အကြောင်း နှင့် အကျိုး

အကြောင်း နှင့် အကျိုး
May 16, 2017 Asian Fame

4:47 pm
အကြောင်း နှင့် အကျိုး

Kyue-Hnis(၁)

တစ်ခါက ဧရာဝတီတိုင်း မြောက်ပိုင်း ဧရာဝတီမြစ် အရှေ့ ဘက်ကမ်းကို မေးတင်၍ တည်ရှိ သော တိုက်နယ် အဆင့် မြို့ကလေး တစ်မြို့သို့ ရောက်ရှိ သွားခဲ့သည်။ ထိုမြို့ရှိ မိတ်ဆွေက တစ်နေ့တွင် သူ၏ ညီမအရင်း နေအိမ်သို့ လူ မမာ သတင်းမေးသွားရင်း စာရေး သူကို ခေါ်သွားသည်။ အိမ်ကလေး က စုတ်ချာချာ ယိုင်နဲ့နဲ့ ဝါးအိမ် ကလေးဖြစ်သည်။ ဧည့်သည်လာလို့ တောင် ထိုင်စရာ နေရာမရှိ။ ဝါး ကြမ်းခင်းတွေက ကျိုးတိုးကျဲတဲ။ ဓနိမိုးက ကြယ်မြင်လမြင်။ အခြေခံ လူတန်းစား အောက်ဆုံး အလွှာမှ  မိသားစုတစ်စု အတွက်တော့ ကိုယ့် ခြံ ကိုယ့်ဝင်း ကိုယ့်အိမ် ကိုယ့်ရာမို့ စိတ်ပျက်ဖွယ် မရှိ။ စာရေးသူ၏ ရင်ထဲ မှာတော့ လူချင်းတူတူ သူချင်း မျှမျှပင် မနေကြရရှာသူတွေကိုတွေ့ ရလေတိုင်း ကရုဏာ ခံစားမှုဖြင့် နာ ကျင်သည်။

ထိုအိမ်ကလေးမှာ မိသားစု ဝင် ခြောက်ယောက် နေထိုင်ကြ သည်။ အသက် ၃ဝ ကျော် လင် မယား၊ လင်ဖြစ်သူ၏ မိခင် အသက် ၆ဝ အရွယ် ရှူနာရှိုက်ကုန်း အဘွား ကြီးအိုပေါက်စ၊ ကလေးသုံးယောက် တို့ ဖြစ်ကြသည်။ အကြီးဆုံးက ၁ဝ နှစ်အရွယ် ယောက်ျားကလေး၊ ဒုတိယက ၇ နှစ်အရွယ် ယောက်ျား ကလေး၊ အငယ်ဆုံး ကတော့ ၄ နှစ် အရွယ်မိန်းကလေး။ နေအိမ်ကို ကြည့်ရုံဖြင့် ထိုမိသားစု၏ စားဝတ် နေရေး အခက်အခဲတွေကို မှန်းဆ ကြည့်နိုင်သည်။ အကြီးနှစ်ယောက် စလုံး ကျောင်းနေချိန် တန်ပါလျက် ကျောင်းမနေဖူးကြ၍ နကန်းတစ် လုံးမှ မတတ်ကြ။

ဝါးအိမ်ကလေးပေါ်မှာ ငုတ် တုပ်ထိုင်ကာ အသားဝါလျော်လျော် ပိန်ညှောင်ညှောင်နှင့် အသက်သုံး ဆယ်ကျော်လောက် ဆံပင်စုတ်ဖွား နှင့် လူမှာ အိမ်ထောင်ဦးစီး ဖြစ်သည်။ ကျပန်း အလုပ်ကြမ်းသမား ဖြစ်သည်။ ယခုတော့ ဂိလာနဖြစ် နေရှာသည်။ ကိုင်းခုတ်ရင်း ပိုးထိ ၍ ဆေးအတော် ကုယူရသည်။ မြွေ ကိုက်၍မသေပါသော်လည်း ကိုယ် ခံအား ကျဆင်းကာ အလုပ်မလုပ် နိုင်တော့ချေ။ ကံဆိုးချင်တော့ အား နည်းနေချိန်မှာ အဆုတ်ရောဂါ (တီဘီ)က ဆိုင်းမဆင့် ဗုံမဆင့်ကြား ဖြတ်ဝင်လာသည်။ ယခု တီဘီဆေး တွေ စားနေရသည်။ အစိုးရက တီ ဘီဆေး အလကားပေး၍ တော်ပါ သေးရဲ့။

