ဒီပွဲရဲ့အကျိုးဆက်အားဖြင့် နောင်တစ်ချိန်မှာတော့ အကျိုးကျေးဇူး များနိုင်ပါတယ်

ဒီပွဲရဲ့အကျိုးဆက်အားဖြင့် နောင်တစ်ချိန်မှာတော့ အကျိုးကျေးဇူး များနိုင်ပါတယ်
May 4, 2017 Asian Fame

3:37 pm
ဒီပွဲရဲ့အကျိုးဆက်အားဖြင့် နောင်တစ်ချိန်မှာတော့ အကျိုးကျေးဇူး များနိုင်ပါတယ်

es

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ဘာသာပြန်စာပေစာတမ်း ဖတ်ပွဲနှင့် နွေရာသီ စာအုပ်ဈေး ရောင်းပွဲတော်ကို သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီး ဌာနအဆောက်အအုံ၌ ဧပြီ ၂၉ ရက်မှ မေ ၁ရက်အထိ သုံးရက်တာ ကျင်းပခဲ့သည်။ စာအုပ်ဆိုင်ပေါင်း တစ်ရာကျော် ပါဝင်ရောင်းချပေးခဲ့ ပြီး ဘာသာပြန်စာပေနှင့်ပတ်သက် ၍ စာတမ်း ၁၅ စောင်ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲ နှင့်ပတ်သက်၍ စာပေပညာရှင် အချို့၏သုံးသပ်ချက်များကို မေးမြန်း ဖော်ပြပေးလိုက်ပါသည်။

ဆရာဟိန်းလတ်

ဆရာက ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲမှာ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တယ်။ ဒီပွဲမှာဖတ်တဲ့ စာတမ်းကတော့ ဘာသာပြန် (သုတ) ဆိုတဲ့စာတမ်းပါ။ သုတ ဘာသာပြန်တဲ့အခါတွေမှာ မြန်မာ ဝါကျဖွဲ့ထုံးနဲ့ အင်္ဂလိပ်ဝါကျ ဖွဲ့ထုံး နဲ့က မတူဘူး။ မတူတဲ့အတွက် ဘာသာပြန်တဲ့အခါမှာ ဘာသာပြန် တဲ့သူက မြန်မာဝါကျဖွဲ့ထုံးကို လည်း ပိုင်နိုင်ရမှာဖြစ်သလို မြန်မာ ဝါကျဖွဲ့ထုံးနဲ့ မတူတဲ့ အင်္ဂလိပ်ဝါကျ ဖွဲ့ထုံးကိုလည်း ပိုင်နိုင်ရမယ်။ သဒ္ဒါ တို့ ဝါကျတည်ဆောက်ပုံတို့ကို လည်းသိရမယ်။ နောက်ပြီး အင်္ဂလိပ် ကနေ မြန်မာကိုဘာသာပြန်တဲ့ အခါမှာ အင်္ဂလိပ်ဘာသာစကား သည် အီဒီယမ်ဘာသာစကား ဖြစ်တဲ့အတွက် အင်္ဂလိပ် အီဒီယမ် တွေကို မြန်မာလို ဘာသာပြန်တဲ့ အခါမှာ တိုက်ရိုက်ဘာသာပြန်လို့ မရဘူး။ ဥပမာစကားပုံကိုလည်း အင်္ဂလိပ်ကနေ မြန်မာလို ဘာသာ ပြန်တဲ့အခါမှာ တိုက်ရိုက်ဘာသာ ပြန်လို့မရဘူး။ အခုဖတ်တဲ့စာတမ်း မှာ သူများဘာသာပြန်ထားတာ တွေကို ပြောရင်အငြင်းပွားနေမှာ စိုးလို့ ကိုယ်တိုင်ဘာသာပြန်ခဲ့တဲ့ စာပိုဒ်တွေကို ဘယ်လိုဘာသာပြန် ခဲ့တယ်။ တချို့ဥစ္စာတွေက ဘယ်လို မှားသွားခဲ့တယ်။ နောက်တော့မှ ပြန်သိရတယ်။ ဒီလိုပြန်ရင် ဘယ်လို ပိုကောင်းမယ်ဆိုတာကို နမူနာ စာပိုဒ်တွေလည်း ထုတ်ပြထားတာ ပါ။ သဘောကတော့ ဒီစာတမ်းက အခုဘာသာပြန်နေတဲ့ စာရေး ဆရာတွေအတွက် ရေးထားတာ မဟုတ်ဘူး။ ဘာသာပြန်ဖို့အတွက် ကြိုးပမ်းနေကြတဲ့သူတွေအတွက် အခက်အခဲတွေကို တတ်နိုင်သမျှ ဖြေရှင်းပေးတာ။ အဲ့ဒီတော့ ဘာသာ ပြန်နည်းပုံစံလေးကိုပေးတဲ့စာတမ်း ဖြစ်တယ်။ တကယ် သုတရသ ဘာသာပြန်အကြီးစားတွေအတွက် မရည်ရွယ်ဘူး။ အခုဘာသာပြန် ဖို့အတွက် ကြိုးပမ်းနေကြတဲ့ လူငယ်တွေအတွက်ကို ဒီစာတမ်း ပြုစုထားတာ ဖြစ်ပါတယ်။

