ပြည်နယ် အကြံပေး ကော်မရှင် နဲ့ ဘာသာရေးခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေး

ပြည်နယ် အကြံပေး ကော်မရှင် နဲ့ ဘာသာရေးခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေး
May 8, 2017 Asian Fame

4:39 pm
ပြည်နယ် အကြံပေး ကော်မရှင် နဲ့ ဘာသာရေးခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေး

df(ရန်ကုန်၊ မေ ၈)

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က မကြာခင် ထုတ်ပြန်မယ့် အပြီးသတ် အစီရ င်ခံစာမှာ ဘာသာရေး ခေါင်းဆောင် များရဲ့ ဆွေးနွေး အကြံပြု ချက်များကို အလေးအနက် ထားထည့်သွင်း စဉ်းစားပြီး ထုတ် ပြန် သွားမယ်လို့ ကော်မရှင် ကပြောပါတယ်။

မစ္စတာကိုဖီအာနန်က ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင် ပြည်နယ် အကြံပေးကော်မရှင် နဲ့ ဘာသာရေးခေါင်း ဆောင်များ ဟာ ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ဒီကနေ့ နေ့လယ်ပိုင်း မှာတွေ့ဆုံခဲ့ကြပါတယ်။

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကော်မရှင် ရဲ့ကြားဖြတ်အစီ ရင်ခံအပေါ် ဗုဒ္ဓဘာသာ ဆရာတော်ရှစ်ပါးနဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ရှစ်ဦးတို့က တစ်ဖွဲ့စီ ကော်မရှင်နဲ့ ဆွေးနွေးကြတာပါ။ ဗုဒ္ဓဘာသာ ဆရာတော်ရှစ်ပါးနဲ့ တွေ့ဆုံဆွေးနွေးမှု ကတော့ ပြီးသွားပါပြီ။ ကော်မရှင်က ထုတ်ပြန်ပြီးဖြစ်တဲ့ ကြားဖြတ်အစီရင်ခံမှာ သ ဘောကျတဲ့ အချက်တွေပါသလို လက်မခံနိုင်တဲ့ အချက်တွေ လည်းပါဝင်နေတာမို့ ယင်းအချက်များကို ကော်မရှင်ထံပြော ကြားခဲ့တယ်လို့ ပါဝင်ဆွေးနွေးမှုမှာပါဝင်ခဲ့တဲ့ စစ်တွေမြို့န ယ်၊ ရွှေစေတီကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသ က ဆိုပါတယ်။

ဖြိုးထက်အောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*