သားဖြစ်သူ မင်းရွှေရောင်တင် နှင့်အတူ နှစ်ပါးသွား အခွေ ထွက်ရန် အစီအစဉ်ရှိသည့် တင်မောင်ဆန်းမင်းဝင်း

သားဖြစ်သူ မင်းရွှေရောင်တင် နှင့်အတူ နှစ်ပါးသွား အခွေ ထွက်ရန် အစီအစဉ်ရှိသည့် တင်မောင်ဆန်းမင်းဝင်း
May 16, 2017 Asian Fame

4:45 pm
သားဖြစ်သူ မင်းရွှေရောင်တင် နှင့်အတူ နှစ်ပါးသွား အခွေ ထွက်ရန် အစီအစဉ်ရှိသည့် တင်မောင်ဆန်းမင်းဝင်း

MinShweYaungTin(ရန်ကုန်၊ မေ ၈)

တင်မောင်ဆန်းမင်းဝင်းသည် သားဖြစ်သူ မင်းရွှေရောင်တင်ကို အကနှင့် ပတ်သက်၍ ထပ်မံ သင်ကြား ပေးသွားမည်ဖြစ်ပြီး အကပိုင်းကို တတ်မြောက်သွားသည့် အခါ နှစ်ပါးသွား အခွေထွက်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။

မင်းရွှေရောင်တင်သည် အ သက် ၄ နှစ်သာ ရှိသေးသော်လည်း ဇာတ်သဘင် စင်မြင့်တွင် ဖခင်နှင့် အတူ ကပြ တင်ဆက်နေပြီဖြစ်ကာ ပရိသတ်များ၏ အားပေးမှုကို လည်း ရရှိထားသူ ဖြစ်သည်။ သား ဖြစ်သူကို ဇာတ်ခုံပေါ်တင် ရခြင်းမှာ ပရိသတ်များ၏ တောင်းဆိုမှုနှင့် ကလေး၏ ဝါသနာအရ ဖြစ်ကြောင်း တင်မောင်ဆန်းမင်းဝင်း က ပြော သည်။

”တကယ်တမ်း ထိထိမိမိ စာ လုပ်ရမယ့် အချိန်ရောက်ရင်တော့ သူ့ကို ကခိုင်းတော့မှာ မဟုတ်ပါ ဘူး။ အဲဒီ့ အတွက်လည်း ကျွန်တော့် ကိုနားလည်ပေးပါ။ ကလေးနောင် ရေးကောင်းဖို့ အတွက် ကလေးကို ချစ်တဲ့ ပရိသတ်တွေ နားလည်ပေး ကြပါလို့လည်း ကျွန်တော်ကြိုတင် တောင်းဆိုပါတယ်” ဟု သားဖြစ်သူ ၏ပညာရေးနှင့် ပတ်သက်၍ ၄င်းက ပြောသည်။

မင်းရွှေရောင်တင်သည် လက် ရှိတွင် KG တန်းကို စတင်တက် ရောက် သင်ကြားနေပြီး ပညာရေး အပိုင်းတွင် အားလျော့မှုမရှိအောင် လုပ်ဆောင် ပေးနေကြောင်းလည်း တင်မောင်ဆန်းမင်းဝင်း ကပြောသည်။

”လက်ရှိမှာတော့ ပညာရေးမှာ ဘယ်လောက် အထိသွားလဲဆိုတဲ့ အနေအထား တော့ သူ့ကိုစမ်းသပ် ပြီးပါပြီ။ သူ့ရဲ့ ဦးနှောက်က နဂို ကတည်းက သီချင်းတွေကို တစ်ခါ နားထောင်တာနဲ့ အလွတ်ရနေတဲ့ အတွက် ပညာရေးပိုင်း မှာလည်း နှောင့်နှေးမှု မရှိခဲ့ပါဘူး။ ကြိုးစား ချင်စိတ်ပဲလိုအပ်ပါတယ်။ အခုဟာ က ကြိုးစားနေတာက သဘင်ပိုင်း ကိုဖြစ်နေပါတယ်။ အဲဒီ့အတွက် သူ့ကိုနှစ်ဖက် မျှတအောင် လုပ် ဆောင်ခိုင်းမယ်။ နောက်ပိုင်းအတန်း တွေကြီးလာရင်တော့ ဇာတ်ခုံပေါ် မှာကဖို့ ပရိသတ်တွေ မျှော်လင့်တာ လေးတွေတော့ နည်းနည်းလျှော့ ပေးပါလို့ တောင်းဆိုပါရစေ” ဟု ¤င်းကပြောသည်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*