ပုဂံကို ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် မူကြမ်း ရေးဆွဲမှု ထက်ဝက်ကျော် ပြီးစီး

ပုဂံကို ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် မူကြမ်း ရေးဆွဲမှု ထက်ဝက်ကျော် ပြီးစီး
May 16, 2017 Asian Fame

4:29 pm
ပုဂံကို ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် မူကြမ်း ရေးဆွဲမှု ထက်ဝက်ကျော် ပြီးစီး

Baganအိမ်စည်စိုးစံ
ရန်ကုန်၊ မေ ၈

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက်မူ ကြမ်းရေးဆွဲမှု ထက်ဝက်ကျော်ပြီးစီးပြီ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ပုဂံကို ကမ္ဘာ့ အမွေအနှစ်စာ ရင်းတင်သွင်းရေးနှင့် ပတ်သက်၍ ယခုနှစ် စက်တင်ဘာလကုန်တွင် တင်ပြချက် စာတွဲ(၁) မူကြမ်း (Nomination Dossier) ကို တင် သွင်းရမည်ဖြစ်ပြီး ၎င်းအတွက် မူကြမ်ရေးဆွဲမှု ၆ဝ ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြား ရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

”အဲ့ဒီမူကြမ်းထဲမှာ ဘာတွေပါသလဲဆိုရင် OUB လို့ခေါ်တဲ့ ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ ညီညွတ်မှုရှိမရှိ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုရှိပါတယ်ဆိုပြီး ရေးသား ပေးရတဲ့အပိုင်းပါ။ အဲ့ဒါက စာတွဲ ၁ မှာဖြည့်ရမယ့်အပိုင်းပါ။ စာတွဲ ၂ မှာကျတော့ ဒါတွေကိုဘယ်လိုရေ ရှည်တည်တံ့အောင် စီမံဆောင် ရွက်ထားမလဲဆိုတဲ့အပိုင်းပါ။ တတိယတွဲကျတော့ ဒါတွေ လုပ် ကိုင်ဆောင်ရွက်ထားမှုနဲ့ ပတ်သက် ပြီးတော့ နောက်ဆက်တွဲ အသေးစိတ်ဖော်ပြရတဲ့ အပိုင်းပေါ့နော်။ အဲ့ဒီအတွဲ ၃ တွဲကို ရေးနေပါ တယ်”ဟု ၎င်းက ပြောသည်။

ပုဂံကို ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် စက်တင်ဘာလအကုန်တွင် တင် ပြချက် စာတွဲ(၁) မူကြမ်း (Nomination Dossier) ကို တင် သွင်းရမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် တင်ပြစာတွဲ (Nomination Dossier) နှင့် စီမံခန့်ခွဲမှု အစီအစဉ်စာတွဲ(၂) (Management Plan)တင်သွင်းရမည်ဖြစ်သည်။

”ပထမတွဲကတော့ ကိစ္စမရှိဘူး။ ဒါတွေရဲ့တန်ဖိုးတွေ၊ သမိုင်း ကြောင်းတွေ ဘာကြောင့်မို့ ဒါ တွေကို တန်ဖိုးရှိတယ်ဆိုတာတွေ
ဒါတွေကိုရေးသားတဲ့ အပိုင်းက တော့ တော်တော်လေးခရီး ရောက်နေပါပြီ။ စီမံခန့်ခွဲရေး အပိုင်းနဲ့ ပတ်သက်လို့ကတော့ လိုအပ်ချက် တွေ ရှိနေပါသေးတယ်။ နယ်နိ မိတ် သတ်မှတ်ချက် အတိအကျ ဖော်ပြပေးဖို့လိုပါတယ်။ ဒါတွေကလည်းဒေသခံတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် နည်းနည်းလေး ကျန်နေသေးတာ ပါ” ဟု ၎င်းကဆိုသည်။

ပုဂံကို ကမ္ဘာ့ အမွေအနှစ် စာရင်းတင်သွင်းနိုင်ပါက အမျိုးသားရေးဂုဏ်သိက္ခာရှိခြင်း၊ ကမ္ဘာ့အ ဆင့်မီဒေသတစ်ခုအဖြစ် သတ် မှတ်ခံရခြင်း၊ လာရောက်လေ့ လာ မည့်ပြည်တွင်းပြည်ပ ခရီးသွားများတိုးလာခြင်း၊ အမွေအနှစ်များကို ထိန်းသိမ်းရန်အတွက် ယူနက်စကို၏ အထောက်အပံ့များရရှိနိုင်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများ ရရှိ နိုင်သည်ဟု ၎င်းက ထပ်လောင်း ပြောသည်။ ”ဒေသတွင်း ထိန်းသိမ်းမှုက နေ ကမ္ဘာ့အဆင့်ထိန်းသိမ်းမှုကိုရရှိမှာဖြစ်တဲ့အတွက် နှစ်တစ်ရာ ထိန်းသိမ်းနိုင်ရာကနေ နှစ်ရာသုံးရာ ထိန်းသိမ်းနိုင်ပြီးတော့ လက်ဆင့်ကမ်းနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

ပုဂံ ယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းအား ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ပုဂံဒေသကို ၂ဝ၁၇- ၂ဝ၁၈ ခုနှစ် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ၂ဝ၁၄ ခုနှစ် က ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*