ကယားပြည်နယ်တွင် ခရီးစဉ်ဒေသသစ်နှစ်ခု ထပ်မံဖော်ထုတ်

ကယားပြည်နယ်တွင် ခရီးစဉ်ဒေသသစ်နှစ်ခု ထပ်မံဖော်ထုတ်
May 16, 2017 Asian Fame

3:40 pm
ကယားပြည်နယ်တွင် ခရီးစဉ်ဒေသသစ်နှစ်ခု ထပ်မံဖော်ထုတ်

ကယားပြည်နယ်ရှိ ထီးပရူနူဂူ

မေဇင်ဝင်း

ရန်ကုန်၊ မေ ၅

ကယားပြည်နယ်သို့ ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်စေရန် ခရီးစဉ်နေရာသစ်နှစ်ခုထပ် မံဖော်ထုတ်ထားကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါ နေရာနှစ်ခုမှာ လွိုင် ကော်မြို့အနီးရှိ တောင်သုံးလုံး တောင်တော်နှင့် ဖရူဆိုမြို့အနီးရှိ ထီးပရူနူ သဘာဝလိုဏ်ဂူတို့ ဖြစ် ကြောင်း ကယားပြည်နယ် ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။

”တောင်သုံးလုံး တောင်တော် ကျတော့ ဆရာတော်ရဲ့ မပုပ်မသိုး တဲ့ရုပ်ကလာပ်ရှိတယ်။ ပြီးတော့ အဲဒီ တောင်ပေါ်ကနေ လွိုင်ကော် တစ်မြို့လုံးကို မြင်ရတယ်။ ရှုခင်း လှတယ်။ ပြည်တွင်းခရီးသွားတွေတော့ သွားနေကြပြီ။ ထီးပရူနူဂူကျတော့ ဂူအောက်မှာ ရေကြောင်းတွေဖြစ်ပြီး တော်တော်လှတယ်။ လူမှုကွန်ရက်မှာတော့ ပျံ့နေပြီ” ဟု ၎င်းက ပြောသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ကယားပြည်နယ် ထေခိုနှင့် ဒေါတမကြီးကျေးရွာများ တွင် လူထုအခြေပြု ခရီးသွားလုပ် ငန်းဖော်ဆောင်မည်ဖြစ်ရာ ထေခိုကျေးရွာသို့ သွားရောက်ရင်း ထီးပ ရူနူဂူသို့လည်း သွားရောက်လေ့လာနိုင်မည်ဟု ၎င်းက ပြောသည်။

ထီးပရူနူဂူသည် သဘာဝအရ လှပသော်လည်း မြေအောက်ရေ အရင်းအမြစ်များနှင့် ဆက်စပ်နေ သဖြင့် ခရီးသွားဒေသတစ်ခု အဖြစ် လုပ်ဆောင်မည်ဆိုလျှင် အရင် ဆုံး ကွင်းဆင်းလေ့လာကာ သဘာ ဝပတ်ဝန်းကျင် မပျက်စီးအောင် မည်သို့ လုပ်ဆောင်မည်ကို ထည့် သွင်းစဉ်းစားသင့်ကြောင်း လွိုင် ကော်အခြေစိုက် 9 Grener-ation Force ခရီးသွားလုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးနေမိုးအောင်က ပြောသည်။

”ကျွန်တော်တို့သွားတော့ အဲ့ ဒီမှာအမှိုက်တွေတွေ့ရတယ်။ ဖောဘူးတွေရော၊ ပုလင်းတွေရော အစုံပဲ။ အဲဒီနေရာကို မဖော်ထုတ်ခင် သဘာဝပတ်ဝန်းကျင် မပျက်စီး အောင် ဆောင်ရန် ရှောင်ရန်တွေ ကို အရင်ဆုံးလုပ်ပြီးမှ ဖော်ထုတ် သင့်တယ်လို့ ထင်ပါတယ်။ အဲဒီ နေရာက ရေအရင်းအမြစ်နေရာ ဖြစ်နေတာကိုး။ တောင်သုံးလုံး တောင်တော်ကတော့ ထိုင်းဘက် ကလူတွေ စိတ်ဝင်စားနိုင်တယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် နိုင်ငံတကာကုန် သွယ်မှုဗဟိုဌာန (ITC) နှင့် ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရတို့ ပူးပေါင်းကာ ကယားပြည်နယ်ရှိ ပန်ပက်နှင့် တ နီးလာလဲကျေးရွာများတွင် လူထု အခြေပြု ခရီးသွားလုပ်ငန်းဖော် ဆောင်လျက် ရှိသည်။ ကယားပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုသည် တစ်နှစ် ထက်တစ်နှစ် ပိုမိုတိုးတက်လာပြီး ၂ဝ၁၅ ခုနှစ်တွင် ပြည်တွင်းဧည့် ၁၃၇၇၈ ဦး၊ ပြည်ပဧည့် ၃၉၃၃ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ပြည်တွင်းဧည့် ၁၆၉၉၄ ဦး၊ ပြည်ပဧည့် ၆၃၇၄ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*