ဆရာ မြေမှုန်လွင်

ဘာသာပြန် စာပေစာတမ်း ဖတ်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော် မြင်တာကတော့ စာပေအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အ စည်းတွေအားလုံး ဝိုင်းပြီး လုပ်ကြ ရမှာပဲ။ ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ ဒီစာတမ်းတွေကနေ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုကို ရောက် သွားလိမ့်မယ်။ ဒါကိုသဘောကျ တယ်။ ဒါပေမယ့် ဒီထက်ပိုပြီးတော့ ဘာသာပြန်နဲ့ ပတ်သက်ပြီး အများ ကြီး ဝိုင်းလုပ်ကြဖို့လိုပါသေးတယ်။ ကျွန်တော်လည်း ဘာသာပြန်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ အများကြီးလုပ်ဖူးပါတယ်။ ဒါလေး တစ်ပွဲလုပ်လိုက်ပြီးတော့ မြန်မာ နိုင်ငံမှာ ဘာသာပြန်စာရေးဆရာ အသစ် ဘယ်လောက်ပေါ်လာတယ် ဆိုတာမျိုး ဘာသာပြန်စာပေ လောကကြီး ဖွံ့ဖြိုးသွားတယ်ဆို တာမျိုးကတော့ မဖြစ်နိုင်ဘူး။ မရှိ နိုင်ဘူး။ အဲ့ဒီကမှတစ်ဆင့် တစ် ဆင့် အချိန်ယူရတယ်။ စိတ်ရှည်ရ တယ်။ အားထုတ်ရတယ်။ ဒီလိုပွဲ လေး တစ်ပွဲလောက်လုပ်လိုက်လို့ ဘာမှ ထူးထူးခြားခြား အပြောင်း အလဲတွေ့ရမှာမဟုတ်ဘူး။ ဒါပေ မယ့် ဒီပွဲရဲ့အကျိုးဆက်အားဖြင့် နောင်တစ်ချိန်မှာတော့ အကျိုး ကျေးဇူး များနိုင်ပါတယ်။

ဆရာကောင်းသန့်

ဒီစာတမ်းဖတ်ပွဲက အကျိုးပြု မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတို့နိုင်ငံမှာ အစတုန်းက ဘာသာ ပြန်စာပေအသင်းဆိုတာရှိတယ်။ စာပေဗိမာန်မှာရှိတယ်။ အဲ့ဒီ အသင်းကနေပြီးတော့ နိုင်ငံခြားက ကောင်းနိုးရာရာစာအုပ်တွေကို ဘာသာပြန်ပြီးတော့ ထုတ်ဝေခဲ့ တယ်။ ပြီးတော့မှ အသင်းဝင်တွေ ကိုဖြန့်ချိလို့ ဆရာတို့ငယ်ငယ်က ဖတ်ခဲ့ရတယ်။ အခုဒီအသင်းက ပြန်ပြီးတော့ မဖွဲ့သေးဘူးပေါ့ နော်။ ဖွဲ့တယ်လို့လည်းကြားတယ်။ ဒါပေမယ့် ဘယ်သူတွေနဲ့ ဘာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတော့ မကြားဘူး။ အဲ့ဒီတော့ ဒီလိုစာတမ်း ဖတ်ပွဲတွေ ဘာတွေလုပ်လာရင်တော့ ဘာသာပြန်က ဘယ်လောက် လိုအပ်တယ်ဆိုတာ တဖြည်းဖြည်း နဲ့ ကျယ်ကျယ်ပြန့်ပြန့် သိလာပြီး တော့ ဘာသာပြန်စာပေအသင်း တွေ ပေါ်ပေါက်လာမယ်လို့တော့ မျှော်လင့်တယ်။ အခုလည်း ဆရာ မြေမှုန်လွင်တို့၊ ဆရာဟိန်းလတ် တို့၊ ဒေါက်တာ ခင်မောင်ညိုတို့၊ ဆရာတို့ မြန်မာသာသာပြန်စာပေ ကွန်ရက်ဆိုပြီးတော့ အသင်း တစ်သင်းဖွဲ့နေတယ်။ ထို့အတူပဲ အစိုးရကလည်း ထပ်ဖွဲ့ကောင်း ဖွဲ့ လိမ့်မယ်လို့ထင်ပါတယ်။ ဒီမှာ တကယ်လို့ နှစ်သင်းရှိဦးတော့ နည်းသေးတယ်။ အဲ့ဒီလို ဘာသာ ပြန်စာပေအသင်းတွေက သူများ နိုင်ငံမှာဆို ထောင်နဲ့ချီပြီးတော့ တောင်ရှိတယ်။ ဥပမာ ဆိုပါဆို့ ဂျပန်နိုင်ငံမှာဆိုရင် ဥရောပဘက် မှာ အင်မတန်ထင်ရှားတဲ့စာအုပ်တွေ နာမည်ကြီးတဲ့စာအုပ်တွေဆိုရင် ဂျပန်ဘာသာနဲ့ ရက်ပိုင်း လပိုင်း အတွင်းမှာရေးပြီး ထုတ်ဝေပြီးဖြစ် နေပြီ။ အဲ့ဒီတော့ နိုင်ငံတကာရဲ့ စာပေတွေကို ဂျပန်ပြည်သူတွေက ချက်ချင်းဖတ်ပြီး ချက်ချင်းသိသွား တဲ့သဘောပေါ့။

