သမ္မတ နှုတ်ထွက်မည် ဆိုသည့် သတင်းမှားဖြန့်ချိသူများအား အရေးယူရန် ပြည်ထဲရေး သို့အကြောင်းကြားပြီ

သမ္မတ နှုတ်ထွက်မည် ဆိုသည့် သတင်းမှားဖြန့်ချိသူများအား အရေးယူရန် ပြည်ထဲရေး သို့အကြောင်းကြားပြီ
May 4, 2017 Asian Fame

11:15 am
သမ္မတ နှုတ်ထွက်မည် ဆိုသည့် သတင်းမှားဖြန့်ချိသူများအား အရေးယူရန် ပြည်ထဲရေး သို့အကြောင်းကြားပြီ

UWinHtein(နေပြည်တော် – မေ ၄)

သမ္မတဦးထင်ကျော် ကျန်းမာရေး မကောင်းသဖြင့် နှုတ်ထွက်မည် ဆိုသော သတင်းနှင့် သူရဦးရွှေမန်းအား NLD မှ သမ္မတ ရာထူး ခန့်မည် ဆိုသော ကောလာဟလ သတင်းဖြန့်ချိ သူများအား အရေးယူရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့  အကြောင်းကြားထားကြောင်း NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်က ပြောသည်။

“မနေ့က ပြည်ထဲရေး ၀န်ကြီးကို သတင်းပို့တယ် ၊ ဒီလိုဖြန့်ချိနေ သူတွေကို ဖော်ထုတ်ပေးပါ ၊ တရားဥပဒေအရ အရေးယူမယ်”ဟု ဦးဝင်းထိန် က ပြောသည်။

ကောလာဟလ သတင်းများဖြန့်ချိရာတွင် အဖွဲ့လိုက်လုပ်ဆောင်ခြင်း ၊တစ်ဦးချင်း လုပ်ဆောင်ခြင်း စသည်ကို လည်းဖော်ထုတ်ကာ
အရေး ယူမည်ဖြစ်ကြောင်း ၊ ထိုသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံရေး မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း  ဖြစ်ကြောင်း ၎င်း က ပြောသည် ။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*