သူတို့အမြင်

သူတို့အမြင်
May 16, 2017 Asian Fame

4:04 pm
သူတို့အမြင်

perspectiveမြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောဆို နေကြသည် တို့ကိုအားလုံး အသိပင်ဖြစ်ပါ လိမ့်မည်။ အစိုးရထံမှ စီးပွားရေး ဆိုင်ရာ မူဝါဒများ ထုတ်ပြန်ရာတွင် လိုအပ်ချက်များ ရှိနေသည်ဟုလည်း ဆိုကြသလို၊ စီးပွားရေးဆိုင်ရာ မူဝါဒများ တိတိကျကျ မရှိသောကြောင့် လုပ်ရကိုင်ရ ခက်နေသည်ဟုလည်း ဆိုကြပြန် သည်။ သည်ကြားထဲ ဒေါ်လာဈေးတွေ ရွှေဈေးတွေ တက်လာပြန်သဖြင့် ကုန်ထုတ် လုပ်ငန်းများ အတွက် ကုန်ကြမ်းစရိတ် များတက်လာကာ ထို့ကြောင့် ကုန်ချောများပါ ဈေးတက် ကုန်ကြရသည်ဟုလည်း ဆိုကြပြန်၏။ အခွန်တွေ တိုးမြှင့် ကောက်ခံသဖြင့်လည်း လုပ်ရကိုင်ရ ခက်လာသည်ဟုလည်း ဆိုကြသလို၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရှိလာသဖြင့် လုပ်ရ ကိုင်ရ အဆင်ပြေသည်ဟုလည်း ဆိုကြပြန်သည်။ အချို့က ရှေ့ရေး အတွက် ရင်လေးလှသည်ဟု ဆိုကြသလို  အချို့ကလည်း လောလောဆယ်တွင် အခက်အခဲ များရှိသော်လည်း နောင်တွင်မူ အားလုံး အဆင်ပြေသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုကြပြန်သည်။ ပြည်သူတို့ မှာလည်း ဟိုစကား ယုံရကောင်းနိုးနိုး သည်စကား ယုံရကောင်း နိုးနိုးဖြင့် မျက်စိသူငယ် နားသူငယ် ဖြစ်နေကြသည် မှာ ကြာပြီ။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းကဏ္ဍအချို့မှ လက်တွေ့ လုပ်ကိုင်နေကြ သူတို့၏ လက်ရှိမြန်မာ့စီးပွားရေး လုပ်ငန်းများ အခြေအနေအပေါ် ရှုမြင် သုံးသပ်သည် တို့ကို ဖော်ပြလိုက်ရပါကြောင်း …။

ဦးကျော်သူ
(ဥက္ကဋ္ဌ၊
ကြိမ်နှင့်ဝါးလုပ်ငန်း ရှင်များအသင်း)

လောလောဆယ်ကတော့ ကုန် ကျစရိတ်တွေ တက်နေတယ်။ ကုန် ကြမ်း ရှားလာတယ်။ ကျွမ်းကျင်လုပ် သားတွေ ရှားလာတယ်။ ဈေးကွက် ကတော့ ပုံမှန်ရှိနေတယ်။ ဌာနဆိုင် ရာ လုပ်ထုံး လုပ်နည်းတွေကတော့ ထူးခြားလောက်အောင် ပြောင်းလဲ လာတာမျိုး မရှိသေးဘူး။ စီမံဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်းကတော့ ကျွန် တော်တို့နဲ့ ပြီးခဲ့တဲ့အပတ်က တွေ့ တယ်။  ကျွန်တော်တို့ တင်ပြလိုက် တယ်။ အခက်အခဲတွေ၊ ပြင်ဆင်ရ မယ့် အချက်တွေပေါ့။ ပြန်ပြီးတော့ ညှိနှိုင်းပေးမယ် လို့တော့ ပြောပါတယ်။ အရင်ထက် စာရင်တော့ တုံ့ ပြန်မှုက ပိုကောင်းလာတယ်လို့တော့ မြင်ပါ တယ်။ ဒါပေမယ့် ရလဒ်တော့မထွက် သေးဘူး။ တအားကြီး ကျွန်တော်တို့ ဘက်မှာတော့ အပြောင်းအလဲကြီး ခံစားရတာ မျိုးတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် ဦးသန်း ရွှေ၊ ဦးသိန်းစိန်တို့ လက်ထက်က မဖြေရှင်းခဲ့တာတွေ ကျွန်တော်တို့ တင်ပြထားတာတွေ နှစ် ၂ဝ လောက် ရှိပါပြီ။ အခုလည်း ကျန်ပါသေးတယ်။ ဌာန ဆိုင်ရာတွေက ဘယ်လို ပုံစံတွေ ဖြေရှင်းတာများလဲ ဆိုတော့ ကျွန် တော် ထမင်း ဆာနေတယ် ဆိုရင် ရော့ ငှက်ပျောသီး တစ်လုံး စားထား လိုက်ပါပေါ့။ အဲဒီပုံစံ ဖြေရှင်းတယ်။ သူတို့ကတော့ ကျွန်တော်တို့ ဖြေရှင်း ပေးထားတယ်ပေါ့။ သေတော့ သေ မသွားဘူးပေါ့။ ဒါပေမယ့် တကယ် လိုအပ်တဲ့ အဖြေတော့ ဒဲ့မကျသေး ဘူး။ ထမင်းဆာနေတဲ့ သူထမင်း ကျွေးလိုက်တာ ကောင်းပါတယ်။ အခု လက်ရှိ မှာတော့ ကုန်ကြမ်းရှားတယ်၊ သယ်ယူ ပို့ဆောင်စရိတ်တွေ မြင့်နေ တယ်။ အဲဒါတွေတော့ လတ်တလော ခံစားနေရတယ်။

