ခေါင်းဆောင်ကောင်းတွေက လုံခြုံမှုပေးနိုင်တယ်

ခေါင်းဆောင်ကောင်းတွေက လုံခြုံမှုပေးနိုင်တယ်
May 16, 2017 Asian Fame

4:40 pm
ခေါင်းဆောင်ကောင်းတွေက လုံခြုံမှုပေးနိုင်တယ်

Kaung-Htet-Nyunt-Articleယခင်အပတ်မှအဆက်

ခရီးစဉ်တစ်ခုမှာ လေယာဉ် ပေါ်မတက်ခင် ခရီးသည်တွေကို ဂိတ်စောင့် ဝန်ထမ်းက ရာဇဝတ် တရားခံတွေလို ဆက်ဆံနေ တာ တွေ့မြင် ခဲ့ရပါတယ်။ ဘာလို့ ခရီး သည်တွေကို ယဉ်ယဉ်ကျေးကျေး မဆက်ဆံဘဲ ကျွဲအုပ်၊ နွားအုပ် မောင်းသလို ပြုမူဆက်ဆံ ရတာလဲ လို့ မေးကြည့်တော့ ဂိတ်စောင့်က ”ဒီလိုလုပ်တာ ကျွန်မ စည်းမျဉ်း စည်းကမ်းအတိုင်း လုပ်တာပါ။ ဒီ လိုမလုပ်ရင် ကျွန်မ ဒုက္ခရောက် သွားနိုင်ပါတယ်။ အလုပ်ပြုတ် သွား နိုင်ပါတယ်” လို့ ပြန်ပြောပါ တယ်။ သူမပြောပြချက် အရ သူမ က အလုပ် (Job) အတွက် လုံခြုံ စိတ်ချရနေတယ် လို့ မခံစားရပါ ဘူး။ သူမ ခေါင်းဆောင်ကိုလည်း ယုံကြည်ပုံ မရပါဘူး။ Southwest Airlines  လိုင်းကို လူကြိုက်များရ တဲ့အကြောင်းက လူတော် လူ ကောင်းတွေကို ခန့်ထားလို့ မဟုတ် ပါဘူး။ ဝန်ထမ်းတွေက သူတို့ ခေါင်းဆောင်ကို ကြောက်စရာမလို ဘူးလို့ ခံစားရလို့ပါ။

ဘေးအန္တရာယ် ရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ ကျွန်ုပ်တို့ရဲ့ အချင်းချင်း အကာအကွယ်ပေး နိုင်ဖို့အတွက် သင့်ကိုယ်ပိုင် အချိန် (Own Time) နဲ့ အားအင်တွေ (Energy) ကို မဖြစ်မနေ အသုံးပြု ပါလိမ့်မယ်။ ဒါက အဖွဲ့အစည်းကို ချည့်နဲ့ သွားစေပါတယ်။ အဖွဲ့အ စည်း အတွင်းမှာ လုံခြုံတယ်လို့ ခံစားရတဲ့အခါ ကျွန်ုပ်တို့ရဲ့ ပင်ကို စွမ်းရည် (Talent) နဲ့ ခွန်အား (Strength) တွေ သဘာဝကျကျ ပေါင်းစပ်ပြီးတော့ မပင် မပန်းဘဲ အလုပ်လုပ် နိုင်ကြတယ်။ ပြင်ပက အန္တရာယ်တွေကို ရင်ဆိုင်နိုင်တယ်။ အခွင့်အရေး တွေကို အမိအရဆုပ် ကိုင်နိုင်တယ်။ အနီးကပ်ဆုံး ဥပ မာပေးရရင် ထူးချွန်တဲ့ ခေါင်း ဆောင်ကောင်း (Great Leader) တွေက မိဘ (Parent) တွေလိုပါပဲ။ မိဘကောင်း (Great Parent) တွေ က သူတို့ ရင်သွေးတွေကို အခွင့်အ ရေးတွေပေးတယ်။ ပညာသင်ပေး တယ်။ စည်းကမ်း လိုက်နာတတ် အောင် လေ့ကျင့်ပေးတယ်။ ရင် သွေးတွေ ကြီးပြင်းလာတဲ့အခါ မိဘ တွေထက် ပိုတော်၊ ပိုထူးချွန်ပြီး ပို အောင်မြင်အောင် ပျိုးထောင်ပေး တယ်။ ခေါင်းဆောင်ကောင်း (Great Leader) တွေက မိဘနဲ့ ထပ်တူပါပဲ။

