ရွှေတိဂုံသို့လာသော ပြည်ပဧည့်များအား ဝင်ကြေးတိုးကောက်မည်

ရွှေတိဂုံသို့လာသော ပြည်ပဧည့်များအား ဝင်ကြေးတိုးကောက်မည်
May 16, 2017 Asian Fame

4:38 pm
ရွှေတိဂုံသို့လာသော ပြည်ပဧည့်များအား ဝင်ကြေးတိုးကောက်မည်

Shwe Dagon 1

မေဇင်ဝင်း
ရန်ကုန်၊ မေ ၈

ရွှေတိဂုံစေတီတော်သို့ လာရောက်သော ပြည်ပဧည့်များအား ဇွန်လမှစ၍ တစ်ဦးလျှင် ကျပ်တစ်သောင်း ကောက်ခံမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ က ခရီးသွားအသင်းအဖွဲ့များအား ကြေညာထားသည်။

”ကျွန်တော်တို့အသင်းကို စာပို့ထားပါတယ်။ ပြန်အမ်းငွေ မလုံလောက်လို့ အခက်အခဲဖြစ်တဲ့အတွက်ကြောင့် အရင်ကောက်နေကျ ၈ဝဝဝ ကနေ တစ်သောင်းပြောင်း ကောက်တယ်လို့ပါတယ်”ဟု မြန် မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (MTGA) ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေတိဂုံဂေါပကအဖွဲ့သို့ဆက်သွယ် မေးမြန်းရာ ဝင်ကြေးတိုးကောက်ရန်အတွက် ဆွေးနွေးနေဆဲဖြစ်သော်လည်း တိုးကောက်သွားရန်အလား အလာများကြောင်း တာဝန်မှူးက ပြန်လည်ဖြေကြားသည်။ ရွှေတိဂုံစေတီသည် မြန်မာပြည်သို့ လာရောက်သော ပြည်ပဧည့်များ မသွားမဖြစ်သွားရောက် ကြသည့် အဓိကခရီးသွားနေရာ တစ်ခုဖြစ်ရာ ဝင်ကြေးပြောင်းလဲမည်ဆိုလျှင် ခရီးသွားလုပ်ငန်းများ သို့ အနည်းဆုံးခြောက်လကြိုတင် သတိပေးသင့်သည်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ဝန်ဆောင်မှုပိုင်းကိုလည်း မြှင့်တင်သင့်ကြောင်း MTGA ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက အကြံပြုသည်။ ”ဧည့်သည်ကို ရေသန့်ဘူးလေးပဲဖြစ်ဖြစ် ပြန်ပေးတာမျိုး၊ ဒါမှမဟုတ်လည်း ဘုရားပုံပါတဲ့ သော့ချိတ်လေးပဲဖြစ်ဖြစ် လက်ဆောင်ပြန်ပေးတာမျိုး လုပ်သင့်တယ်။ အဲလိုလုပ်ဖို့လည်း ကျွန်တော်တို့အသင်းအနေနဲ့ ဂေါပက အဖွဲ့ကို
အကြံပြုစာပို့ပေးပါမယ်” ဟု ၎င်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*