ဦးစိုင်းဘဥာဏ်
(ဒုဥက္ကဋ္ဌ၊
ပဲ နှမ်းအသင်း)

လက်ရှိမှာ နှမ်းကတော့ ပုံမှန် အရောင်းအဝယ် ရှိနေပါတယ်။ ပဲ ကတော့ နှမ်းနဲ့မတူဘူး။ ပုံမှန်ဝယ် သူရှိနေတာတွေ ကျတော့ သူ့ဟာနဲ့ သူ ရောင်းလို့ ထွက်နေတယ်။ ပဲက တော့ ပုံမှန် ဝယ်သူရှိပေမယ့် ဈေးနှုန်း မှာကျ ရောင်းဝယ်မှုစနစ်မှာ လှောင် ပြီးရောင်းတဲ့သူတွေ ရှိနေတဲ့အတွက် ဈေးအတက်အကျ များတယ်။ ပုံမှန် အရောင်းအဝယ် မဖြစ်ဘူး။ လက်ရှိ မှာ ပဲဈေးကျနေတယ်။ မတ်ပဲနဲ့ ပဲစင်းငုံပါပဲ။ ကျန်တဲ့ ပဲတွေကတော့ ပုံမှန် အရောင်းအဝယ် ရှိနေတယ်။ ကျွန်တော်တို့ ပဲလုပ်ငန်းတွေကတော့ ဒီအစိုးရ လက်ထက်မှာ ကောင်းပါ တယ်။ ကာလအပိုင်း အခြားအရသာ ဈေးကျနေတယ်ပြောတာ။ ဒီအစိုး ရလက်ထက်မှာ ပုံမှန် ကုန်သွယ်မှုတွေ ကတော့ အရောင်းအဝယ်ကောင်းပါ တယ်။ စီးပွားရေး မကောင်းဘူး ပြော နေတဲ့သူတွေက တရားမဝင်လုပ်တဲ့ သူတွေသာ မကောင်းတာ။ တရား ဝင်လုပ်တဲ့ သူတွေက ကောင်းတယ်။ အရင်တုန်း ကတော့ မှောင်ခိုတွေ၊ အ ခွန်ရှောင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ကများတော့ အစိုးရ ဌာနတွေကို ပိုက် ဆံပေးပြီးတော့ လုပ်လို့ကရတယ်လေ။ အခုတော့ ပိုက်ဆံပေးလည်း လုပ်လို့ မရဘူး၊ မပေးလည်း လုပ်လို့ မရဘူး ဆိုတော့ မှောင်ခို လုပ်ငန်းတွေ၊ အခွန် ရှောင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းတွေ စီးပွားရေး ကျတာပေါ့။ တရားဝင်စီး ပွားရေး လုပ်ငန်းတွေကတော့ အရင် ကလည်းဒီအတိုင်း၊ အခုလည်း ဒီအ တိုင်းပဲ။ အရင်တုန်းကတော့ အခွန် ရှောင်တဲ့စီးပွားရေး လုပ်ငန်းတွေ လုပ် တာများတာကိုး။ အဲဒီတုန်းကတော့ ဌာန ဆိုင်ရာတွေက ပိုက်ဆံယူပြီး လုပ်ကြတာပေါ့။ အခုကတော့ ပိုက် ဆံပေးတော့လည်း မယူရဲဘူး။ လုပ် ပေးဆိုတော့လည်း မလုပ်ပေးရဲဘူး ဆိုတဲ့ အနေအထား ဖြစ်လာတော့ စီးပွားရေး ကျတယ်ဖြစ်လာတာပေါ့။ အရင်ကတော့ လုပ်ငန်းကို ခွင်ရိုက် တဲ့ကောင်တွေက အလုပ်ဖြစ်တာပေါ့။ တရားမဝင် စီးပွားရေးတွေ တရားဝင် ဖြစ်လာမယ် ဆိုရင် ကောင်းလာကြ မှာ။

