ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ
May 4, 2017 Asian Fame

3:54 pm
ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ

ဂေါပကများ သိစေချင်ပါသည်

ရှူးရှူးတောင် အလားကားပေါက်လို့မရတဲ့ မြန်မာပြည်က ဘုရားများ၊ စေတနာအားကောင်းတဲ့ ဘုရားဖူးပြည် သူတွေကို ဘုရားမှလည်း
ပြန်ပြီးစေတနာလေးထားပေးသင့်ပါတယ်။ ဘုရားကိုလာတဲ့ ဘုရားဖူးထဲမှ အနည်းဆုံး တစ်ဝက်လောက်ကတော့ လှူဒါန်းသွားကြတာများပါတယ်။ ဒီလိုလှူနေတန်းနေကြတဲ့ ဘုရားဖူးပြည်သူတွေ Toilet သုံးတာလေးကို အခမဲ့ဖြစ်အောင်တော့ လုပ်ထားပေးသင့်တယ်။ ကားလည်း အခမဲ့ရပ်လို့ရအောင် စီစဉ်ပေးသင့်တယ်။ စီးပွားဖြစ် မဟုတ်တဲ့ ဓာတ်ပုံကင်မရာကိုင်တာလောက်ကို ပိုက်ဆံလိုက်မတောင်းသင့်ဘူး။ ပိုက်ဆံ ၁ဝဝ၊ ၅ဝဝ ‌ပေးနေရတာ ကမ္ဘာနဲ့ယှဉ်ရင် တော်တော်ရှက်ဖို့ကောင်းပါတယ်။ အိမ်သာတွေကိုတော့ ကန်ထရိုက်မပေးသင့်ပါဘူး။ ကားရပ်ခတွေကိုလည်း ကန်ထရိုက် မပေးသင့်ပါဘူး။ ဓာတ်ပုံလည်း ကန်ထရိုက်မပေးသင့်ပါဘူး။ ဘုရားအတွက် အဲဒီလောက်စီးပွားမရှာသင့်ဘူး။ စေတနာနဲ့ လှူဒါန်းတာပဲလက်ခံသင့်တယ်။ ဒီဝန်ဆောင်မှုလေးတော့ စေတနာအား ကောင်းတဲ့ ဘုရားဖူးပြည်သူတွေကို ဘုရား‌ဂေါပကများကလည်း ပြန်ပြီး စေတနာလေးထားပေးသင့်ပါတယ်။

မန္တလေးသားတစ်ဦး

မန္တလေး ရွှေမြို့တော်ကြီးအား ဒုစရိုက်သမားတွေ လက်ကနေ အမြန်ဆုံး ကယ်တင်ကြပါစို့

တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တ လေးတိုင်းဒေသကြီး၊ ရဲမှူးကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မန္တလေးတိုင်းဒေ သကြီး၊ မန္တလေးရွှေ မြို့တော်ကြီးနေ မြို့တော်သူ/မြို့တော်သားများ။ မန္တ လေးမြို့တော်ကြီးတွင် ကျရောက်လျက်ရှိသော အတင့်ရဲ ဒုစရိုက်သ မားများ၏ အန္တရာယ်ကို အကျယ်ချဲ့ ပြောနေစရာမလိုတော့ပါ။ အားလုံး သိရှိမြင်တွေ့ ခံစားနေကြရတာပါ။ ပြောကြားလိုသည်မှာ ယခုရင်ဆိုင် ကြုံတွေ့နေရသည့် ဒုစရိုက်အန္တရာယ်ကို မည်သို့ရင်ဆိုင်ကြမလဲဆို တာကို ပြောချင်တာပါ။ အတင့်ရဲ ဒုစရိုက်သမားများကို နှိမ်နှင်း ရန်မှာ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်သူတို့၏ တာဝန်သာဖြစ်သည်ဟု မျက်နှာလွှဲ ပြော နေရမည့်အချိန် မဟုတ်တော့သည် ကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ အင် အားမလုံလောက်သော ရဲတပ်ဖွဲ့ချည်းသာ ဆောင်ရွက်ရန် မဖြစ်နိုင်သလို ပြည်သူများချည်းသာ ဆောင်ရွက် ရန်မှာ ဥပဒေဘောင်နှင့် ညီညွတ် အောင်ဆောင်ရွက်ရန် မလွယ်ကူပါ။ သို့ပါ၍ မန္တလေးမြို့တော်ကြီး အေးချမ်းသာယာပြီး မြို့တော်နေပြည်သူ များဘဝ လုံခြုံမှုရှိစေရန်
အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါကြောင်း အကြံပြုပြောကြားလိုခြင်းပါ။

