ကမ္ဘာ့အဆင့်မီ မီးထွန်းညှိ ပူဇော်သည့် စနစ်ဖြင့် မဟာမြတ်မုနိ ဘုရားကြီးအား ပူဇော်နိုင်တော့မည်

ကမ္ဘာ့အဆင့်မီ မီးထွန်းညှိ ပူဇော်သည့် စနစ်ဖြင့် မဟာမြတ်မုနိ ဘုရားကြီးအား ပူဇော်နိုင်တော့မည်
May 16, 2017 Asian Fame

5:00 pm
ကမ္ဘာ့အဆင့်မီ မီးထွန်းညှိ ပူဇော်သည့် စနစ်ဖြင့် မဟာမြတ်မုနိ ဘုရားကြီးအား ပူဇော်နိုင်တော့မည်

(မန္တလေး၊ မေ ၉)

မန္တလေး မဟာမြတ်မုနိ ဘုရားကြီးအား ဇွန်လပထမ ပတ်မှစတင်ကာ ကမ္ဘာ့အဆင့်မီ မီးထွန်း ညှိပူဇော်သည့် စနစ် (ဖန်သားမျှင် မီးအလင်းရောင်) ဖြင့်ပြောင်းလဲတပ် ဆင်ပူဇော် နိုင်တော့မည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

”ဒီနေ့ပဲ စတင် တပ်ဆင်နေပါပြီ။ တပ်ဆင်ရက် ၁၅ ရက်လောက်ပဲ ကြာမယ်လို့ ခန့်မှန်း ထားပါတယ်” ဟု ဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

မဟာမြတ်မုနိ ဘုရားကြီး (မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီး)အား နောင် အနှစ် ၂ဝ ကြာသည်အထိ ကောင်းမွန်စွာ အသုံးပြုနိုင်မည့် Fiber  Optic ကြိုး များဖြင့် ကမ္ဘာ့အဆင့်မီ မီးထွန်း ညှိပူဇော်သည့်စနစ် (ဖန်သားမျှင် မီးအလင်းရောင်) ဖြင့် ပြောင်းလဲ တပ်ဆင် ပူ ဇော်နိုင်ရန် ပြည်တွင်း ပြည်ပအလှူရှင်များ ကောင်းမှု ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ရာ မေ ၆ ရက်အထိ ကျပ်သိန်း တစ်ထောင့် ငါးရာကျော် ရရှိထားကြောင်း သိရသည်။

Fiber Optic ကြိုးများ အသုံးပြု ထားခြင်းကြောင့် ဘုရားခန်း အတွင်း အပူမထွက်ခြင်း၊ လျှပ်စစ်စီးကြောင်း မရှိသဖြင့် မီးဘေးအန္တရာယ် ကင်းရှင်းခြင်း၊ ရုပ်ရှင် တော်မြတ်ကြီး အား မီးပူဇော်ရာတွင် အလင်းအားကို နေရာ အလိုက်ချိန်၍ ထွန်းညှိပြီး ဘုရားဆောင် အတွင်း မလိုအပ်သော နေရာများကို အလင်းလျှော့ပေးခြင်း ကြောင့် ရုပ်ရှင်တော်မြတ်ကြီး အား ပိုမိုသပ္ပါယ်စွာ ဖူး မြော်နိုင်မည် ဖြစ်သည်။

အဆိုပါ လုပ်ငန်းကို ဒိန်းမတ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံမှ အင်ဂျင်နီယာများ ကိုယ်တိုင် အကြိမ်ကြိမ် လာ ရောက်တိုင်းတာပြီး အထူးသီးသန့် ထုတ်လုပ်ထားသော Fiber Optic ကြိုးများဖြင့် တပ်ဆင် ပူဇော်ခြင်းဖြစ်သ ဖြင့် ပစ္စည်းနှင့် လက်ခတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၇ဝဝ ခန့်ကုန်ကျနိုင်မည် ဟုခန့်မှန်းထားကြောင်း သိရသည်။

ယခုအခါ ရရှိထားသော အလှူငွေ များဖြင့် လုပ် ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သလို လုပ်ငန်း လုပ်ဆောင်နေစဉ်ကာလ အတွင်း တွင်လည်း အလှူခံဌာန ဆက်လက် ထားရှိပေးသွား မည် ဖြစ်ကြောင်းလည်း သတင်း ထုတ်ပြန်ထားသည်။

လှူဒါန်းလိုသူများ အနေနှင့် ရင်ပြင်တော်ပေါ်၌ ဖွင့်လှစ်ထားသော အလှူခံ ဌာနသို့ တိုက်ရိုက်ဖြစ်စေ၊ ဂေါပကအဖွဲ့ရုံး ဖုန်းနံပါတ် ဝ၉-၄၄၄ဝ၄၄၄၇၄၊ ဝ၉-၂၂၂၈ဝ၁၂၊  ၃၇လမ်း နှင့် ၈၄လမ်းထောင့်ရှိ UAB ၈၄ လမ်းဘဏ်ခွဲတို့တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့က ကြေညာ ထားသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*