ခေါင်းဆောင်တွေက အဖွဲ့ဝင် တွေကို အခွင့်အရေး တွေ ဖန်တီး ပေးတယ်။၊ ပညာတတ်အောင် ကျွမ်းကျင်မှု ရှိအောင် လုပ်ပေး တယ်။ စည်းကမ်းတကျနေတတ် အောင် သင်ပေးတယ်။ အဖွဲ့ဝင် တွေ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု များအောင် ပျိုးထောင် ပေးတယ်။ ကျရှုံးတဲ့အခါ နောက်တစ်ကြိမ် ထပ်ကြိုးစားခွင့် ပေးတယ်။ ဒါ ကြောင့် အဖွဲ့ဝင်တွေ မျှော်လင့်  ထားတာတွေထက် ပိုပြီးတော့ အောင်မြင်လာကြပါတယ်။

နယူးယောက်မြို့က နည်း ပညာကုမ္ပဏီ ဖြစ်တဲ့ Next Jump  ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ချာလီကင်(Charlie Kim) က ”မိ သားစုတစ်ခုက ငွေကြေး အလွန် ခက်ခဲနေတဲ့ အချိန်မှာ သား၊ သမီး တွေကို စွန့်လွှတ်ဖို့ စဉ်းစားမှာလား” လို့ မေးဖူးပါတယ်။ ကျွန်တော် ကတော့ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဒါဆို အဖွဲ့ထဲက လူ တွေကို ထုတ်ပစ်ဖို့ ဘာလို့ စဉ်းစား ရမှာလဲ။

ချာလီက ရာသက်ပန်ဝန်ထမ်း ပေါ်လစီ (Policy of Lifetime Employment) ကို စတင်ခဲ့တယ်။ Next Jump ကုမ္ပဏီမှာ အလုပ်ခန့် လိုက်ရင် မလုပ်တတ်လို့ ကျွမ်းကျင် မှုနည်းလို့  လုပ်ဆောင်ချက်  (Performance) တွေ မကောင်းရင် ဘယ်တော့မှ အလုပ်အဖြုတ် မခံရ ပါဘူး။ ဝန်ထမ်းတွေမှာ အခက်အ ခဲတွေ ရှိနေရင် လက်တွဲခေါ်ပြီး သင်ကြား  (Coach) ပေးမယ်။ လို အပ်တဲ့ ထောက်ပံ့မှုတွေ ပေးမယ်။ သင့် ရင်သွေး အစမ်းစာမေးပွဲမှာ အဆင့်မကောင်းဘဲ အိမ်ကို ပြန် လာတဲ့အခါ အားပေး ဖေးမသလို မျိုးပေါ့။ လက်တွေ့မှာ ကုမ္ပဏီတွေ အားလုံးနီးပါး လက်ခံ ကျင့်သုံးနေ ကြတာက လုံးဝ ပြောင်းပြန်ပါပဲ။

ဒါကြောင့် ဝန်ထမ်းတွေ၊ အ ဖွဲ့ဝင်တွေရဲ့ ရင်ထဲမှာ အမုန်းတ ရားတွေ၊ ဒေါသ အာဃာတတွေ (Visceral Hatred, Anger) ဖြစ်လာတာပါ။ ဘဏ်အမှုဆောင် အရာရှိချုပ် (CEO) တွေရဲ့ အဆ မတန် အလွန်များတဲ့ လစာတွေနဲ့ ဆုကြေး (Bonus) ရပိုင်ခွင့်တွေ ကြောင့်ပါ။ သူတို့က ခေါင်းဆောင် မှု အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဖောက် ဖျက် (Violate) နေကြတာပါ။ နှစ်ပေါင်းများစွာက သဘောတူ ထားတဲ့ လူမှုရေး နားလည်မှု (Deep-seated Social Contract)  ကို ချိုးဖောက်တာပါ။

CEO က ဆုကြေး (Bonus) များများရဖို့၊ ဘဏ် အမြတ်များ များရဖို့ ဘဏ်ဝန်ထမ်းတွေကို အ လုပ်ဖြုတ် လိုက်တာ သူရဲ့ လက် အောက်ငယ်သား ဝန်ထမ်း တွေကို စော်ကား (Offend) ရာ ရောက်ပါ တယ်။ ဂန္ဓီကို ဆုကြေး သန်း ၁၅ဝ ပေးရင်၊ မာသာထရီဇာ ကို ဆုကြေး သန်း ၂၅ဝ ပေးရင် ဘယ်သူက တားမလဲ၊ ဘယ်သူမှ ကန့်ကွက်ကြ မှာ မဟုတ်ပါဘူး။ ခေါင်းဆောင် ကောင်း (Great Leader) တွေက ဘယ်တော့မှ သူတို့ရှာပေးရမယ့် အမြတ် များများရဖို့အတွက် ဘယ် ဝန်ထမ်း ကိုမှ အလုပ်ဖြုတ်မှာ မ ဟုတ်ပါဘူး။ သူတို့က ဝန်ထမ်းတွေ ရဲ့ ထမင်းအိုး မကွဲစေဖို့ ရစရာရှိတဲ့ အမြတ်တွေ နဲ့ သူ့ဆုကြေးကို လျှော့ ချလိုက်မှာပါ။