အိမ်ရှင်မက ဈေးတောင်း ခေါင်းရွက်ဖြင့် တစ်ဖက်တစ်လမ်း က ဝင်ငွေ ရှာပါသော်လည်း လူ မမာတစ်ဦး ပါဝင်သော မိသားစု ခြောက်ယောက် အတွက် အလျင် မမီ။ ထမင်းရည်နှုတ်ခမ်း မသုတ်ရ ရုံတစ်မည် လူစဉ်မမီ့တမီ ဘဝများ။ ကျောင်းထားချိန် ရောက်နေသော သားနှစ်ယောက်ကို ကျောင်းမ ထားနိုင်သည်က ဘာမျှမဆန်း။ ထမင်းစားရဖို့က အဓိက၊ ပညာ ရေးက သာမည။

စာရေးသူ၏ မိတ်ဆွေက ထို မြို့ကလေးရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ကျောင်းထိုင်ဆရာ တော်နှင့် ရင်းနှီးသည်။ သူ၏ တူ တော်မောင် ကောင်လေးနှစ်ယောက် ကို ထိုဘုန်းတော်ကြီးထံ ခေါ်ယူသွား ပြီး လျှောက်ထား အပ်နှံလိုက်သည်။ ဘုန်းတော်ကြီးက ပညာရေးအား ပေးသောပုဂ္ဂိုလ် ဖြစ်သည်။ ကလေး နှစ်ယောက် ပညာလည်းရ၊ ဝမ်း လည်းဝကြမည်။ သို့ပါသော်လည်း သူကလေးတို့၏ အနာဂတ်ကို အ ကောင်းဘက်ကချည်း မျှော်၍တော့ မရ။

တစ်ခါက အင်းတကော်မြို့သို့ အသွား ကားမှားစီးမိပြီး လှည်းကူး /ဖောင်ကြီးလမ်း တစ်ဝက်လောက် ရောက်မှ ကားမှားစီးမိ မှန်းသိသည်။ ဖောင်ကြီးအထိ မလိုက်လိုသဖြင့် လမ်းခုလတ်မှာပဲ ဆင်းနေလိုက် သည်။ ညမိုးချုပ်၍ အချိန်လင့်နေ ပြီ။ လှည်းကူးဘက် ပြန်မည့် ကား လည်း မရှိတော့ပါ။ မိမိဆင်းခဲ့ရာ ကားလမ်းဘေးတွင် တဲစုကလေး တစ်စု။ ဒီဇယ် ဆီမီးခွက်ကလေးတွေ တလက်လက်ဖြင့် တွေ့ရသည်။ အ နီးဆုံးတဲကလေး တစ်လုံးမှာ ည အိပ်တည်းခိုဖို့ တောင်းပန်ရတော့ သည်။ တဲရှင်က လူရွယ် လင်မယား ဖြစ်ကြသည်။ ဝတ်ပုံစားပုံ ပြောပုံဆို ပုံကိုကြည့်၍ တောသား လူဆင်းရဲ တွေမှန်း သိသာလှသည်။ ၉ နှစ် သားကလေး တစ်ယောက်၊ ၅ နှစ် သမီးနှင့် ၃ နှစ် သမီးကလေးတစ် ယောက်တို့ ရှိကြသည်။

”ကျွန်တော်တို့က ဆည်မြောင်း ဌာနက အလုပ်သမားတွေပါ။ ဒါ ပေမယ့် အမြဲတမ်း ဝန်ထမ်း မဟုတ် ဘူး။ ကန်ထရိုက်က ခေါ်လာတဲ့ အလုပ်သမားတွေပေါ့။ ဒီမှာ ကျွန် တော်တို့ ရေနုတ်မြောင်းကြီးတွေ တူးနေကြတယ်။ ပုတ်ပြတ်စနစ်နဲ့ ပါ။ ကျွန်တော်က မြောင်းတူးတယ်။ မိန်းမနဲ့သားက မြေစာတွေကိုသယ် ကြတယ်။ ခုလို နွေရာသီ နေပူကြီး ကျဲကျဲမှာလည်း နားနေလို့မရဘူး။ ကန်ထရိုက် သတ်မှတ်တဲ့ ရက်မှာ ပြီးအောင်တူးကြရတာ။ တစ်နေကုန် ဆိုပါတော့ဗျာ။ ကျွန်တော်တို့ မြေ သွားတူးရင် တဲမှာ အငယ်နှစ်ယောက် စောင့်ကျန်ရစ်ကြတာပဲ။ နေ့ခင်း ဘက်ဆို ဒီတစ်ဝိုက်က တဲတွေမှာ လူကြီးတွေ မရှိကြဘူး။ အားလုံး မြောင်းတူးတဲ့ ဆီ ရောက်နေကြတာ။ ကလေးတွေပဲ အိမ်စောင့်ကျန်ရစ်ခဲ့ ကြတာ”