ဦးဝင်းဆွေ
(မန်နေးဂျင်းဒါရိုက်တာ
PT Power Trading Co.Ltd)

ကျွန်တော်တို့ စက်သုံးဆီမှာ က လောလောဆယ် အရမ်း အခက် အခဲကြီးတော့ မရှိသေးပါဘူး။ လော လောဆယ် သွင်းတာ၊ ထုတ်တာ၊ ရောင်းဝယ်တာ သိပ်အခက်အခဲ မရှိ ပါဘူး။ အခက်အခဲ ရှိတယ်ဆိုတာက တော့ ကျွန်တော်တို့ ကုမ္ပဏီတွေ ကျ တော့ ဘယ်လိုပြောရမလဲ နာမည်ကြီး ကုမ္ပဏီပဲ ပြောပြော သူတို့တွေလောက် တော့ အခွင့်အရေး မရဘူး။ မနာလို လို့ ပြောတာ မဟုတ်ဘူး။ အရင်အစိုး ရလက်ထက်တုန်းက ဆီဆိုင်တွေ၊ စက်သုံးဆီဆိုင်တွေ ကို မြို့ထဲတွေမှာ ဈေးပေါပေါနဲ့ ကုမ္ပဏီတစ်ခုကို ၁၅ ဆိုင်၊ ၁၆ ဆိုင်၊ ဆိုင် ၂ဝ အစရှိသဖြင့် ရခဲ့တယ်။ သီလဝါ လိုနေရာမျိုးမှာ ဆိပ်ကမ်းမြေနေရာ ရခဲ့တယ်။ ကျွန် တော်တို့ကျတော့ အဲဒါတွေ ဘာတစ်ခု မှမရဘဲနဲ့ ကိုယ့်လက် ကိုယ့်ခြေနဲ့ ရုန်း ရတာမျိုးတော့ ရှိတယ်။ ကျွန်တော် တို့မှမဟုတ် အခြားလုပ်ငန်းကဏ္ဍ တွေမှာလည်း ဒီလိုမျိုးတော့ ရှိတယ်။ ဒါတွေကို နည်းနည်းတော့ ကြည့် ပေးစေချင်တယ်။ ပြီးခဲ့တဲ့အခေါက် က ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ဆောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုက ဝင်ငွေ ခွန် လုပ်ငန်းဆောင်တဲ့ အခါကျတော့ ဟိုးအဆင့် ၂ဝ ကျော်မှာ သွားဆောင် တယ်ဗျ။ ကုန်သွယ်ခွန်နံပါတ် (၁) လို့ ပြောပြီး ဝင်ငွေခွန်ကျတော့ ၂ဝ ကျော်မှာ ဆောင်တာရှိတယ်။ ကျွန် တော်တို့က ကုန်သွယ်ခွန် ၁၂ လောက် မှာ ရှိတယ်။ ဝင်ငွေခွန် မှာ အဆင့် ၁၅ လောက်တော့ ရှိတယ်။ ဒါမျိုးတွေ ပေါ့။ ကျွန်တော်တို့ အနေနဲ့တော့ နိုင်ငံခြား ကုမ္ပဏီ ဝင်လာမယ် ဆိုတာ တော့ မျှော်လင့်ပြီးသားပါ။ ဖြစ်လာ နိုင်မယ်ဆိုတဲ့ အတွက် သူတို့နဲ့ပေါင်း နိုင်ဖို့အတွက် အစကတည်းက ဆိုင် တွေ တည်ဆောက် တာကအစ နိုင်ငံ တကာ အဆင့်မီအောင် တတ်နိုင်သ လောက် ပြင်ထားပါတယ်။ ဒါပေမယ့် အခွင့်အရေး ၁ဝဝ ရာခိုင်နှုန်းပေး သင့်မပေးသင့် ဆိုတာကတော့ ကျွန် တော်တို့က နိုင်ငံသား အခွင့်အရေး အရ ဒီလိုမဖြစ်သင့်ဘူး လို့ထင်တယ်။ ကျွန်တော် တို့လည်း အရည်အသွေး ပိုင်းမှာ နိုင်ငံတကာနဲ့ မီတယ်လို့ ယုံ ကြည်မှုရှိတဲ့အတွက် ကြောက်တော့ မကြောက်ပါဘူး။ ကျွန်တော်တို့လုပ် ငန်းမှာတော့ အခြား လုပ်ငန်းတွေ လောက်တော့ သိသိသာသာကြီးကျ သွားတာမျိုးတော့ မရှိသေးဘူး။ ကောင်းသေးတယ်ပေါ့။ အရမ်းတက် နေတယ် လို့တော့လည်း မဟုတ်ပါဘူး။ ထိန်းထားနိုင်သေးတယ်ပေါ့။

