ပြည်နယ်အစိုးရတည်မည့် စေတီတော်ကိစ္စ ကန့်ကွက်မှုများကြောင့် ရွှေ့ဆိုင်းရန်ရှိနေ

ပြည်နယ်အစိုးရတည်မည့် စေတီတော်ကိစ္စ ကန့်ကွက်မှုများကြောင့် ရွှေ့ဆိုင်းရန်ရှိနေ
May 16, 2017 Asian Fame

4:10 pm
ပြည်နယ်အစိုးရတည်မည့် စေတီတော်ကိစ္စ ကန့်ကွက်မှုများကြောင့် ရွှေ့ဆိုင်းရန်ရှိနေ

kayarPNews
လွိုင်ကော်၊ မေ ၈

ကယားပြည်နယ်နေ့အခမ်းအနား ကျင်းပည့်မြေနေရာပေါ်တွင် စေတီတော်တည်မည့်ကိစ္စနှင့်ပတ်သက် ၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အစိုးရကိုပြည်နယ်လွှတ်တော်တွင် မေးခွန်းထုတ်ရန်ရှိသည်ဟု ပြောသည်။

မေးခွန်းထုတ်မည့် ကိုယ်စား လှယ်မှာ ၂ဝ၁၇ ကြားဖြတ်ရွေး ကောက်ပွဲအနိုင်ရ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှဦးသဲရယ်ဖြစ်ပြီး ပြည်နယ်အစိုးရ ၏ အထက်ပါအစီအစဉ်ကို ကြိုက် နှစ်သက်မှုမရှိသည့် အတွက်ကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။ ”ဒါကအများနဲ့ဆိုင်တဲ့ကိစ္စပါ။အားလုံး သဘောတူညီမှဖြစ်မယ်”ဟု သူက ပြောသည်။ ဦးသဲရယ်က ထိုနေရာသည် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနေ ထိုင်နေကြသည့် နေရာတစ်ခုဖြစ်သည်ဟု ပြောသည်။

18361391_1424254764303468_192689208_n

”သူ(ပြည်နယ်ဝန်ကြီးချုပ်) ဖွဲ့ထားတဲ့ စေတီတော်တည်ဆောက် ရေးကော်မတီထဲမှာပါတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေတောင် တာဝန် ပေးကြောင်း စာထွက်လာမှသိကြ တယ်။ အဲဒီကတည်းက အများကို မတိုင်ပင်ဘူးဆိုတာ ပေါ်လွင်နေတယ”ဟု ၎င်းက ပြောပြသည်။ လက်ရှိတွင် စစ်မုန်းဒီးဒီ၊ ဒေါ်စန္ဒာဝင်း၊ ခွန်းဘားနတ်ဘုတ် တို့ ဦးစီးသည့် ကယားပြည်နယ် အတွင်းမှ အရပ်ဘက်အဖွဲ့အစည်း အချို့ကလည်း အများနှင့်သက်ဆိုင် သည့်နေရာတွင် ဘာသာတစ်ခုကို ကိုယ်စားပြုသည့် စေတီတော်ဘာ့ ကြောင့်တည်ရသနည်း၊ လေယာဉ် အတက်အဆင်းပြုရန် အနှောင့် အယှက်ဖြစ်စေနိုင်သည့်နေရာတွင် အဘယ်ကြောင့် တည်ထားကိုးကွယ် ပါသနည်း စသည့်မေးခွန်းများကို ထုတ်ထားပြီး အဖြေမပေးသရွေ့ ဆက်မလုပ်ရန်ကန့်ကွက်ထားသည်။ ဦးသဲရယ်က ”အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့မေးခွန်းကို ဝန်ကြီး ချုပ်ကဖြေခဲ့ရင်၊ အားလုံးက ကျေနပ် ရင်တော့ လွှတ်တော်ကနေ မေးခွန်း မမေးတော့ဘူး”ဟု ပြောသည်။