ဆရာတို့မှာ ဘာသာပြန်အဖွဲ့တွေ အသင်းတွေ မရှိတဲ့အခါကျတော့ မသိဘူးပေါ့။ တစ်ခုတော့ ရှိပါတယ်။ ပေါ်ပြူလာ ဖြစ်တဲ့ စာအုပ်တွေကို ဆရာဟိန်း လတ်က ဘာသာပြန်တဲ့အတွက် ဆရာတို့ ဖတ်နေရတာရှိပါတယ်။ ဥပမာ အိုဘားမားဆို အိုဘားမား ပေါ့။ တစ်ခါထရမ့်ဆိုလည်း ထရမ့် ပေါ့။ အချိန်မီ ဘာသာပြန်ပေး နေလို့ဖတ်ရတယ်။ သို့သော်လည်း ဘာသာရပ်ဆိုင်ရာတွေ ဆေးနဲ့ ပတ်သက်တာတွေ၊ အတွေးအခေါ် နဲ့ ဗဟုသုတနဲ့ပတ်သက်တာတွေ ကျတော့ ဆရာတို့ ကျယ်ကျယ်ပြန့် ပြန့် မဖတ်ရဘူး။ သိပ်ပေါ်ပြူလာ ဖြစ်တဲ့စာအုပ် ရောင်းပန်းလှမယ့် စာအုပ် ဈေးကွက်ရှိမယ့်စာအုပ် ထင်မိရင်တော့ ဘာသာပြန်ထုတ်ကြ တာရှိပါတယ်။ ဒါပေမယ့် ဈေးကွက် မရှိသော်လည်း ပြည်သူပြည်သား တွေအတွက် အကျိုးရှိမယ်ဆိုတဲ့စာ အုပ်မျိုးတွေကိုလည်း ဘာသာပြန် ဖို့ လိုအပ်တယ်လေ။ အဲ့ဒီအတွက် ကတော့ အစိုးရကဦးဆောင်ပြီး လုပ်ရင်တော့ ပိုကောင်းတာပေါ့။ အဲ့ဒီတော့ ဒီဘာသာပြန်စာပေစာတမ်း ဖတ်ပွဲတွေကနေ ဒီလိုတွန်းအားတွေ အများကြီးထွက်လာပြီးတော့ ဒီထက် မက ဘာသာပြန်စာပေတွေတိုးတက် လာလိမ့်မယ်လို့ ဆရာကတော့ အကောင်းမြင်ပါတယ်။ ဘာသာ ပြန်နဲ့စိမ်းနေတဲ့သူတွေတောင်မှ ဒီစာတမ်းဖတ်ပွဲရဲ့အရှိန်ကြောင့် ဘာသာပြန်စာပေကို စိတ်ဝင်စား လာကြမယ်၊ မေးကြမယ်၊ပြောကြမယ်၊ ဖတ်ကြမယ်၊ ဘာသာပြန်ကြမယ် ဆိုရင် တဖြည်းဖြည်းနဲ့ဘာသာပြန် စာပေပိုပြီးတိုးတက်လာမယ်။ ဆရာ တို့တွေလည်း နိုင်ငံတကာစာပေကို အချိန်မီ ဖတ်နိုင်မယ်။ ဒါဆို ကမ္ဘာ ကြီးနဲ့ ရင်ဘောင်တန်းနိုင်မှာပေါ့။

