မြစ်ကြီးနားခရိုင် လဝက ဦးစီးမှူးအိမ်ကို မျက်နှာဖုံးစွပ် တစ်ဦး အနုကြမ်းဝင်ပစ္စည်းလု

မြစ်ကြီးနားခရိုင် လဝက ဦးစီးမှူးအိမ်ကို မျက်နှာဖုံးစွပ် တစ်ဦး အနုကြမ်းဝင်ပစ္စည်းလု
May 5, 2017 Asian Fame

2:42 pm
မြစ်ကြီးနားခရိုင် လဝက ဦးစီးမှူးအိမ်ကို မျက်နှာဖုံးစွပ် တစ်ဦး အနုကြမ်းဝင်ပစ္စည်းလု

(မြစ်ကြီးနား ၊ မေ ၅)

မေလ ၄ ရက်နေ့ မနက် ၂ နာရီလောက်က မြစ်ကြီးနားမြို့ မြေမြင့်ကွက် သစ်ရပ်ကွက် မှာရှိတဲ့ မြစ်ကြီးနား ခရိုင် လဝက ဦးစီးမှူး အိမ်ကို မျက်နှာဖုံးစွပ် လူတစ်ဦး ၀င်ရောက်ပြီး အနုကြမ်းစီး ပစ္စည်းလု ယူသွားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ဟာ နေအိမ်မှာ ရှိနေတဲ့ အမျိုးသမီးနှစ်ဦးထဲက တစ်ဦးကို ဓါးနဲ့ထိုးကာ တန်ဖိုး သိန်း ၃၀၀ ကျော်လောက် ရှိတဲ့ ငွေကြေးနဲ့ လက်ဝတ် လက်စားတွေပါ ယူဆောင်ပြီး နေအိမ်ကိုပါ မီးနဲ့ရှို့သွားသေးတယ် လို့သိရပါတယ်။

ဒီအမှုကို ကိုင်တွယ် စစ်ဆေးနေတဲ့ မြစ်ကြီးနား နယ်မြေရဲစခန်းက တာဝန်ကျ ဒုရဲအုပ် က “မျက်နှာဖုံး စွပ်ထားတော့ ကာယကံ ရှင်ကောင်မလေးတွေ ကလည်းဘယ်သူမှန်း မသိဘူး။ ကျွန်တော်တို့ကတော့ သံသယဖြစ်ဖွယ် လူတွေကို စစ်ဆေးပြီး တရားခံကို ဖမ်းမိ ဖို့ဆောင်ရွက်နေပါတယ်။ ဓါးနဲ့ထိုးခံရတဲ့ ကောင်မလေးကတော့ ဆေးရုံမှာပါ” လို့ ပေါ်ပြူလာနယူးစ် ရဲ့မေးမြန်းမှု ကိုဖြေကြားခဲ့ပါတယ်။

ဒီမှုခင်းဖြစ်ပွားစဉ် အချိန်က နေအိမ်မှာ ပိုင်ရှင် လ၀ကဦးစီးမှူးတို့ ရှိမနေဘဲ နေအိမ်မှာ ဈေးဆိုင် ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးနှစ်ဦး ပဲရှိတယ် လို့သိရပါတယ်။

ဓါးပြတိုက်ပြီး အပြန်မှာတော့ နေအိမ်ထဲမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဆီထုတ်ပြီး နေအိမ်ကို မီးရှို့ခဲ့တာဖြစ်ပေမယ့် ကြီးကြီးမားမား မီးလောင် တာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး ခြိမ်းခြောက် လုယူမှု၊ မီးဖြင့်အကျိုး ဖျက်ဆီးမှု စတဲ့ အချက်တွေနဲ့ မြစ်ကြီးနား နယ်မြေရဲစခန်း မှာ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*