မြေတူးသမားလေး က ရှင်းပြ သည်။ သူတို့၏နေရင်း ရပ်ရွာမှာ ဤမြို့နယ်မှ ဝေးလှမ်းလှသော ရန် ကုန်တိုင်း တော်လတီ၊ တော်လတဲ့ ကျေးရွာဘက်မှာ ရှိသည်။ မိုးကျ လျှင် ရွာသို့ပြန်သည်။ မိုးကုန်လျှင် ဆည်မြောင်း ဌာန၏ အလုပ်ရှိသော နေရာများသို့ မိသားစုလိုက် ရွှေ့ ပြောင်း အလုပ်လုပ်ကြသည်။ ရောက်ရာ အရပ်မှာ တဲထိုး၍ နေ ကြသည်။ တကယ့် ပြည်တွင်းရွှေ့ ပြောင်း လုပ်သားတွေ ဖြစ်ကြသည်။ မိဘတွေက စားဝတ်နေရေး အတွက် ရွှေ့ပြောင်းရွေ့လျားနေကြစဉ် က လေးတွေ ကလည်း တိုးလို့တန်းလန်း လိုက်ပါနေကြရရှာသည်။ ကျောင်း နေချိန်မရှိ။ ရွာမှာ ကျောင်းထားခဲ့ လို့လည်းမဖြစ်။ ကလေးတွေကို တာ ဝန်ယူ ကျွေးမွေးစောင့်ရှောက်မည့် ဆွေမျိုးဥာတိမရှိ။ သူတို့ခမျာများ မှာလည်း ကိုယ့်အပူနှင့် ကိုယ်။ ကိုယ် မချိ အမိသော်လည်း သားတော်ခဲ မဟုတ်ပါလား။ လူဆင်းရဲသား သမီးငယ် များအတွက် ‘ပါးစပ်တစ် ပေါက်’၊ ‘ဝမ်းတစ်ထွာ’ အရေးကိစ္စ သည် နေရာတိုင်းမှာ မလွယ်ကူ။  ‘ပညာရေး’ ဆိုသည်ကား တုံးခု လည်းမမီ၊ တံချူလည်းမမီသော ပင်မြင့်သခင် ငွေသဇင်။

မကြာလှသေးမီက ရန်ကုန် တိုင်း မြောက်ပိုင်းခရိုင်၊ တိုက်ကြီး မြို့နယ်ထဲရှိ သနပ်ချောင်းရွာသို့ ရောက်သွားခဲ့သည်။ ထိုရွာရှိ ပရ ဟိတဘုန်းတော်ကြီး ကျောင်းတစ် ကျောင်းသို့ ပရဟိတအသင်းကြီး တစ်သင်းကသွားရောက် အလှူဒါန ပြုရာတွင် ဧည့်သည့်အဖြစ် လိုက် ပါသွားခဲ့ခြင်းဖြစ်သည်။ ထို ကျောင်း ကို ခေတ်ပညာတတ် ရဟန်းပျိုများ က ဦးစီးထူထောင်ထားသည်။ သူ တို့၏ ကွန်ရက်က မြန်မာနိုင်ငံ အ နှံ့အပြားမှာရှိသည်။

ထိုကျောင်းတွင် ရင်ခွင်ပိုက် အရွယ်မှသည် အထက်တန်းကျောင်း သူ၊ ကျောင်းသားအရွယ် အထိ  မိဘမဲ့ ကလေးပေါင်း တစ်ရာကျော် ရှိသည်။ နေ့စဉ်ထမင်း ၃ နပ်အ တွက် ငွေကြေး သိန်းဂဏန်းကျော် မျှ ကုန်ကျသည်။

”ကလေးတွေကို တစ်နေ့ သုံး နပ်မှန်မှန် ကျွေးနိုင်အောင် အသီး အရွက်ကိုပဲ အားပြုရတယ်။ အလှူ ရှင်တွေ လာကျွေးတဲ့နေ့ ဆိုရင်တော့ ဆီပြန်သားငါးဟင်း စားကြရတာ ပေါ့လေ။ အလှူရှင်တွေက သဒ္ဓါ တရား ထက်သန်ကြပါတယ်။ အ ပြတ်အလပ် သိပ်မရှိလှပါဘူး”  ဟု ရဟန်းပျို တစ်ပါးက ရှင်းပြသည်။

