မန္တလေးမြို့ဖူချင့်ကွန်ဖြူးရှပ်စင်တာမှ ဆရာများက လွှတ်တော်ကိုယ်စားလှယ်များကို တရုတ်ဘာသာစကား သင်ကြားပေးတော့မည်

မန္တလေးမြို့ဖူချင့်ကွန်ဖြူးရှပ်စင်တာမှ ဆရာများက လွှတ်တော်ကိုယ်စားလှယ်များကို တရုတ်ဘာသာစကား သင်ကြားပေးတော့မည်
May 4, 2017 Asian Fame

1:27 pm
မန္တလေးမြို့ဖူချင့်ကွန်ဖြူးရှပ်စင်တာမှ ဆရာများက လွှတ်တော်ကိုယ်စားလှယ်များကို တရုတ်ဘာသာစကား သင်ကြားပေးတော့မည်

စောထွေး
မန္တလေး၊ မေ ၂

လွှတ်တော် ကိုယ်စားလှယ်များအား တရုတ်ဘာသာစကား သင်ကြားပို့ချပေးမည့် အစီအစဉ်ကို လွှတ်တော်ပြန်လည် ကျင်းပမည့်ရက်များအတွင်း စတင်သွား မည်ဖြစ်ကြောင်း သိရသည်။

”အားလုံး စီစဉ်ပြီးသွားပါပြီ။ မေလမှာပြန်စမယ့် လွှတ်တော်မှာ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လို သင်မယ်။ တစ်ပတ်မှာ ဘယ်နှစ် ရက်သင်မယ်၊ ဘယ်နှစ်ယောက် သင်မယ်၊ သင်တန်းသားဦးရေက ဘယ်လောက်ဆိုတာကအစ စီစဉ် ပြီးသွားပြီ။ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေလည်း ပါတယ်။ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် တွေလည်းပါတယ်။ အဲဒီမှာရှိကြတဲ့ ဝန်ထမ်းတွေကိုတောင်မှ သင်ကြားပေးဖို့ အစီအစဉ်ရှိတယ်။ သူတို့ လည်း ဆန္ဒရှိကြတယ်ဆိုရင်ပေါ့” ဟု လွှတ်တော် ကိုယ်စားလှယ်များ အား တရုတ်ဘာသာစကားသင် ကြားပို့ချပေးရေး ဦးဆောင် စီစဉ်သူများတွင် ပါဝင်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ကျော်သန်းထွန်းက ပြောသည်။

တရုတ်စာ စကားကို အဓိက သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး မန္တလေးမြို့ ဖူချင့်ကွန်ဖြူးရှပ်စင်တာမှ သင်ကြားမှုအတွေ့အကြုံရင့် (မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့သွား ရောက် ပညာသင်ယူခဲ့ကြသည့်)ဆရာ၊ ဆရာမများဖြင့် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ”ရည်ရွယ်ချက်ကတော့ နေ ပြည်တော် လွှတ်တော်မှာ ရောက် နေကြတဲ့ ကိုယ်စားလှယ်တွေထဲ ကမှ တရုတ်နိုင်ငံမှာ သွားရောက် အမှုထမ်းရမယ်ဆိုရင် ဒါမှမဟုတ် သံရုံးဝန်ထမ်းတွေ ဘာတွေဖြစ်ခဲ့ မယ်ဆိုရင် အရန်သင့်စီစဉ်ပြီးသား ဖြစ်အောင်လို့ ကျွန်တော်တို့က စီစဉ်ပေးတာပါ။ ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင် တရုတ်ဘာသာစကားကို ထဲထဲဝင်ဝင် ပြောနိုင်တဲ့အထိ သင် ကြားပေးသွားမှာပါ။ ကျန်တာကတော့ သူတို့ကြိုးစားရင် ကြိုးစားသလိုပေါ့။ ကျွန်တော်တို့ အားလုံး စီစဉ်ပေးမှာပါ” ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် အင်္ဂလိပ်စာနှင့် ဘာသာစကားကို ဗြိတိသျှသံရုံး အစီအစဉ်ဖြင့် သင် ကြားပေးလျက်ရှိပြီး တရုတ်စာနှင့် ဘာသာစကားအတွက်ကိုမူ မန္တ လေးမြို့ ဖူချင့်ကွန်ဖြူးရှပ်စင်တာမှ တာဝန်ယူ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း၊ ဇွန်လဆန်းပိုင်းတွင် သင်ကြားပို့ချမှု စတင်မည် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*