၁။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုလျက်
၂။ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည်သူများပါဝင်သော စီမံ ချက်ဖြင့် ကွပ်ကဲပြီး
၃။ မြို့တော်နေပြည်သူများမှ တက်ကြွစွာဖြင့် လိုအပ်သည့်အခန်းမှပါဝင်ကာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်ဆိုပါလျှင် မန္တလေးရွှေမြို့တော်ကြီး အေးချမ်းသာယာ၍ မြို့နေပြည်သူ များဘဝ လုံခြုံမှုရရှိလာ မည်ဖြစ်ပါကြောင်း။

Nyunt Hsaung Oo
‌(ရဲတပ်ဖွဲ့မှ ဖိတ်ခေါ်လာပါက မြို့ တော်နေပြည်သူများက တက်ြ<ွကစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လိုကြပါ ကြောင်း)

ရွှေပြည်သာမြို့ EPC မှ တာဝန်ရှိသူများသိစေရန်

Tayar Si (1)

အမှတ် (၁၄) ရပ်ကွက်ဗိုလ်တိုက်ချွန်းလမ်းမပေါ်ရှိ အမှတ် ၁၂၇၂/က ဦးကျော်မင်း အိမ်ရှေ့မှ ဖြတ်ဆွဲထားသေား ဆားဗစ်ဝါယာ ကြိုးသည်အိုင့်ပြီး တအားနိမ့်ကျနေ သည်မှာ လပေါင်းများ စွာရှိနေပါသော်လည်း ဓာတ်ကြိုးပိုင်ရှင်မှာ မသိယောင်ဆောင်နေတာလား၊ အသိမရှိတာလား၊ ဒါမှမဟုတ် ဓာတ်ကြိုးကပဲ လူလို မသိတာလားဗျာ။ ကြိုးကခေါင်း မလွတ်ချင်တော့ဘူး ထီးနဲ့လုံးဝ မလွတ်ပါ။ ရေနဲ့ဆို ဓာတ်လိုက်နိုင်ပါတယ်။ ဒီသတင်းကို EPC ဝန်ထမ်းတွေ သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ ဒီလိုစည်းမဲ့ ကမ်းမဲ့ သွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေကြောင့် ရပ်ကွက်ရုပ်ဆိုးနေသည် သာမက ဒါဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာ လူတွေ အားလုံးသိ နေတာမို့ EPC ဝန်ထမ်းတွေညံ့လို့ တာဝန်ရှိသူတွေ ပါသိက္ခာကျမှာပါ။ အထက်ကဖော်ပြခဲ့သလို ဓာတ်လိုက်နိုင်တာမို့ ဖြစ်လာခဲ့ရင် နဏဃ မှာတာဝန်ရှိသလို ဓာတ် ကြိုးပိုင်ရှင်မှာလည်း လုံးဝတာဝန်ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးစေလိုပါတယ်။

ကိုရွှေကျော်မင်း

သက်ဆိုင်ရာသို့ …

Tayar Si (2)

ရန်ကုန်တိုင်းဒေသကြီး YBS ယာဉ်များပေါ်တွင် သင်္ကန်းဝတ်ပြီး စာအိတ်ဖြင့် လိုက်လံ တောင်းရမ်းသူများအား ထိရောက်စွာအရေးယူစေချင်ပါသည်။ မြို့လယ် ကောင်တွင်လည်း သင်္ကန်းဝတ် အယောင်ဆောင်များသည် ဖိနပ်ပြတ်လို့ လှူပါ၊ လမ်း စရိတ်လှူပါဆိုပြီး လိုက်လံတောင်းရမ်းနေသူများ ရှိပါသည်။ ထိုသူများသည် ဘုန်းကြီး အတုအယောင် လူလိမ်များသာဖြစ်သည်။ သာသနာကို ညှိုးနွမ်းစေသော လူလိမ်များအား သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူစေလိုပါသည်။

ကိုလှဘုန်းနိုင်

ငွေကြေးတောင်းခံမှုကို အရေးယူပေးပါရန်

သို့
မြို့နယ်အုပ်ချုပ်ရေးမှူး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
လပွတ္တာမြို့
ရက်စွဲ။ ၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁၈ ရက်
အကြောင်းအရာ။ ။ ၃ မိုင်ဆေးရုံ မှ ရင်ခွဲရုံ တာဝန်ကျဝန်ထမ်း၏ ငွေကြေးတောင်းခံမှု ကို အရေးယူပေးပါရန်။