ဦးထွန်း
(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပလတ်စတစ် လုပ်ငန်းရှင်များအသင်း)

အလုပ်အကိုင် အကြောင်း ပြော ရရင်တော့ အခု ပါးနေတယ်။ ဘာမှ တော့ အလုပ်မဖြစ်ဘူး။ သိတဲ့အတိုင်း စီးပွားရေးတွေ က ကျနေတယ်။ ပလတ် စတစ်လိုင်း တစ်လိုင်းတည်းတော့ မဟုတ်ပါဘူး။ ကျန်တဲ့ လိုင်းတွေလည်း ဒီလိုပဲ အရောင်းအဝယ် ပါးနေတယ်။ စီးပွားရေးက အခု ဘယ်လိုဖြစ်နေလဲ ဆိုတော့ ထွက်ပေါက် မရှိဘူး။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုက မလာဘူး။ ပြည် တွင်းက ထွက်ကုန်ကလည်း ပြည်တွင်း မှာ အပြိုင်အဆိုင် လုရောင်းနေရတော့။ ဒေါ်လာဈေး တွေကလည်း မကျဘူး။ ဒေါ်လာဈေးမကျတော့ အလုပ်လုပ် ရကိုင်ရတာ ခက်တယ်ဗျ။

ဦးဝင်းကျော်ဦး
(ဒုဥက္ကဋ္ဌ၊  
အဝေးပြေးကုန်စည်
ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း)

လုပ်ငန်းတွေက ပါးတယ်ဗျာ။  တအားပါးတာ။ ဒီအစိုးရ လက်ထက် မှာ လုပ်ရကိုင်ရတာကတော့ အဆင် ပြေပါတယ်။ လွတ်လပ်စွာလုပ်ကိုင် ခွင့် ရှိပါတယ်။ ဒါပေမယ့် ပါးတယ် ဆိုတာကတော့ အရင့်အရင် လုပ်ထား တွေက မရုန်းသာဆိုတော့။ နောက် တော့လည်း ပြန်ကောင်းလာမှာပေါ့ လေ။ ကျွန်တော်တို့ ကျောက်မီးသွေး လုပ်ငန်းက ဘယ်လိုပြောရမလဲဆို တော့ အဝယ်နည်းနေတယ်။ အစိုးရ စတက်တဲ့ အချိန်လောက်က မဆိုး ပါဘူး။ ဒီလပိုင်းကျမှ ပါးသွားတာ။ မော်တော်ယာဉ်ပိုင်းမှာတော့ လော လောဆယ် ပုံမှန်အခြေအနေမှာ ရှိ နေတယ်လို့ ပြောလို့ရပါတယ်။လမ်း မှာ အတားအဆီးတွေ၊ ပေးရကမ်းရ တာတွေက ရှုပ်တယ်ဗျ။ ကျွန်တော် တို့ လုပ်ရတာတွေက ပေးရကမ်းရ တာတွေက ရှိနေဆဲပဲ။ အခု လော လောဆယ်တော့ စက်ရုံတွေက ဘာ ကိုကြောက်နေတာလဲ၊ မျှော်နေတာ လဲတော့ မသိဘူး။ မသွင်း ရတာတော့ မသွင်းရဘူး။ မူဝါဒအပြောင်းအလဲ ဘာညာလည်း မကြားမိပါဘူး။ လုံးဝမသွင်းရတာတော့ မဟုတ်ဘူး။ အရင်က ၁ဝ စီးသွင်းရတယ်ဆိုရင် အခု ၅ စီးလောက်ပဲ သွင်းရတယ် ထက်ဝက်လောက် ဖြစ်နေတယ်။ မိုး တွင်းကာလ နဲ့ နီးလာတော့လည်း အဲဒီလိုအခြေအနေတော့လည်း ဖြစ် တတ်ပါတယ်။