မေလ ၈ ရက်နေ့မြင်ကွင်းအရ ယင်းစေတီတော်တည်ထား ကိုးကွယ်မည့်နေရာတွင် မည်သည့်လုပ်ငန်းမှ လုပ်ကိုင်နေသည်ကို မတွေ့ခဲ့ရပေ။
စီမံကိန်းရပ်တန့်ရန် ဝန်ကြီး ချုပ်ထံစာပို့ခဲ့သူထဲမှ ခွန်းဘားနတ်ဘုတ်က ”ခုထိ(မေ ၈ရက်နေ့ မနက်ပိုင်းအထိ) ဘာအကြောင်း ပြန်စာမှမရသေးဘူး။ ရပ်မယ်၊ ဆက် မလုပ်တော့ဘူးဆိုတဲ့ သတင်းတွေ တော့ကြားနေရပါတယ်”ဟုပြောသည်။ ဝန်ကြီးချုပ် အယ်လ်ဖောင်ရှို ဦးစီးသည့် ပြည်နယ်အစိုးရသည် ဧပြီ လ ၂၄ရက်နေ့က ကယားပြည်နယ် နေ့ကျင်းပသည့်မြေနေရာအနီး စေတီ တော်တစ်ဆူတည်ထားကိုးကွယ် ရန်ဦးစီးကော်မတီ၊ ဆပ်ကော်မတီ များကို အသီးသီးဖွဲ့စည်းခဲ့သည်။
တည်ထားကိုးကွယ်ရေး ဆပ် ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်နယ် ဝန်ကြီးချုပ်က တာဝန်ယူကာ ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး ကို တည်ထားကိုးကွယ်ရေးဆပ် ကော်မတီဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ပေးထားသည်။

တာဝန် ပေးခံထားရသည့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ၎င်းကို တာဝန်ပေးမည် ဆိုပါက ပြည်သူလူထုနှင့်တိုင်ပင် ပြီးမှသာ၊ ဆရာတော်များ၏သြဝါဒ ခံယူပြီးမှသာ၊ ကြိုတင် အကြောင်း ကြားမှသာပေးအပ်ရန်နှင့် ထိုအချက်များနှင့်ကိုက်ညီမှသာ တာဝန်ထမ်း ဆောင်မည်ဟု ပြည်နယ်အစိုးရကို အကြောင်းပြန်ထားကြောင်း ပြည်နယ်လွှတ်တော်က သတင်းထုတ်ပြန်ထားသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် စည် ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ကယားပြည်နယ်လွိုင်ကော်ရှိ တောင်ကွဲစေတီတော်တွင် တောင် ကြီးမြို့က မီးပုံးပျံပွဲကဲ့သို့လုပ်မည် ဆိုပါက လုံလောက်သည့်နေရာ အကျယ်မရှိကြောင်း၊ ထို့အတွက် နေရာ အကျယ်ရှိသည် ယခုနေရာ တွင်တည်ထားပြီး ပွဲတော်ကျင်းပ နိုင်ရန် စေတီတော်တစ်ဆူတည်ထား ကိုးကွယ်ရန် တာဝန်ရှိသူတို့က စီစဉ်ခြင်းဖြစ်သည်ဟု သိရကြောင်း စေတီတော်တည်ထား ကိုးကွယ် မည့်ကိစ္စကို ပြောပြသည်။ ပြည်နယ်အစိုးရက သူ့ကို ထို ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးစဉ် မဖိတ်ကြားသည့် အတွက် သိသည့် အကြောင်းအရာကိုသာ ပြောပြ ခြင်း ဖြစ်သည်ဟုဆိုသည်။

လက်ရှိ ၎င်းသိရှိထားသည့် သတင်းအခြေအနေအရ စီမံကိန်းကို ဆက်မလုပ်တော့ဘဲ ရပ်တန့်ရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း နှင့် တခြားတစ်နေရာသို့ပြောင်းရွှေ့ တည်ထားရန်ပါ စီစဉ်နေကြောင်း ပြည်နယ်လူမှုရေးဝန်ကြီးက ပြောသည်။ စီမံကိန်း ရပ်တန့်ပြောင်းရွှေ့ ရန် စီစဉ်လိုက်ရခြင်းမှာ လူထုကန့် ကွက်နေသည်က တစ်ကြောင်း၊ လေယာဉ်ကွင်းနှင့် မလွတ်သည်က တစ်ကြောင်း စသည့်အကြောင်း အရာများကြောင့် ဖြစ်သည်ဟု ဒေါက်တာအောင်ကျော်ဌေးက ဆက်ပြောသည်။ ဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း သိရှိစေရန် ပြည်နယ်ဝန်ကြီးချုပ်ထံ ဆက်သွယ်ရာ အဆက်အသွယ်မရခဲ့ ပေ။ ဝန်ကြီးချုပ်နှင့်မဲဆန္ဒနယ် တူ မယ်စဲ အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ”ဝန်ကြီးချုပ်သည် အရေးကြီးသည့်ကိစ္စဆောင်ရွက်တိုင်း ပြည်သူနှင့်တိုင်ပင်မှု အားအလွန်နည်းသည်” ဟု မှတ်ချက်ပြုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*