ထိုကျောင်းတွင် မူလတန်းအ ဆင့် စာသင်ပေးရာ ပြင်ပမှ လခ စားဆရာ အချို့ ငှားရမ်းခေါ်ယူထား ရသည်။ ဆရာတွေ၏ လခကို မေး ကြည့်တော့ အစိုးရခန့် ကျောင်း ဆရာတွေ၏ လစာတစ်ဝက်ခန့်မျှ သာ ရကြသည်။ တပည့်ကလေးတွေ စားသလိုပဲ ဆရာတွေ စားကြသည်။ တကယ့် ‘နာ’သုံးနာ ကျသော ပရ ဟိတဆရာ၊ ဆရာမကလေးတွေ ဖြစ်ကြသည်။ ကလေးအများစု မှာ မိမစုံ ဖမစုံတွေ ဖြစ်ကြပြီး ကျန်တာ ကတော့ မိဘမဲ့စစ်တွေဖြစ်ကြသည်။  လေးဖက်တွား  အရွယ် ကလေးကို ကလေးကြီးတွေက ချီပိုးထိန်း ကျောင်းကြသည်။ ကလေးအချို့၏ မျက်နှာကလေးတွေဆီမှာ တွယ် ကပ်နေသော အားငယ်စိုးရွံ့မှုကို စာရေးသူ သတိပြုမိပြီး ပင့်သက် သာ ရှိုက်နိုင်ခဲ့ပါ သည်။

မြန်မာနိုင်ငံသည် လူဦးရေ တိုးပွားလာလေလေ၊ ဆင်းရဲသား များလာလေလေ ဖြစ်နေသလားဟု စာရေးသူ တွေးမိသည်။ အထူးသ ဖြင့် မိဘမဲ့ ပရဟိတ ကျောင်းတွေ က (၂ဝ) ရာစုထဲမှာ တုန်းကထက် တိုးပွားလာတာ အမှန်ဖြစ်သည်။ အချို့မိဘ များသည် ကလေးကို မွေးရုံပဲ မွေးပြီး ပေယျာလကန် ပြု လိုက်ကြသည်။ အချို့မိဘများက တော့ မွေးလည်းမွေး၊ ကျွေးလည်း ကျွေးသော်ငြား ပညာရေး အတွက် ပြည့်စုံလုံလောက်အောင် တာဝန် မယူနိုင်ကြ။ တာဝန်ယူနိုင် သူထံ ထိုးအပ် လိုက်ကြတော့သည်။ တာ ဝန်ယူထားကြ သူများကလည်း အ လှူရှင်များကိုသာ တစ်မျှော်တည်း မျှော်နေကြရသည်။ အလှူရှင်တွေ ကြီးပွားသည်ထက် ပို၍ ကြီးပွားကြ ပါစေ…လှူသည် ထက်လှူနိုင် ကြပါစေဟု ဆုတောင်းမေတ္တာ ပို့ သနေကြရသည်။

ဆင်းရဲသားတို့၏ ရင်သွေး များ၊ မိဘမဲ့တို့၏ ရင်သွေး များသည် စောင့်ရှောက်ထိန်းသိမ်းမှု ကောင်း စွာမရခဲ့လျှင် ဘေးထွက် ဆိုးကျိုးများ စွာ သက်ရောက်စေနိုင်သည်။ ”အ မေကမွေး၊ ထောင်က ကျွေး” ဆို သည်လည်းမကောင်း။ ”ဘယ်သူ မွေးမှန်းမသိဘဲ ထောင်က ကျွေး ထားရလျှင်လည်း မကောင်း”လှ ပါ။ ယခုခေတ်တွင် ပရဟိတလုပ် ငန်း လုပ်နိုင်စွမ်းသော သံဃာတော် အမြောက်အမြား ပေါ်ထွန်းလာ သည်မှာ သာဓုခေါ်စရာ အလွန် ကောင်းလှသည်။ ‘လူကယ်ပြန်’ ဝန် ကြီးဌာနအတွက်  ဘတ်ဂျက် ပိုမိုချ ပေးနိုင်ရန် ကြားလောက်ရုံပဲ အော် ဟစ် တောင်းဆိုပါရစေ။ ကျပ်ငွေ သိန်းထောင်ချီ တန်သော ကားပိုင် ရှင်တွေကလည်း ထိုသို့သော ကား တစ်စီးကို ပရဟိတကျောင်းတစ် ကျောင်းအတွက် ဘာကြောင့်မစွန့် လွှတ်နိုင်ရမည်နည်း။ သင်တို့၏ အလှူသည် မဂ်ဖိုလ်နိဗ္ဗာန်တော့ ရောက်စေနိုင်မှာ မဟုတ်။ သို့သော် နိုင်ငံနှင့် လူမျိုး တိုးတက်စေမည့် အ ကျိုးတော့ မုချဧကန် ရရှိစေပါလိမ့် မည်။  ။
ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*