ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင်ပေးရန် တောင်းဆို

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင်ပေးရန် တောင်းဆို
May 16, 2017 Asian Fame

3:45 pm
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင်ပေးရန် တောင်းဆို

rakhineဖြိုးထက်အောင်
ရန်ကုန်၊ မေ ၈

နိုင်ငံသားစိစစ်ရေးလုပ်ငန်း များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန်အတွက် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အနေဖြင့် အစိုးရကို တိုက်တွန်းပေးရန် ကော်မရှင်သို့ တောင်းဆိုမှုများ ရှိနေသည်။

မေလ ၈ ရက်နေ့က ရန်ကုန် မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မ ရှင်သည် ဗုဒ္ဓဘာသာနှင့် အစ္စ လာမ်ဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တစ်လှည့်စီ တွေ့ဆုံဆွေးနွေးခဲ့ပြီး မတ်လအ တွင်းက ထုတ်ပြန်ခဲ့သည့် ၄င်းတို့ ကော်မရှင်၏ ကြားဖြတ်အစီရင်ခံ စာအပေါ် ဝေဖန်အကြံပြုချက်များ ကို တောင်းခံခဲ့သည်။ ထိုသို့တွေ့ ဆုံရာတွင် ဗုဒ္ဓဘာသာမှ သံဃာ ၈ ပါးနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ၆ ဦး တက်ရောက် တွေ့ဆုံခဲ့ပြီး စစ်တွေမြို့နယ်၊ ရွှေ စေတီကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသက ထိုသို့ မိန့် ကြားခဲ့သည်ဟု ဆိုသည်။

”အဓိက က ၁၉၈၂ ဥပဒေနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်အကောင်အထည် ဖော်ဖို့ အစိုးရကို တိုက်တွန်းပေးဖို့၊ ဒုတိယက ရခိုင်ဒေသမှာ နယ်မြေ လုံခြုံရေး၊ ဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်ရဲ့ အမိန့်အာဏာ ဥပဒေ ကို အဖွဲ့အစည်းပေါင်းစုံက လေး စားလိုက်နာကြဖို့ ကော်မရှင်က တစ်ခြားဘက်က လူတွေ ကို တိုက် တွန်းပေးဖို့ အကြံပေးခဲ့ပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ယခုနှစ် မတ်လအတွင်းက ထုတ်ပြန်ခဲ့သော ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာတွင် ”အစိုးရအနေဖြင့် နိုင်ငံသားဖြစ်ပြီးသူ များ၏ သား၊ သမီးများနှင့် ၎င်းတို့ မှ ဆင်းသက်လာသူများအား နိုင်ငံ သားစိစစ်ခံရမည့်သူ၏ သက်သေ ခံကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စဉ်တွင် မပါဝင်စေဘဲ နိုင်ငံသား ဖြစ်ရန် လျှောက်ထားခွင့် ပေး သင့်သည်” ဟူသောအချက်ပါ ရှိသည်။ ထို့အပြင် ရခိုင်ပြည်နယ် ရှိရဲတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်သူများသည် အမျိုးသမီး များနှင့် လူနည်းစုများအပါအဝင် ပြည်နယ်တွင်း နေထိုင်သူများ အားလုံးကို ကိုယ်စားပြုမှုရှိသင့် သည် ဟူသောအချက်လည်း ပါဝင်သည်။ ထိုအချက်ကိုလည်း လုံး ဝလက်မခံနိုင်ကြောင်း တွေ့ဆုံ ဆွေးနွေးစဉ် ပြောခဲ့သည်ဟု အရှင် အရိယာဝံသက မိန့်သည်။

”ရခိုင်ဌာနေ တိုင်းရင်းသားနဲ့ နိုင်ငံသားအဖြစ် စိစစ်မခံတဲ့ မွတ် စလင်လူမျိုးတွေကို တန်းတူအခွင့် အရေးနဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါရမယ်လို့ ဆိုတာကို ဘယ်နည်းနဲ့ မှလက်ခံနိုင်စရာမရှိပါဘူး။ဘယ် နိုင်ငံမှာဖြစ်ဖြစ် နိုင်ငံသားမဖြစ် တဲ့သူဟာ ဘယ်အုပ်ချုပ်ရေးမှာမှ ပါလို့မရပါဘူး။ ဒီအကြံပြုချက်ကတော့ သဘောမတူတဲ့ အစီရင်ခံ ဖြစ်ပါတယ်” ဟု ဆက်လက် မိန့် ကြားသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်း မြက နှစ်ဖက်ဘာသာရေးခေါင်း ဆောင်များ ဆွေးနွေးခဲ့သော အ ကြောင်းအရာများကို အပြီးသတ် အစီရင်ခံထုတ်ပြန်ရာတွင် အလေးအနက်ထား ထည့်သွင်းစဉ်းစား မည်ဟုဆိုသည်။ ထို့အပြင် မေလ ၉ ရက်နေ့တွင် သွားရောက်မည့် ရခိုင်ပြည်နယ်ခရီးစဉ်တွင်လည်း ၎င်းတို့နှင့် မတွေ့ဆုံလိုသူများရှိ နေ၍ ဆရာတော်များမှ တစ်ဆင့် ပန်ကြားသွားမည် ဖြစ်ကြောင်း ပြောသည်။

”ရခိုင်ပြည်နယ်မှာ ပြည့်ပြည့် စုံစုံနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ ဆန္ဒရှိ ပါတယ်။ တချို့ကလည်း ကျွန် တော်တို့နဲ့ မတွေ ချင်တာမျိုးဆိုတာ တွေရှိနေတော့ ဆရာတော်တွေကနေတစ်ဆင့်ပန်ကြားထားပါတယ်။ကိစ္စတစ်ခု ဆောင်ရွက်တဲ့အခါ အားလုံးဆီက အကြံဥာဏ်များကို ရယူလိုပါတယ်။ ဒီကော်မရှင်ရဲ့ အဓိကလုပ်ငန်းကိုက နိုင်ငံတော် အစိုးရကို အကြံပေးဖို့ ဖြစ်ပါတယ်” ဟု ဦးဝင်းမြက ဆိုသည်။ တွေ့ဆုံဆွေးနွေးရာတွင် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် များက ပညာရေးနှင့် ကျန်းမာရေး ပိုင်းဆိုင်ရာ ယျေဘုယျအချက်များကို ဆွေးနွေးခဲ့သည်ဟု ရခိုင် ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးက ဆို သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်သည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးစင်တာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ ဆုံခဲ့ပြီးထုတ် ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။ မတ်လအတွင်းက ကြားဖြတ် အစီရင်ခံစာ တစ်စောင်ကို ထုတ် ပြန်ခဲ့ပြီး အပြီးသတ်အစီရင်ခံစာကို သြဂုတ်လလယ်ခန့်တွင် နောက်ဆုံးထားတင်ပြသွားမည်ဟု ကော်မရှင်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*