မြန်မာပြည်လာသည့် ပြည်ပဧည့်များအား ခရီးသွားမြှင့်တင်ရေး ရန်ပုံငွေ ကောက်ရန် စီစဉ်

မြန်မာပြည်လာသည့် ပြည်ပဧည့်များအား ခရီးသွားမြှင့်တင်ရေး ရန်ပုံငွေ ကောက်ရန် စီစဉ်
May 4, 2017 Asian Fame

4:48 pm
မြန်မာပြည်လာသည့် ပြည်ပဧည့်များအား ခရီးသွားမြှင့်တင်ရေး ရန်ပုံငွေ ကောက်ရန် စီစဉ်

မေဇင်ဝင်း
ရန်ကုန်၊ ဧပြီ ၂၈

မြန်မာပြည်သို့ လာရောက်လည်ပတ်သော ပြည်ပဧည့်များအား ခရီးသွားမြှင့်တင်ရေး ရန်ပုံငွေကောက်ခံ ရန်စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံတကာတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရန်ပုံငွေဟူ၍ ရှိ သော်လည်း မြန်မာနိုင်ငံတွင်မူ မရှိ သေးကြောင်း၊ ထို့ကြောင့် လာရောက် သောဧည့်သည်များ တတ်နိုင်သည့် အနေအထားတစ်ခုပေါ် မူတည်၍ ကောက်ခံရန် စီစဉ်နေခြင်း ဖြစ် ကြောင်း ဟိုတယ်/ ခရီးမှ ညွှန်ကြား ရေးမှူး ဦးမြင့်ထွေးက ပြောသည်။

”ရန်ပုံငွေ ဘယ်လောက်ကောက် မလဲဆိုတာ ဆွေးနွေးရဦးမှာပါ။ ဒီနှစ်အတွင်း အကောင်အထည်ဖော်ဖို့ များပါတယ်။ ရလာတဲ့ငွေကိုလည်း ဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ခရီးသွားလုပ်ငန်း မြှင့် တင်ရေးလုပ်နိုင်အောင် ပြန်ခွဲပေးမှာပါ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် အခြားဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်ပြီး ခရီးသွားလုပ်ငန်း အကျပိုင်းရောက်နေသော အခြေအ နေတွင် ထိုသို့ ရန်ပုံငွေ ကောက်ခြင်း ထက် ဇုန်ဝင်ကြေးငွေများထဲမှ ခရီး သွားမြှင့်တင်ရေးအတွက် ပြန်လည် အသုံးပြုသင့်သည်ဟု ဝါရင့်ဧည့်လမ်း ညွှန်တစ်ဦးဖြစ်သူ ကိုညီညီနိုင် က ပြောသည်။ ”မြန်မာ့ ခရီးသွားလုပ်ငန်းက အကျပိုင်းရောက်နေတယ်။ အခြားနိုင်ငံတွေက ပရိုမိုးရှင်းတွေလုပ်၊ လေကြောင်းလိုင်းတွေနဲ့ချိတ်ဆက်ပြီး ခရီးသည်တွေ သွားချင်လာအောင် လုပ်လာကြတယ်။ မြန်မာမှာက ဈေးကလည်း ကြီးပြီးတော့ မသွားဖို့ အချက်အလက်များနေတဲ့အထဲ ဒီလိုကောက်မယ်ဟေ့ဆိုရင် မြန်မာပြည်ကိုချစ်တဲ့ သူတွေကတော့ ပြဿနာမရှိဘူးလေ၊ တခြား ဧည့်သည်တွေအတွက်ကတော့ အခက်အခဲဖြစ်နိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ လက်ရှိတွင်မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ပြည်ပဧည့်သည်များအား ခရီးစဉ်ဒေသအလိုက် ဇုန်ဝင်ကြေးများ ကောက်ခံလျက် ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*