လျက် ရှိနေခဲ့ပါတယ်။ ပြဿနာကတော့ ဈေးဆိုင်တွေဖွင့်ပြီး အမှိုက်တွေကို ဒီအတိုင်း ကမ်းခြေမှာပုံထားပါတယ်။ မူးကြပြီး အပျော်လွန်ကာ ရိုက်ခွဲထားကြ တဲ့ အရက်ပုလင်းကွဲတွေ သဲသောင်ပြင်မှာ ဒီအတိုင်းပါ။ ကျွန်တော်နဲ့ဖြိုး မနက် စောစောလမ်းထလျှောက်တာ ရေကလည်း တက်လာချိန်ဆိုတော့ အမှိုက်ပုံတွေဟာ ပင်လယ်ထဲကို ဒီအတိုင်း မျောသွားတာလည်း တွေ့ရတယ်။ လှိုင်းပုတ်လို့ ပြန်တက်လာ ပြန်တင်နေ တာတွေလည်းရှိတယ်။ ၎င်းဟိုတယ်ဝန်ထမ်းတွေက သူတို့ရှေ့က သဲသောင်ပြင်ကို မနက်တစ်ခါ ညနေတစ်ခါ သန့် ရှင်းရေးလုပ်၊ အမှိုက်ကောက်ချိန်မှာ တာဝန်မဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေ ဝန်ထမ်းတွေက သူတို့မှာ တာဝန် မရှိ သလို လက်ပိုက်ကြည့်ပြီး မရှက်မရွံ့နေ နိုင်ကြတာ အံ့သြစရာ၊ နောက်ပြီး နာမည် ကျော် ပုလဲကျွန်းကို သွားခဲ့ပြန်တော့ တာဝန်မဲ့သူ ဆိုင်ရှင်တွေ၊ လာလည်ကြ တဲ့ စည်းကမ်းမရှိ အမှိုက်ပစ်သူတွေ ကြောင့် မြင်ရက်စရာမရှိ ယင်ကောင် တလောင်းလောင်း အမှိုက်ပုံကြီးတွေ သောင်ပြင်မှာ အပြည့်၊ ရေကြည်လွန်းလို့ နာမည်ကြီးပြီး Snorkeling လုပ်နေကြတဲ့ ရေပြင်အထက်မှာ စာြး<ွကင်းစားကျန် များနဲ့ ဖော့ဘူးတွေ၊ ဘီယာဘူး တွေက လည်း ပြန့်ကျဲလို့၊ ကိုယ်က မနေနိုင်လို့ အဲဒီလူတွေကို အမှိုက်သိမ်းစနစ် မရှိဘူးလား အမှိုက် ဒီလိုစွန့်ရင် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တယ်လို့ ပြောမိလို့ ကိုယ့်ကို
ဘယ်ကငကြောင်လဲ၊ ဘာတွေ လာပြောနေလဲဆိုတဲ့ပုံစံနဲ့ တုံ့ပြန် ခံခဲ့ရပါတယ်။ တစ်ယောက်က ဖြေသေးတယ်။