ဦးအောင်သန်းဝင်း
(ဥက္ကဋ္ဌ၊ မော်တော်ယာဉ် ရောင်း ဝယ်ရေးလုပ်ငန်းရှင်များအသင်း)

ကားအရောင်းအဝယ်ကတော့ သင်္ကြန်ပြီး နောက်ပိုင်းတုန်းကတော့ ထုတ်ပြန်တဲ့ ဥပဒေတွေက နည်းနည်း လေးတော့ သွက်လာသေးတယ်။ ဘာ လို့လဲဆိုတော့ ၄ လပိုင်းကစပြီး စလစ် နဲ့ ကားတွေကို ၁၅ ရာခိုင်နှုန်း တင် သွင်းမယ်။ စလစ်မကပ်ရသေးတဲ့ ကားတွေကို ၂ဝ၁၄ ကနေစပြီး ဘယ် ကိုင်ပဲသွင်းရမယ် ဆိုပြီးတော့ ဖြစ် လာတော့ အရင်အစိုးရ ခေတ်လက် ထက်တုန်းက ကားတစ်စီးကို သိန်း ၂ဝဝ လောက်မှ ကောင်းကောင်းလေး စီးရမယ့် အနေအထားပေါ့။ အဲဒီတော့ ကား အရောင်းအဝယ်တော့ နည်း နည်းသွက်လာတယ်။ အခုကျ မူက တစ်မူ ထပ်ထုတ်လိုက်ပြန်ရော။ စလစ် မလိုဘူး။ ၂ဝဝ၁၊ ၂ဝဝ၂ လောက်မှာ ဆိုရင် သိန်း ၃ဝ၊ ၂ဝဝ၄ ကနေ ၂ဝဝ၆ အထိ သိန်း ၆ဝ။ စလစ်အစား တင်သွင်းခွင့်ရမယ် ဆိုပြီး လုပ်လိုက် ပြန်တယ်။ ဒါပေမယ့် ရန်ကုန် လိုင်စင် တော့မရဘူး နယ်လိုင်စင်ပဲ။ ဆိုတော့ မူဝါဒတွေက အမျိုးမျိုး ပြောင်းနေတော့ အရောင်းအဝယ်က အေးသွားပြန် ပြီ။ ယာဉ်ရောင်းဝယ်ရေး လောကမှာ စီးပွားကူးသန်းက အမျိုးမျိုးထုတ်နေ တယ်။ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စား သောက်ရတဲ့လူတွေက ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး။ အဲဒါတွေက မဖြစ်သင့်ဘူး။ မူတစ်ခုကို ကာလံ ဒေသံအလိုက် ထုတ်တာလည်း ထုတ် ပေါ့။ ဒီအစိုးရက အခွန်နဲ့ နိုင်ငံတည် ဆောက်မယ့် အစိုးရဆိုတော့ အခွန် ကောက်တာလည်း ကောက်ပါ။ အ ခွန်ဆောင်တဲ့ သူတွေကိုလည်း သူတို့ ရဲ့ အခွင့်အရေး တွေတော့ ပေးပေါ့။ အခုက ကောက်သာ ကောက်တာ။ ကျန်တဲ့ အခွင့်အရေးကျတော့ ဘာမှ လည်းမရဘူး။ မူဝါဒက အမျိုးမျိုး ထုတ်နေတယ်။ အများ အတွက်ကို ကြည့်ပြီးတော့ အခြေအနေလေး ကြည့်ထုတ်ပေါ့။  လူတွေ ဒုက္ခသုက္ခ ရောက်နေတဲ့အချိန် အတိုင်းအတာ မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက လုပ်ငန်းတွေက လုပ်တာတော့ လုပ် ပြီး မအောင်မြင်ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ တစ်နိုင်တစ်ပိုင်ရောင်း ဝယ်ရေးစခန်းကို အမေစု ကိုယ်တိုင် မြေကွက်ချပေးထားတာရှိတယ် တစ် နှစ်ပြည့်တော့မယ်။ အခုထက်ထိ ဘာမှ အကောင်အထည်မဖော်နိုင် သေးဘူး။ ဒါကတော့ တိုင်းဒေသကြီး အစိုးရနဲ့ ပတ်သက်ပြီး ပြောပြတာ။ အလုပ်များမှန်း သိပါတယ်။ မလုပ်နိုင် ဘူး ဆိုရင်လည်း လုပ်နိုင်တဲ့လူတွေကို တာဝန် ခွဲဝေချပေးလိုက်ရင် အောင် မြင်ရင် တရားဝင် ရောင်းဝယ်ရေး စခန်း ပေါ်လာပြီး လမ်းမကြီးတွေမှာ ပိတ် ဆို့မှုတွေလည်း ကျဆင်းသွားမှာ။ လောလောဆယ်တော့ အရောင်းအ ဝယ်က တော်တော်လေး ကို ပါးသွား တယ်။ ကားတင်သွင်းတာ ကလည်း အရင်လို မဟုတ်ဘူး။ အရှုံးနဲ့ ရင်ဆိုင် ရလိမ့်မယ်။ အဲဒီလို ဖြစ်နေတော့ ဘယ် သူမှ တော်ရုံတန်ရုံ မသွင်းတော့ ဘူး။ ရှိနေတဲ့ သွင်းထားတဲ့ဟာတွေ ကိုပဲ ကောက်ရောင်းနေရတယ်။

