ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဥပဒေကို ပြင်ဆင်ဖြည့်စွက် ရေးဆွဲမည်

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဥပဒေကို ပြင်ဆင်ဖြည့်စွက် ရေးဆွဲမည်
May 16, 2017 Asian Fame

4:22 pm
ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဥပဒေကို ပြင်ဆင်ဖြည့်စွက် ရေးဆွဲမည်

စိုင်းလမင်း
ရန်ကုန်၊ မေ ၉

၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအ မွေအနှစ်များကာကွယ် ထိန်းသိမ်းရေးဥပဒေအား ပြန်လည်ပြင်ဆင်ဖြည့်စွက်ရေးဆွဲတော့မည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။ ထိုသို့ ပြန်လည်ပြင်ဆင်ဖြည့်စွက်ရေးဆွဲရခြင်းမှာ ထိုဥပဒေသည် ယခုအခါတွင် ခေတ်ကာလ နှင့် မကိုက်ညီသောကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြင်ဆင် ရေးဆွဲခြင်းဖြစ်သည်။

”ဒီဥပဒေထဲမှာပါတဲ့ တချို့အ ချက်တွေက ခေတ်ကာလနဲ့မကိုက် ညီတော့ဘူး။ အသစ်ပြန်လည်ရေး ဆွဲမှာတော့မဟုတ်ဘူး” ဟု ဦးဇော် ဇော်ထွန်းက ပြောသည်။
ထိုသို့ ပြန်လည်ပြင်ဆင် ဖြည့် စွက်ရေးဆွဲရာတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ပြည်သူများ ပါဝင်ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
”အမြန်ဆုံး ပြင်ဆင်ရေးဆွဲ မယ်။ ပြီးရင်လွှတ်တော်ကို အမြန်ဆုံး တင်ပြီးတော့ အတည်ပြုနိုင် အောင်လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီးပါက ပုဂံ၊ အင်းဝ၊ ပင်းတယ၊ မြောက်ဦး၊ ပျူ၊ သရေခေတ္တ ရာစသည့် နေရာများသာမက မြန် မာတစ်နိုင်ငံလုံးရှိ ယဉ်ကျေးမှုအ မွေအနှစ်များ မပပျောက်မပျက်စီး ရန် ကာကွယ် ထိန်းသိမ်းစောင့် ရှောက်နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။ ယခုအချိန်တွင် ကမ္ဘာ့ဒေသ အနှံ့အပြား၌ သဘာဝဘေးအန္တ ရာယ်များကို ရင်ဆိုင်နေရချိန်ဖြစ်၍ နောင်နှစ်ပေါင်းများစွာ ကြာမြင့်လာ သည့်အခါတွင် မြေပေါ်မြေအောက် ရှိ ရှေးဟောင်း အမွေအနှစ်အများ တည်တံ့ခိုင်မြဲရန် ထိန်းသိမ်းနိုင်သည့် အခြေအနေ ရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့်ခေတ်ကာလနှင့် လျော် ညီသော ဥပဒေတစ်ရပ်ပေါ်ထွက် လာရေးကို လုပ်ဆောင်ရန် သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင် ကိုကလည်း ပြောကြားထားသည်။ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းအား ၁၉၉၆ ခုနှစ် ကတည်းက စတင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအ နှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*