ရေတက်ရေကျရှိတာ ဒီလိုပဲ ပင်လယ်ရေထဲပါသွားမှာ ဘာမှလုပ် စရာမလိုပါတဲ့။ ဟုတ်ပါတယ် ပင်လယ် ရေထဲပါသွားပြီး ဒီရေ ပြန်တက်လာလို့ ချောင်းရိုးထဲ အမှိုက်မျိုးစုံ ပြန်ဝင်လာပြီး ရေပုပ်စော်နံကာ ဖော့ဘူးတွေ၊ ပလတ် စတစ်အိတ်တွေ၊ ဘီယာဘူးခွံတွေနဲ့ ပြည့်နေတာ ကိုယ့်ဆိုင်ရှေ့မရှိ ကိုယ် မဆိုင် စိတ်ဓာတ်တွေကြောင့် အတော်လေး ရင်လေးမိပါတယ်။ နိုင်ငံခြားအထင်ကြီးလို့ ပြောရခြင်းမဟုတ်ပါ။ ထိုင်းနိုင်ငံ ကော့စမွေကျွန်းကို သွားလယ်တော့ အဲ့ဒီမှာ ဒီလိုရေးထားပါတယ် Welcome to you leaving your foot prints only, sorry for your rubbish မင်းရဲ့ခြေရာတွေသာ ဝမ်းမြောက်ဝမ်း သာလက်ခံတယ် အမှိုက်များတော့ Sorry ပါတဲ့လေ။ အခု မြန်မာပြည်ရဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းလာတာရယ်၊ ခရီးသွားလုပ်ငန်း တိုးတက် လာတာရယ်ကြောင့် ကျွန်းတွေတော် တော်များများသွားနိုင်ကြပြီ သိရလို့ ဝမ်းသာလှပေမယ့် ယခုလို တာဝန်မဲ့လုပ်ရပ်တွေကြောင့် Mother Nature ပျက်စီးနေတာတွေအတွက်လည်း စိတ် မကောင်းဖြစ်လှတယ်။ စင်ကာပူနိုင်ငံကြီး သန့်ရှင်းတာမနေ့က စတာမဟုတ်ပါ။ လွန်ခဲ့သော အနှစ် ၃ဝ လောက်က အမှိုက်ပစ်ရင်၊ စည်းကမ်းမဲ့ရင် ပြင်း ထန်သော ငွေဒဏ်၊ ကြိမ်ဒဏ်တွေနဲ့ အရေးယူခဲ့လို့ပါ။ ဆုပေးဒဏ်ပေးစနစ်တော့ ရှိသင့်ပါပြီ။ တာဝန်ရှိသူများက မူဝါဒ လေးချပေးပြီး စည်းကမ်းတကျ ဖြစ်စေ လိုပါတယ်။ သားရေပေါ်အိပ်သားရေ နားစား၊ အရိပ်နေနေအခက်ချိုးချိုး ဒီပင်လယ်ကမ်းခြေကိုအမှီသဟဲပြုပြီး ဒီ ပင်လယ်ပြင်ကမ်းခြေကိုမှ မငဲ့ကြည့် ကြရင် ဒီပင်လယ်ပြင်ကြီးရဲ့ ဒဏ်ခတ်မှုကိုခံကြရတော့မှာ အသေအချာပါ။ကျွန် တော်တို့ အပျံစားဟိုတယ်မှာ ဇိမ်ကျကျ နေခဲ့ကြပေမယ့် ကိုယ်နဲ့မဆိုင်လို့ ခံယူ ရင်လည်းရတာပေါ့။ ဒါပေမယ့် မနေ နိုင်လွန်းလို့ ဒီ Post ကိုရေးရတာပါ။ အေးဆေးတဲ့ဖြိုးက မရေးဖို့တားတယ်။ ကျွန်တော်တို့နှစ်ယောက် မနက် လမ်း လျှောက်ရင်း ပုလင်းကွဲတွေလိုက်ကောက်ခဲ့သေးတယ်။ ကျွန်တော်လည်း နီးစပ်ရာကို လက်လှမ်းမီသလောက် အပြု သဘောပြောခဲ့ပါတယ်။ ချစ်မိတ်ဆွေ များကို တစ်ခါမှ ဒီလို မတောင်းဆိုဖူးပါ။ ဒီအကြိမ် တစ်ခုတောင်းဆိုချင်တာက တော့ ချစ်မိတ်ဆွေများရဲ့ ထပ်ဆင့်မိတ် ဆွေများထဲမှာ Authority ပေးနိုင်သူတွေ ထိရောက်စွာ ကူညီနိုင်သူတွေ ဖတ်မိစေခြင်းဖြင့် ကျွန်တော်တို့ ချစ်သော ငပလီ၊ ကျွန်တော်တို့ ချစ်သော မြန်မာပြည်ကို အမှိုက်ပုံတွင်းမှ ကယ်တင်ကြပါစို့။

မိုးမြတ်အောင်

(မှတ်ချက်။ ။ ဖော်ပြပါ တင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*