ဦးခင်မောင်လွင်
(တွဲဖက်အတွင်းရေးမှူး
ကြက်၊ ဘဲဈေးသာယာရေး)

ကျွန်တော်တို့က ပုံမှန်ပါပဲ။ အရင်လိုပါပဲ။ ကျွန်တော်တို့ အလုပ် ကတော့ သိပ်တော့ ထူးခြား တိုးတက် လာတာမျိုးလည်း မရှိဘူး။ စား သောက်ကုန်ဆိုတော့လေ။

ဦးနေလင်းဇင်
(တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်)

ဆန်ကုန်သွယ်ရေးနဲ့ ပတ်သက် ပြီး ကုန်သွယ်ရေး မူဝါဒ ဆိုင်ရာ အခက် အခဲတွေရှိပါတယ်။ ကျွန်တော် တို့ဆီ က ဆန်ဈေးဟာ တရုတ်နိုင်ငံကဆွဲတဲ့ အတိုင်းပါနေတယ်။ အဲ့ဒါ အဆင်မပြေ ပါဘူး။ တရုတ်နဲ့ တရားဝင် နယ်စပ် ဖြတ်ကျော် ကုန်သွယ်နိုင်ဖို့ အရေးကြီး ပါတယ်။ နောက်တစ်ချက်က ပြည် တွင်းဒေါ်လာဈေး မငြိမ်သက်တာဟာ ကုန်သွယ်ရေးကို ထိခိုက်ပါတယ်။ ဒေါ်လာဈေး တက်လိုက်ကျလိုက်နဲ့ ဆိုတော့ ကုန်သွယ်ရေးမှာ စာချုပ်တွေ ချုပ်ပြီး လုပ်ရတာ ဆိုတော့ အခက်အခဲ တွေရှိပါတယ်။ ဝင်ငွေခွန်တွေ ကုန် သွယ်ခွန်တွေမှာလည်း လိုအပ်တာ ထက် ပိုကောက်နေတဲ့ အခွန်တွေ ရှိ တယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်း တွေက အခြေအနေ ကောင်းလို့ အ ခွန်ပေးနေရတယ်ဆို ကိစ္စမရှိဘူး။ ခု က စီးပွားရေး မကောင်းတဲ့ကြား ထဲက လိုအပ်တာထက် အခွန်တွေ ပိုကောက် တာဟာ စီးပွားရေး  လုပ်ငန်းတွေ SME တွေကို အထိနာစေပါတယ်။ နောက် တစ်ချက်က အစိုးရ အနေနဲ့ ငွေကြေး ဖောင်းပွမှုနှုန်း ကို မထိန်းချုပ်နိုင်တာ ဟာ ပြည်တွင်းစီးပွားရေး လုပ်ငန်း တွေကို ထိခိုက်စေတယ်။ အစိုးရသစ် အနေနဲ့ ပြည်ထောင်စု အဆင့်က စီး ပွားရေး မူဝါဒတွေကို ချထားပေမယ့် အောက်က ဘာမှလိုက် မလုပ်နိုင်ဘူး ဆိုတာ သိသာတယ်။

