ထိုင်းတွင် တရားမဝင် မြန်မာလုပ်သား ၇ သိန်းကျော်ရှိသော်လည်း အထောက်အထားလာလျှောက်သူ ကိုးသောင်းကျော်သာရှိ

ထိုင်းတွင် တရားမဝင် မြန်မာလုပ်သား ၇ သိန်းကျော်ရှိသော်လည်း အထောက်အထားလာလျှောက်သူ ကိုးသောင်းကျော်သာရှိ
May 16, 2017 Asian Fame

4:44 pm
ထိုင်းတွင် တရားမဝင် မြန်မာလုပ်သား ၇ သိန်းကျော်ရှိသော်လည်း အထောက်အထားလာလျှောက်သူ ကိုးသောင်းကျော်သာရှိ

Labourရဲလွင်
ရန်ကုန် ၊ မေ ၈

ထိုင်းသို့ တရားမဝင် သွားရောက်လုပ်ကိုင်သူ မြန်မာဦးရေ ၇ သိန်းကျော်ခန့်ရှိသော်လည်း CI စာအုပ်ထုတ်ပေးမှု တစ်လကြာသည်အထိ လာရောက်လျှောက်ထားသူ ကိုးသောင်းကျော်သာ ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထိုင်းတွင် စခန်းခြောက်ခုဖွင့် ၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များကို မေလ ၃ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိ ရာ ဧပြီလ ၇ ရက်နေ့ထိ တစ်လနှင့် ၄ ရက်ကြာအထိ လာရောက်လျှောက် ထားသူ ၉၈၆၃၇ ဦးရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေ့ ပြောင်းလုပ်သားရေးရာဌာန၏ စာရင်းများအရ သိရသည်။ ”ပြီးခဲ့တဲ့ ၇ ရက်နေ့ထိ စာရင်း ဖြစ်ပါတယ်။ လာလျှောက်တဲ့သူတွေ ရှိနေတုန်းပါပဲ”ဟု ၎င်းကဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ ရောက် ရှိ အလုပ်လုပ်ကိုင်နေသူများတွင် တရားဝင် သွားရောက်လုပ်ကိုင်နေသူ ၂ သိန်းကျော်ခန့်ရှိပြီး ၂ဝဝ၉ မှ ၂ဝ၁၃ ခုနှစ်အထိ ခန့်မှန်းတွက် ချက်ထားသော စာရင်းအရ ထိုင်း သို့ရောက်ရှိ လုပ်ကိုင်နေသူ တရားဝင်နှင့်တရားမဝင် လုပ်သား စုစု ပေါင်း ၁ ဒသမ ၇ သန်းခန့်ရှိ ကြောင်းအလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စာရင်းပြုစုထားသည်။ ထိုင်းတွင် တရားမဝင် သွား ရောက်အလုပ်လုပ်ကိုင်နေသူ မြန် မာလုပ်သား ၇ သိန်းကျော်မှာ ရေ လုပ်ငန်းလုပ်ကိုင်သူ အများစုဖြစ်ပြီး ၎င်းတို့မိသားစုဝင်များပါ ပါဝင်ကြောင်း ဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

ယင်းစာရင်းအရ ယခု မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI လာရောက်လျှောက်ထားသူသည် တရားမဝင်လုပ်သား ခန့်မှန်းစုစုပေါင်းအရေအတွက်၏ ၇ ပုံ ပုံ တစ်ပုံသာရှိသေးသည်။ ယခု CI စာအုပ်ထုတ်ပေးလိုက်သောလုပ်သား ၉ သောင်း ကျော်မှာ CI စာအုပ်ရရှိပြီး ၁၅ ရက်အတွင်း Work Permit လျှောက် ထားရမည်ဖြစ်သည်။ သို့သော် သင်္ကြန်မတိုင်ခင် CI စာအုပ် လျှောက်ထားသူများတွင် အချို့မှာ ၁၅ ရက်အတွင်း Work Permit မလျှောက်ဘဲ နေရပ်ပြန် သွားသည့်အတွက် ထိုင်းသို့ပြန်ဝင်ရာတွင် အဆင်မပြေဖြစ်၍အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့်မှာ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ယင်းထဲတွင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေမှု အများဆုံးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ အလားတူ တရားမဝင်သွားရောက်လုပ်ကိုင်မှုတွင်လည်း ထိုင်း နိုင်ငံသို့ အများဆုံးပင်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*