၂ဝဝ၈ ခုနှစ်မှာ Midwest ဒေသက ထုတ်လုပ်ရေးကုမ္ပဏီ Barry-Wehmiller လည်း စီးပွား ရေး ကပ်ဆိုက်တဲ့ အထဲမှာ ပါခဲ့ပါ တယ်။ ညတွင်းချင်း လက်ခံထားတဲ့ အော်ဒါရဲ့ ၃ဝ ရာခိုင်နှုန်းကို လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။ အ ရွယ်အစား ကြီးမားတဲ့ စက်ရုံဖြစ် တဲ့အတွက် အလုပ်သမားတွေ ကို ဆက်ခန့်ထားဖို့ မဖြစ်နိုင်တော့ပါ ဘူး။

အရှုံး မပေါ်အောင်လို့ အသုံး စရိတ်ထဲက ဒေါ်လာ ၁ဝ သန်း ဖြတ်တောက် ရပါမယ်။ တခြား ကုမ္ပဏီတွေလိုပဲ အသုံးစရိတ် လျှော့ချဖို့ ဒါရိုက်တာတွေနဲ့ ဘုတ် အဖွဲ့က အလုပ်ဖြုတ်ဖို့ ဆွေးနွေး  ကြပါတယ်။ ခေါင်းဆောင် ဘော့ (Bob Chapman) လက်မခံပါဘူး။
လူအရေအတွက်က အရေးမကြီး ပါဘူး။ ဝန်ထမ်းတွေရဲ့ ကုမ္ပဏီ အပေါ်ထားတဲ့ စိတ်ကောင်း နှလုံး ကောင်းကပဲ အရေးကြီးတယ်လို့ ခံယူထားပါတယ်။ လူလျှော့တဲ့ အ လွယ်နည်း လိုက်တာ ထက်စာရင် ဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွ လာအောင် လုပ်တာက ပိုထိရောက် မယ်လို့ ယုံကြည်ခဲ့တာကြောင့် အ စီအစဉ် တစ်ခု ရေးဆွဲခဲ့ပါတယ်။ အနိမ့်ဆုံး ဝန်ထမ်းကနေ CEO အ ထိ ဝန်ထမ်းအားလုံး လစာမဲ့ခွင့် ၄ ပတ် မဖြစ်မနေယူရပါမယ်။ ကြိုက် တဲ့အချိန် ယူလို့ ရပါတယ်။ ဒါပေ မယ့် ၄ ပတ် ဆက်တိုက် မယူရပါ ဘူး။

ခေါင်းဆောင် ဘော့ (Bob Chapman)  က ဝန်ထမ်းတချို့ ထမင်းအိုးကွဲသွား တာထက်စာရင်
ငါတို့အားလုံး ဝင်ငွေ နည်းနည်းစီ လျော့နည်း သွားတာက ပိုကောင်း ပါတယ်လို့ ပြောခဲ့ပါတယ်။ ဝန် ထမ်းတစ်ဦး တစ်ယောက်မှ အလုပ် မထုတ်ခံ ရတာကြောင့် ဝန်ထမ်း တွေအားလုံး စိတ်ဓာတ် တက်ကြွ သွားပါတယ်။

ဒီနည်းနဲ့ ဒေါ်လာသန်း ၂ဝ ချွေတာနိုင်ခဲ့ပါတယ်။ ဝန်ထမ်း အားလုံးက ခေါင်းဆောင်ရဲ့ အကာ အကွယ်ပေးမှုကြောင့် သူတို့ဘဝ တွေ လုံခြုံသွားတယ်လို့ ခံစားကြရ ပါတယ်။ ကုမ္ပဏီအပေါ်ထားတဲ့ စေတနာပိုများလာပြီး၊ မေတ္တာနှင့် ယုံကြည်မှု (Trust) တွေ ပိုများလာ တယ်။ ပူးပေါင်းဆောင်ရွက်မှု (Cooperate) တွေ ပိုကောင်းလာ ပါတယ်။ ဘယ်သူမှ မမျှော်လင့် ထားတဲ့ ခွင့်လဲလှယ်မှုတွေ ဖြစ်လာ ပါတယ်။ ငွေကြေး အခက်အခဲ ရှိတဲ့သူတွေ လစာမဲ့ ခွင့်နည်းနည်း သာ ယူစရာလိုအောင် ငွေကြေးအ ဆင်ပြေတဲ့ သူတွေက လစာမဲ့ခွင့် များများ ယူပေးကြပါတယ်။ တချို့ ဝန်ထမ်းတွေက လစာမဲ့ခွင့် ၅ ပတ် ယူကြလို့ ငွေကြေး ကျပ်တည်းတဲ့ ဝန်ထမ်းတွေက လစာမဲ့ခွင့် ၃ ပတ် ပဲ ယူစရာ လိုပါတော့တယ်။