အထက် အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁၆ ရက် နေ့၊ မွန်းလွဲ ၁၂ နာရီ ၅ဝ မိနစ်အချိန်ခန့်တွင် အိမ်အမှတ်(၁၄/၉)၊ သီတာလမ်း၊ လပွတ္တာ မြို့တွင် နေထိုင်သော ဒေါ်ခင်ညို (၆၃) နှစ် နှင့်သမီး ဒေါ်အိမွန်ကျော် (၃ဝ) နှစ် (အမ က-ရေကျော်ကြီးဝ)တို့နှစ်ဦး အိမ်ရှေ့တွင် ကျနေသော ဝန်ထမ်းကြိုး (သွပ်ကြိုး)ကို ကိုင် မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ပါသည်။

သေဆုံးသူနှစ်ဦးအား ၃ မိုင် မြို့သစ် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါ သည်။ ရင်ခွဲရုံမှ တာဝန်ကျဝန်ထမ်းမှ အလောင်းနှစ်လောင်း အား မခွဲစိတ်သေးသည့်အတွက် မေးမြန်းရာ တစ်လောင်းလျှင် ကျပ်သုံးသောင်းဖြင့် ခြောက်သောင်းပေးမှ ခွဲစိတ်ပေးမည်ဟုပြော ပါသည်။ ကာယကံရှင်မိသားစုများမှာ ဆင်း ရဲနွမ်းပါးသူများဖြစ်သည့်အပြင် အရေးပေါ် လာခဲ့ရသည့်အတွက် ငွေကြေးမပါလာ ကြောင်း၊ သင်္ကြန်အတက်နေ့ ဖြစ်သည့်အ တွက် နေ့ချင်းသင်္ဂြိုဟ်ရမည်ဖြစ်သဖြင့် အ ချိန်ကြန့်ကြာ၍ မရကြောင်း၊ ပြောဆိုညှိ နှိုင်းသော်လည်း မရပါ။ ထို့ကြောင့်မိတ်ဆွေ တစ်ဦးမှ ကျပ်နှစ်သောင်းငါးထောင် ကူညီခဲ့ ပါသည်။ ထိုကျပ်နှစ်သောင်းငါး ထောင်ဖြင့် သာ လက်ခံပြီး ခွဲစိတ်ပေးရန် တောင်းပန် ပြောဆိုခဲ့သော်လည်း နှစ်သောင်းခွဲထဲဆို လျှင် ခွဲစိတ်ရုံသာ ခွဲစိတ်ပေးမည် ပြန်ချုပ် မပေးဟုပြောဆိုကာ မခွဲစိတ်ဘဲ အချိန်ဆွဲနေ ပါသည်။ ထိုသို့ တောင်းပန်ပြောဆိုသော် လည်း မရသဖြင့် အခြားမိတ်ဆွေတစ်ဦးမှ တစ်သောင်းငါးထောင်ကျပ် ထပ်မံကူညီကာ စုစုပေါင်း ကျပ်လေးသောင်းပေးမှသာ ခွဲ စိတ်ပေးခဲ့ပါသည်။

ထို့ကြောင့် ဆေးရုံမှ ညနေ ၄ နာရီခွဲ ခန့်မှ သေဆုံးသူအလောင်းများအား ပြန် လည်သယ်ဆောင်ကာ သင်္ဂြိုဟ်ခဲ့ရပါသည်။ ကြန့်ကြာ အောင် အချိန်ဆွဲနေခဲ့သောကြောင့် ည ၈ နာရီခန့်မှ သင်္ဂြိုဟ်၍ ပြီးစီးခဲ့ ပါသည်။ ထိုသို့ လုပ်ပိုင်ခွင့်ထဲမှ တာဝန်ကို အလွဲ သုံးစားလုပ်ကာ ငွေကြေးတောင်းခံ လာဘ် စားနေသော အကျင့်ပျက်ဝန်ထမ်းနှင့် ၎င်းဝန်ထမ်းအား တာဝန်ပေးအပ်ထားသော ဆေးရုံမှ တာဝန်ရှိသူများအား လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် လေးစား စွာ အသနားခံ တင်ပြတိုင်ကြားပါသည်။

ကိုရဲလင်းနိုင်
၁၄/လပတ (နိုင်) ၂၁၈၁၃၁
သေဆုံးသူ ဒေါ်အိမွန်ကျော်၏ခင်ပွန်း
ကိုထင်လင်း
၁၄/လပတ (နိုင်) ၁၁၅၁၇၃
သေဆုံးသူ ဒေါ်ခင်ညို၏ သားမက်

မိတ္တူကို –

၁။ ဦးထွန်းလှ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
၂။ စစစ
၃။ SB
၎။ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့

(မှတ်ချက်။ ။ ဖော်ပြပါတင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*