ဦးရဲမင်းဦး
(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စီးပွားရေး အကြံပေးကော်မတီဝင်)

ကျွန်တော်တို့က စနစ်အပြောင်း မှာ စီးပွားရေး လုပ်ငန်းတွေက အရင် လိုလုပ်လို့ မရဘူး။ လုပ်ပုံလုပ်နည်း တွေက ပြောင်းလဲသွားတယ်။ ဒါ ကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း သူတို့နားလည်တဲ့ ပုံစံတွေနဲ့ လုပ်လို့မရတာတွေ ရှိတယ်။ အစိုးရ သစ်ကလည်း အဂတိ လိုက်စားမှုမရှိ တဲ့ လုပ်ငန်းမျိုးကို သွားချင်တာပေါ့။ အဲ့ဒီမှာ တချို့တွေ အဆင်မပြေဖြစ် ကြပါတယ်။ ဒါ့အပြင် ဒေါ်လာဈေးနဲ့ အတူ ငွေကြေး ဖောင်းပွမှုတွေ ပါ လာတော့ လုပ်ငန်းရှင်တွေ အလုပ် လုပ်ရတာ အခက်အခဲ တွေရှိတယ်။ တတိယ အချက် အနေနဲ့က စနစ်သာ ပြောင်းသွားတယ် အားလုံးက စီးပွား ရေးသွက်လာမယ် ထင်ထားတာကို ပြီးခဲ့တဲ့နှစ်က ပြင်ပရင်းနှီးမြှုပ်နှံမှု တွေ ဝင်မလာဘူး။ ပြီးခဲ့တဲ့ တစ်နှစ် လုံးမှာ အခက်အခဲတွေ ရှိခဲ့တယ်။ အားလုံးကတော့ စီးပွားရေး နှေးနေ တယ် ဆိုတာကို အစိုးရကိုယ်တိုင်က လည်း လက်ခံတယ်။ ဒါကြောင့် ပြဿနာရှိနေတယ် ဆိုတာတွေကို အားလုံးက ဝန်ခံပြီးသားပါ။ စီးပွား ရေးနဲ့ ဆက်စပ်တဲ့ လူတွေ အားလုံးက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ ကျွန်တော်တို့ မျှော်လင့်တာက ဒီဒုတိ ယနှစ်မှာတော့ စီးပွားရေး အခြေအ နေတွေအားလုံး ပြန်လည်ကောင်း မွန်လာမယ်လို့ ပြောနိုင်ပါတယ်။

ဦးသန်းဦး
(ဒုတိယဥက္ကဋ္ဌ – မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း)