ခေါင်းဆောင်မှု ဆိုတာ ရွေး ချယ်မှု တစ်မျိုးပါပဲ။ ရာထူး အဆင့် အတန်းတစ်ခု မဟုတ်ပါဘူး။ (Leadership is a choice. It is not a rank.)။ အဖွဲ့အစည်းတော် တော်များများမှာ ထိပ်ပိုင်းတာဝန် ရှိသူတွေက ခေါင်းဆောင်တွေ မဟုတ်ကြပါဘူး။ အာဏာပိုင်တွေ ပါ။ သူတို့လက်ထဲမှာ အာဏာရှိလို့ သူတို့ ခိုင်းတာတွေကို ကျွန်တော်တို့ လိုက်လုပ်နေရတာပါ။ ဒီလိုလူတွေ ရဲ့ နောက်လိုက်အဖြစ် မခံယူလိုပါဘူး။ အဖွဲ့အစည်းရဲ့ အောက်ခြေ မှာ ရှိတဲ့ လူတချို့မှာ ဘာအာဏာမှ မရှိကြပါဘူး။ ဒါပေမယ့် သူတို့တွေ က ခေါင်းဆောင်တွေပါ။  သူတို့ အနီး ဝန်းကျင်က တခြားသူတွေကို စောင့်ရှောက်ကြတယ်။ စောင့် ရှောက်ရမယ့် အလုပ်တွေကို ကိုယ့် အသိစိတ် နဲ့ကိုယ် ရွေးချယ်ခဲ့ကြ တယ်။ ဒါ ခေါင်းဆောင်တွေ လုပ်တဲ့ အလုပ်ပါ။

မရိန်းတပ်ဖွဲ့တွေရဲ့ ထုံးစံက အရာရှိတွေက သူ့ရဲဘော်တွေကို အရင်ဦးဆုံး ထမင်းစားစေပြီးမှ သူတို့က နောက်ဆုံးမှ စားကြရတာ ပါ။ ရဲဘော်တွေ စားသောက်ပြီးတဲ့ အခါ အရာရှိအတွက် စားစရာမ ကျန်တဲ့ အခါတွေ ရှိပါတယ်။ သူ့ ရဲဘော်တွေက တခြားစားစရာတွေ  ယူလာပေးကြပါတယ်။ ဒါဖြစ်နေ ကျပါ။

ရှေ့ဆုံးကနေ ဦးဆောင်သွား လို့ ခေါင်းဆောင် လို့ ခေါ်တာပါ။ တခြားလူတွေရဲ့  ကောင်းရာ ကောင်းကျိုး အတွက် စွန့်လွှတ်ဖို့ ပေးဆပ်ဖို့ ရွေးချယ်ခဲ့ကြလို့ သူတို့ ကို  ခေါင်းဆောင်လို့ ခေါ်ကြတာ ပါ။ သူတို့ကြောင့် နောက်လိုက်တွေ လုံခြုံ သွားပါတယ်။  အကာအကွယ် ရသွားတယ်။

ခေါင်းဆောင်ရဲ့ အမြော်အ မြင် (Leader’s vision)  တွေ အမှန် တကယ်ဖြစ်လာဖို့  ခေါင်းဆောင် တွေက သွေးတွေ၊ ချွေးတွေ၊ မျက် ရည်တွေ ပေးဆပ် ကြပါတယ်။ ဘာ ကြောင့် အဲဒီလို ပေးဆပ်တာလဲ လို့မေးရင် ”သူတို့သာ ငါ့နေရာမှာ ဆိုရင် ငါပေးဆပ် သလိုမျိုး သူတို့ တွေ ပေးဆပ်ကြ မှာပဲလို့ ယုံကြည် လို့ပါ” လို့ဖြေပါလိမ့်မယ်။ ကျွန် တော်တို့ အဲဒီလို ခေါင်းဆောင် တွေ ဦးဆောင်တဲ့ အဖွဲ့အစည်း တွေကို မကြိုက်ကြဘူးလား ခင် ဗျာ။ အဲဒီလို အဖွဲ့အစည်းတွေ ထဲ မှာ အလုပ် မလုပ်ချင်ကြဘူးလား။

Simon Sinek  ၏ Why good leaders make you feel safe ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ကောင်းထက်ညွန့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*