စမ်းစမ်းနွဲ့(သာယာဝတီ)

ဘာသာပြန်စာပေမှာ သုတ လည်းရှိတယ်။ ရသလည်းရှိတယ်။ ရသကိုပဲပြောမယ်။ အထူးသဖြင့် ရသဝတ္ထုတွေကို ဘာသာပြန်ကြ တဲ့ပုဂ္ဂိုလ်ကြီးတွေဆိုတာ တော် တော်နည်းသွားပြီ။ လက်ချိုးရေ လို့ရတယ်။ ဆရာမောင်ပေါ်ထွန်း တို့၊ ဆရာမြင့်ြ<ွကယ်တို့တွေ သူတို့ တွေက အသက်အရွယ်အရ ဒီဘာ သာပြန်စာပေစာတမ်းဖတ်ပွဲမှာ တောင် မဝန်းရံနိုင်ဘူးလို့ ထင် တယ်။ သူတို့ရဲ့အတွေ့အကြုံတွေ ကိုလည်း စာတမ်းလေး တင်စေချင် တာပေါ့နော်။ အသက်အရွယ်နဲ့ ကျန်းမာရေး အခက်အခဲကြောင့် သူတို့ဆီက စာတမ်းလေးတွေ မရ ဘူး။ အစဉ်အဆက်က တကယ် ဘာသာပြန်လာတဲ့ဆရာကြီးတွေရဲ့ စာတမ်းမျိုးရရင် ကောင်းမယ်လို့ အန်တီ့စိတ်ထဲမှာ ထင်တယ်။ ဒါပေမယ့် မရခဲ့ဘူးပေါ့နော်။ ဒါ ပေမယ့် အခုဖတ်ကြတဲ့ စာတမ်း တွေမှာလည်း ရသရော သုတရော၊ ဆရာကိုတာတို့ အခု လူသစ်တန်း ထဲကဆိုရင် ဆရာ ဒီနိုဗိုတို့လည်း ပါပါတယ်။ သူတို့ စာတမ်းလေးတွေ က သိရသလောက်ဆိုရင် သေသေ ချာချာတော့ မဖတ်ဖြစ်လိုက်ဘူး။ နည်းနည်းဖတ်လိုက်ရသလောက် ဆိုရင် တော်တော်လေးပြည့်ပြည့် စုံစုံရှိပါတယ်။ စာပေကိုလေ့လာ လိုက်စားတဲ့သူမှန်သမျှ ဘာသာ ပြန်ထားတဲ့စာပေတွေကိုရော၊ ပြည် တွင်းကစာပေတွေကိုရော လေ့လာ ဖို့လိုပါတယ်။ ဒီစာတမ်းတွေက စာအုပ်အနေနဲ့လည်းပြန်ထုတ်မှာဆိုတော့ ဘာသာပြန်စာပေအတွက် တော်တော်လေး အထောက်အပံ့ ဖြစ်ပါတယ်။ ဘာသာပြန်စာပေကို အန်တီလည်း မရေးခဲ့ပါဘူး။ ဒါပေ မယ့်ဘာသာပြန်စာပေကို မက်မက် မောမောဖတ်တယ်။ ဘာသာပြန် ဝတ္ထုတွေကို ဆယ်စုနှစ် နှစ်ခု လောက်ကို ဖတ်ခဲ့တယ်။ အထူး သဖြင့် ရသစာပေဆိုလို့ရှိရင် ဘာသာပြန်ဝတ္ထုတွေကို ပိုကြိုက် တယ်။ ဘာပဲပြောပြော စကားလုံး ဖလှယ်တဲ့နေရာမှာ အကြောင်း အရာဖလှယ်တဲ့နေရာမှာ အတွေ့ အကြုံအရ ဘယ်လိုလုပ်ခဲ့ရတယ် ဆိုတာကို တကယ်ဘာသာပြန်တဲ့ ပုဂ္ဂိုလ်တွေ ရေးထားတာတဲ့စာတမ်း တွေကို ဖတ်ခြင်းအားဖြင့် စာဖတ် သူတွေအနေနဲ့လည်း ဘာသာပြန် စာပေမှာ ပိုပြီးရင်းနှီးလာလိမ့်မယ် လို့အန်တီထင်ပါတယ်။ ဘာသာပြန် တဲ့သူတွေအတွက်လည်း ဒီစာတမ်း တွေကအများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

အိမ်စည်စိုးစံ မေးမြန်းတင်ဆက်သည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*