ဦးဝီရသူ၏ပြောဆိုမှုများကို ဓမ္မနှင့်အဓမ္မခွဲခြားပေးရန် သံဃမဟာနာယကအဖွဲ့ထံ တောင်းဆိုထားသော်လည်း ထူးခြားမှုမရှိသေးဟုဆို

ဦးဝီရသူ၏ပြောဆိုမှုများကို ဓမ္မနှင့်အဓမ္မခွဲခြားပေးရန် သံဃမဟာနာယကအဖွဲ့ထံ တောင်းဆိုထားသော်လည်း ထူးခြားမှုမရှိသေးဟုဆို
May 16, 2017 Asian Fame

3:29 pm
ဦးဝီရသူ၏ပြောဆိုမှုများကို ဓမ္မနှင့်အဓမ္မခွဲခြားပေးရန် သံဃမဟာနာယကအဖွဲ့ထံ တောင်းဆိုထားသော်လည်း ထူးခြားမှုမရှိသေးဟုဆို

ရဲလွင်
ရန်ကုန်၊ မေ ၉

ဆရာတော်ဦးဝီရသူ၏ ပြောဆို၊ ဆောင်ရွက်မှုများအား ဓမ္မနှင့် အဓမ္မခွဲခြားကြေညာပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ လက်မှတ်ရေးထိုးတောင်းဆိုထား သော်လည်း တစ်လပြည့်သည်အထိ ထူးခြားမှုမရှိသေးကြောင်း အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီမှ သိရသည်။

ဧပြီလ ၁၁ ရက်နေ့တွင် အဆိုပါတောင်းဆိုစာကိုအဓမ္မဝါဒဆန့် ကျင်သူ အယောက် ၅ဝဝ ၏လက် မှတ်နှင့်တကွ ပေးပို့ခဲ့ခြင်းဖြစ်ပြီး မေလ ၁၁ ရက်နေ့တွင် တစ်လပြည့် တော့မည်ဖြစ်ကြောင်း၊ သို့သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်ကြား ခြင်း မရှိသေးကြောင်း အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီက ဧပြီ ၉ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောဆိုခဲ့သည်။

အဆိုပါ လက်မှတ် ၅ဝဝ ကို တောင်ဒဂုံမြို့နယ်အတွင်း၌သာ ကောက်ယူထားခြင်းဖြစ်ပြီး အခြား မြို့နယ်များတွင်လည်း ထပ်မံ ကောက်ယူသွားမည်ဖြစ်ကြောင်း အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ ကို ဖွဲ့စည်းခဲ့သူ ဦးမြတ်ကျော်က ပြောသည်။ မန္တလေး မစိုးရိမ်တိုက်သစ်နာ ယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာ ဘိဝံသ(ဦးဝီရသူ)သည် ဘာသာတစ်ခုနှင့်တစ်ခုကြား အမုန်းတရား ပွားများစေကာ ဘာသာရေးအဓိ ကရုဏ်းဖြစ်စေနိုင်သောဟောပြော မှုများ၊ အမုန်းတရားကြီးထွားစေ ရန်လှုံ့ဆော်ဟောပြောမှုများ၊ တရား ဥပဒေစိုးမိုးမှုကို အဟန့်အတား ဖြစ်စေနိုင်သော ဟောပြောမှုများ အပြင် နိုင်ငံရေးပါတီများကြားတွင် ဘက်လိုက်ဝေဖန်ဟောပြောမှုများ ကို မြန်မာနိုင်ငံအနှံအပြား လိုက် လံဟောပြောနေခြင်းသည် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားလွှာ အမှတ် (၈၃)၊ (၉ဝ)၊ (၉၃)၊ (၉၄) တို့ကို ဖောက်ဖျက်ကျူးလွန်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းကို ယခုနှစ် မတ်လ ၁ဝ ရက်မှ ၂ဝ၁၈ မတ်လ ၉ ရက်အထိ တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်း၊ လိုက် နာဆောင်ရွက်ခြင်းမရှိပါက တည် ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာ နယကအဖွဲ့က မတ်လအတွင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ကို မလိုက်နာ ပါက တည်ဆဲဥပဒေအရအရေးယူ မည်ဟုဆိုထားသော်လည်း ယင်း အပေါ် ရန်ကုန်တိုင်းအစိုးရအနေဖြင့်ဆောင်ရွက်ရဲခြင်းမရှိသည်လား၊ မဆောင်ရွက်သည်လား မေးခွန်း ထုတ်လိုကြောင်း ဦးမြတ်ကျော်က ပြောသည်။ ”အဓိက ပြောချင်တာက လက် မှတ် ၅ဝဝ နဲ့ တောင်းဆိုတယ်။ ဒါပေမယ့် ဘာလို့ ဓမ္မနဲ့အဓမ္မ မခွဲပေးတာလဲလို့ မေးချင်တယ်” ဟု ၎င်းက ဆိုသည်။

အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီက ဆက်လက်လုပ်ဆောင်မည့် ကိစ္စများရှိသေးကြောင်းနှင့် လက်ရှိ တွင်ဆုံးဖြတ်ချက်မကျသေးသဖြင့် ကြိုမပြောသေးကြောင်း၊ လက်မှတ်များဆက်ထိုး၍ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့သို့ ပေးပို့ဦးမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*