အိမ်ခြံမြေ လုပ်ငန်းတွေအဆင် မပြေပါဘူး။ အိမ်ခြံမြေ ဈေးကွက်ကြီး ထိုင်းမှိုင်းနေတာ နှစ်နှစ်လောက် ရှိပြီ ဆိုတော့ အခြေအနေ မကောင်းပါ ဘူး။ အရောင်း အဝယ်တွေလည်း ကျဆင်းနေတယ်။ ၂ဝ ရာခိုင်နှုန်း ၃ဝ ရာခိုင်းလောက်တော့ ရှိတယ်။ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းတွေ မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ၁၉၉၇ ကနေ ၁၉၉၉ ခုနှစ်လောက် အထိ အိမ်ခြံမြေဈေးကွက်ကြီး တုံ့ ဆိုင်းသွားဖူးတယ်။ ခုလည်း ခေတ် သစ်အိမ်ခြံ မြေဈေးကွက် တုံ့ဆိုင်းမှု ပါပဲ။ ၂ဝ၁၄ ကနေ ၂ဝ၁၇ ခုနှစ် ခုချိန်အထိ အိမ်ခြံမြေ ဈေးကွက် ပြန် ပြီး နာလန်မထူနိုင်သေးဘူး။ အိမ်ခြံ မြေဈေးကွက် မှာတော့ အရောင်းအ ဝယ်ဈေးကွက်နဲ့ အငှား ဈေးကွက်ရှိ ပါတယ်။ အိမ်ခြံမြေ ဈေးကွက် ကောင်း တုန်းကလည်း ပြည်သူတွေ အတွက် အရမ်းကောင်းခဲ့တာလား ဆိုတော့ မကောင်းခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ မြန်မာပြည်ရဲ့ အိမ်ခြံမြေဈေး ကွက် အခြေအနေဟာ မမှန်ကန်တဲ့ အခွန်စနစ် တချို့ကြောင့် လိုတာထက် ပိုပြီးဖောင်းပွ ခဲ့ရပါတယ်။ တစ်ဖက်မှာ လည်း တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်နေတယ် ဆိုပေမယ့် ဆင်ပါး စပ်ကို နှမ်းပက်တဲ့ သလိုဖြစ်တဲ့အတွက် အဆင်မပြေပါဘူး။ တစ်ဖက်က ကြည့်ရင်တော့ နိုင်ငံတော် ရဲ့ စီးပွား ရေး တိုးတက်မှုဆိုတာ ကိန်းဂဏန်း တွေပဲရှိနေတယ်။ တကယ်တမ်း တိုး တက်မှုမရှိဘူး ဆိုတာမြင် နိုင်ပါတယ်။ တကယ်တော့ အိမ်ခြံမြေ ဈေးကွက် ဟာ တိုင်းပြည်ရဲ့ ဓနအင်အားကို တိုင်းတာရာမှာ အထောက် အကူပြု ပါတယ်။ အစိုးရကိုယ်တိုင်က မြန် မာနိုင်ငံမှာ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှု တွေက အိမ်ခြံမြေ ဈေးကွက် အတွင်း ဝင်လာတာတွေ အများကြီး ရှိပါတယ်။ အိမ်ခြံမြေ ဈေးကွက် မကောင်းတာ ဟာ တိုင်းပြည် စီးပွားရေး မကောင်းတာကို ဖော်ပြနေသလိုပါပဲ။ လက်ရှိ အစိုးရ အနေနဲ့ ပြည်သူတွေအများ ကြီး မျှော်လင့်ထားခဲ့ပေမယ့် ခုချိန်ထိ မရောင်ရာဆီလူးတွေ လုပ်နေတာ တွေ ရှိနေသေးတဲ့ အတွက် ပြည်သူ တွေ လက်သန်းက မင်မခြောက်ခင် မြန်မြန် လုပ်ဆောင်ကြဖို့ ပြောလိုပါ တယ်။

ဦးကျော်ကျော်ဝင်း
(ဒုဥက္ကဋ္ဌ (၂)၊
မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်း)
အခု လုပ်ငန်းတွေက ကောင်းမှ မကောင်းတာ။ ကုန်ကြမ်းအနေအ ထားက အခုသစ်တွေကို ထပ်ပြီး တော့ မခုတ်တော့ဘူး။ သဘာဝပတ် ဝန်းကျင်ကို ထိခိုက်မှာစိုးတာနဲ့ ထပ် မထုတ်ဘူးဆိုတော့ ရှိတဲ့သစ်ကလေး တွေနဲ့ လုပ်ငန်းရှင်တွေက အလုပ် လုပ်နေရတယ်။ ဒီလို အလုပ်လုပ် နေရတဲ့ ကြားထဲမှာပဲ န့ ကလည်းပဲ မြန်မာပြည်ကသစ်တွေဟာ တရား မဝင်သစ်တွေကို ကုန်သွယ်မှု လုပ်နေ ပါတယ်ဆိုပြီးတော့ မြန်မာနိုင်ငံက သစ်တွေ ဝယ်ယူမှုကို ပိတ်ပင်တား ဆီးတာတွေ လုပ်နေကြတယ်။ အဲဒါ  ကြောင့်မို့လို့ သစ်အခြေခံစက်မှုနဲ့ ပတ်သက်ပြီးတော့ အားလုံး အခက် အခဲတွေ ဖြစ်နေတယ်။ ဥရောပက ပိတ်ပင်တားဆီးတာတွေ ကိုတော့ သေချာစိစစ်ပြီးတော့ ခွင့်ပြုပေးဖို့ လိုတယ်။ ကျန်တာကတော့ ကုန် ချောထုတ်လုပ်မှုကို ဦးစားပေးပြီး သွားသင့်တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*