ရဲချုပ်ကောင်း အလိုရှိသည်

ရဲချုပ်ကောင်း အလိုရှိသည်
May 16, 2017 Asian Fame

3:51 pm
ရဲချုပ်ကောင်း အလိုရှိသည်

policeလက်ရှိအချိန်တွင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို CID တပ်ဖွဲ့မှူးဟောင်း ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်ဝင်း ဦးက ယာယီရဲချုပ်တာဝန်နှင့် မဟုတ်ဘဲ ခေတ္တရဲချုပ်တာဝန်ဖြင့် တာဝန်ယူလျက်ရှိပါသည်။ မကြာမီ ကာလတွင် ရဲချုပ်အသစ်သည် သူပင်ဖြစ်မလား သို့တည်းမဟုတ် အခြား မည်သူမည်ဝါဖြစ်လာမည် နည်းဆိုသည်ကိုမူ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေး။ ယင်းသို့ဆိုရသည်ကလည်း တာဝန်ရှိသူများက ယခုအချိန်အထိ တရားဝင်မကြေညာသေး၍ဖြစ်ပါ သည်။

ရုံးစာအရေးအသားများအရ၊ နိုင်ငံတော်ပြန်တမ်း အရေးအသားများအရ ခေတ္တနှင့်ယာယီသည် သဘောသဘာဝအားဖြင့် ကွဲပြားသည်။ အစိုးရက တာဝန်တစ်ခု ပေးအပ်ခန့်ထားတိုင်း ယာယီ အဖြစ် ဦးစွာခန့်အပ်သည်။ ပြီးမှ သာလျှင် အတည်ပြုခန့်ထားလေ့ ရှိသည်။ ခေတ္တတာဝန်ပေးအပ်သူတို့ကိုမူ များသောအားဖြင့် အတည် ပြု တာဝန်ခန့်ထားလေ့ မရှိတတ်။ အရေအတွက်အားဖြင့် မဆို သလောက်သာရှိသော ပုဂ္ဂိုလ် အချို့မျှကိုသာ အတည်ပြုခန့်အပ်ခဲ့သည့် အစဉ်အလာရှိသည်။

လက်ရှိဖြစ်ပေါ်နေသည့် အခင်းအကျင်းများအရဆိုရပါလျှင် ရဲချုပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်ကို အစိုးရဘက်ကရော တပ်မတော်နှင့် ပြည်ထဲရေးဘက်ကပါ သေသေချာချာ အချိန်ယူစဉ်းစား နေပုံပေါက်၏။ ထိုသို့ ဆိုရခြင်းက ရဲချုပ်ဇော်ဝင်း အငြိမ်းစားမယူသေးမီ လအတန်ကြာကပင်လျှင် ရဲချုပ်အဖြစ် လက်ရှိရဲချုပ်ဇော်ဝင်း ကိုပင် သက်တမ်းတိုးကာ ဆက်လက်ခန့်ထားမည်။ တပ်မတော် ဘက်မှ ဗိုလ်မှူးချုပ်တစ်ဦးကို ရဲချုပ်အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေမည်။ ဒုရဲချုပ်ကို ယာယီရဲချုပ်အဖြစ် ရာထူးတိုးပေးမည် စသည့် သတင်းများအမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၃၄ယောက် မြောက် ရဲချုပ်ဖြစ်လာမည့်ပုဂ္ဂိုလ် သည် အောက်ပါစွမ်းဆောင်ရည် များရှိရန်လို၏။ ယင်းက ရဲတပ်ဖွဲ့ ကို စွမ်းဆောင်ရည်ကောင်းသည့်၊ အရည်အသွေးထက်မြတ်သည့် တပ်ဖွဲ့ဖြစ်အောင်၊ ပြည်သူ အား ကိုးသည့်တပ်ဖွဲ့ဖြစ်အောင်လုပ်နိုင် ရမည်ဖြစ်သည်။ ငါးလောင်းပြိုင် အမှု၊ လေးလောင်းပြိုင်အမှုစသည့် နာမည်ကြီးမှုခင်းများကို လျင်မြန် စွာ မဖော်ထုတ်နိုင်သည့် လက်ရှိ ရဲတပ်ဖွဲ့ကို အပြောင်းအလဲ လုပ်ရ မည့်သူသည် တော်ရုံတန်ရုံအရည် အချင်းနှင့်မရနိုင်ချေ။ ဒီမိုကရေစီ အစိုးရလက်ထက်မှာမှ ရဲချုပ် ကောင်းကို မရှာနိုင်လျှင် ရဲတပ်ဖွဲ့ ၏ပုံရိပ်ကို နောင်တွင် မြှင့်တင်ဖို့ရာ လွယ်တော့မည် မဟုတ်။

လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၇) ပုဒ်မ ၃၃၈ အရ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး သည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင်ရှိနေသည်။ ရဲတပ်ဖွဲ့ သည်လည်း လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ တပ်မတော်၏ ကွပ်ကဲမှု အောက်တွင်ရှိနေသည်ဟု မှတ်ယူ နိုင်သည်။ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်မည့်ပုဂ္ဂိုလ် အမည်စာရင်းကို တပ်မတော်က သမ္မတ ရုံးသို့ ပေးပို့ရသလို၊ လစ်လပ် ရဲချုပ်နေရာတွင် ခန့်အပ်တာဝန် ပေးမည့် ပုဂ္ဂိုလ်အမည်စာရင်းကို လည်း ပြည်ထဲရေးက တပ်မတော် သဘောမပါဘဲ သမ္မတရုံးသို့ ပေးပို့ မည် မဟုတ်တန်ရာ။ မည်သို့ပင် ဆိုစေကာမူ နိုင်ငံတော်သမ္မတရုံးက လက်ခံအတည်ပြုသာလျှင် ထို ပုဂ္ဂိုလ်သည် ရဲချုပ်ဖြစ်လာလိမ့်မည်။

ယခုအချိန်သည် ယခင်ကလို အစ်ကိုကြီး၊ ညီလေးခေတ်အခြေ အနေ မဟုတ်တော့။ စွမ်းဆောင် ရည်ပိုင်းကို နှစ်ဖက်စလုံးက အထူး ဂရုပြုရမည့်အချိန်ဖြစ်သည်။ သို့မှ သာ လက်ရှိ မလုံခြုံမှု၊ မှုခင်းဖြစ် ပွားနေမှု၊ အမှုကြီးများ မဖော် ထုတ်နိုင်မှုအခြေအနေသည် လုံခြုံ မှု၊ မှုခင်းကျဆင်းသွားမှု၊ အမှုကြီး များကို လျင်လျင်မြန်မြန်ဖော်ထုတ် နိုင်မှုတို့က အစားထိုးဝင်ရောက် နိုင်လိမ့်မည်ဖြစ်သည်။ အထူး ဂရုမပြုကြပါက ဒုံရင်းအတိုင်းပင် ပြည်သူတို့မှာ မလုံခြုံမှုကို ဆက် လက်ခံစားနေရဖွယ်ရှိနေသည်။

သတင်းမီဒီယာ အချို့ကမူ ယခု ခေတ္တရဲချုပ်သည် နောက် ၄ လကြာလျှင် ရဲချုပ် တာဝန် ထမ်း ဆောင်မည်ဟု ရေးသားကြသည်။ လက်ရှိ နိုင်ငံ၏ရဲတပ်ဖွဲ့သည် ရာဇ ဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲ (၁၊၂၊ ၃)၊ ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေ၊ မြန်မာနိုင်ငံရဲအက်ဥပဒေ စသည့် ဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်နေကြသည်။ အိမ်နီးချင်း အာဆီယံနိုင်ငံအသီး သီးတို့က ရဲချုပ်များသည် နိုင်ငံ တော်အဆင့်ဖြစ်နေချိန်တွင် မြန်မာ နိုင်ငံ၏ရဲချုပ်က ဌာနဆိုင်ရာတစ်ခု ၏ ညွှန်ချုပ်အဆင့်တွင်သာ ရှိနေ သလိုလိုဖြစ်နေသည်။ တိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးတို့သည် လည်း သက်ဆိုင်ရာဝန်ကြီးချုပ်တို့ ၏ ကွပ်ကဲမှုအောက်တွင် မရှိကြ။ မပြင်နိုင်သေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုသို့ဖြစ်နေချိန် တွင် အရည်အသွေး ပြည့်ဝသည့် ရဲချုပ်ကောင်း၊ တပ်ဖွဲ့မှူးကောင်း တို့ကိုသာ လူမှန်နေရာမှန် ခန့်ထားပေးခြင်းဖြင့် ပြည်သူ့ဘဝ လုံခြုံမှု ကိုအာမခံပေးနိုင်သည်။ သို့မဟုတ်ပါက …

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*