ကဒူးတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုများ ပြန်လည် ဖော်ထုတ်ရန် အဆို၊ အက၊ အတီးပြိုင်ပွဲ ပြုလုပ်မည်

ကဒူးတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုများ ပြန်လည် ဖော်ထုတ်ရန် အဆို၊ အက၊ အတီးပြိုင်ပွဲ ပြုလုပ်မည်
May 4, 2017 Asian Fame

1:58 pm
ကဒူးတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုများ ပြန်လည် ဖော်ထုတ်ရန် အဆို၊ အက၊ အတီးပြိုင်ပွဲ ပြုလုပ်မည်

(ရန်ကုန်၊ ဧပြီ ၂၇ )

တိမ်မြုပ် ပျောက်ကွယ်နေသော ကဒူး တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများ ပြန် လည် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကဒူး တိုင်းရင်းသား များ လူငယ် များ၏ ရိုးရာ အဆို၊ အက၊ အတီး ပြိုင်ပွဲ ပြုလုပ်မည်ဖြစ် သည်။

ပြိုင်ပွဲပြုလုပ်ရခြင်းမှာ အင်းတော်မြို့ နယ်၊ ဗန်းမောက် မြို့နယ်၊ ပင်လည်ဘူးမြို့ နယ်နှင့် အခြားမြို့နယ် များတွင် ရောက်ရှိ နေကြသော ကဒူး တိုင်းရင်းသားများ အား လုံးကို တစ်စုတစ်စည်း တည်းဖြစ်စေရန်၊ တိမ်မြုပ် ပျောက်ကွယ်နေသော  ကဒူးတိုင်း ရင်းသားရိုးရာ ယဉ်ကျေးမှုများ ပြည်လည် ပေါ်ထွက်လာစေရန်၊ ကဒူး တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုများ မြန်မာနှင့် ကမ္ဘာ့ အလယ်သို့ ထိုးဖောက် ဝင်ရောက်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲကို စစ်ကိုင်းတိုင်း ဒေသ ကြီး ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စက် တောအုပ်စု၊ စက်တော ကျေးရွာမှ အရှင် ကိတ္တိသာရ၏ လမ်းညွှန် တိုက်တွန်းမှုဖြင့် ဗဟိုဖြစ်မြောက်ရေး ကော်မတီမှ ကြီးမှူးပြု လုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲ ကျင်းပမည့် ရက်မှာ  မေလ ၄ ရက်မှ ၁ဝ ရက် အထိဖြစ်သည်။

ပြိုင်ပွဲ ကျင်းပမည့်နေရာမှာ စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင်၊ ဗန်းမောက်မြို့ နယ် နားယကာ ကျေးရွာဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ လာရောက် ကြည့်ရှု သူများထံမှ ရရှိသည့် ရန်ပုံငွေဖြင့် ကဒူး တိုင်းရင်းသား ဖောင်ဒေးရှင်း ထူထောင်သွား မည်ဖြစ်ကြောင်း ပြိုင်ပွဲ ဖြစ်မြောက်ရေးကော် မတီမှ ဦးအောင်အောင်က ပြောသည်။

”ဒီပွဲကို လာတဲ့သူတွေကနေ ထည့်ဝင် ကြတဲ့ရန်ပုံငွေနဲ့ ဖောင်ဒေးရှင်း ပြန်ထောင် သွားမှာပါ။ ဒီဖောင်ဒေးရှင်း ကနေ ကဒူး တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့ကို လုပ်ဆောင် သွားမှာပါ။ ပြီးတော့ နှစ်စဉ် ကျင်းပနိုင်အောင် မတည်ငွေ အဖြစ်လည်း ထားသွားပါမယ်” ဟု ၄င်းကပြောသည်။

ပြိုင်ပွဲဝင်များ အားလုံးမှာ ကဒူးတိုင်း ရင်းသား တိုင်းရင်း သူများဖြစ်ကြပြီး ပြိုင်ပွဲ များတွင် ကဒူးရိုးရာ နောက်ပိုး အကပြိုင်ပွဲ၊ ဗြောတီးပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲ၊ ကဒူးသံဖြင့် သီချင်း သီဆိုမှုပြိုင်ပွဲ စသည်ဖြင့် ပါဝင်မည် ဖြစ်သည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*