ခေါင်းဆောင်ကောင်းတွေက လုံခြုံမှု ပေးနိုင်တယ်

ခေါင်းဆောင်ကောင်းတွေက လုံခြုံမှု ပေးနိုင်တယ်
May 4, 2017 Asian Fame

3:02 pm
ခေါင်းဆောင်ကောင်းတွေက လုံခြုံမှု ပေးနိုင်တယ်
khn

ကပ္ပတိန် ဝီလျံ (Captain William Swenson) ကို သမ္မတ အိုဘားမားက အမေရိကန် နိုင်ငံရဲ့အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု တံဆိပ် (congressional Medal of Honor) ချီးမြှင့်နေစဉ်

 

1

အစိုးရ အဖွဲ့တွေ ပါတဲ့ ယာဉ်တန်း တစ်ခုလုံးကို ဘေးသုံး ဘက်က ဝိုင်းရံပြီးတော့ ချုံခိုချောင်းမြောင်း တိုက်ခိုက်ကြပါတယ်။ သူက သေနတ် ကျည်ဆန်တွေ ကြားထဲက သတ်ကွင်းထဲကို ပြေးဝင်ပြီးတော့ ဒဏ်ရာရတဲ့ လူနာတွေကို ကယ်တင် ခဲ့တယ်။ တပ်ကြပ်ကြီး (sergeant)) တစ်ယောက်ကို ကယ်တင်ပြီး ဆေးအဖွဲ့ ရဟတ်ယာဉ် ပေါ်ကို ပြန်ခေါ်လာခဲ့နိုင်တယ်။

ကပ္ပတိန်ဝီလျံ  (Captain Wil­liam Swenson) ကို ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က သူ့ရဲ့ စွန့်စားမှု အတွက် အမေရိကန် လွှတ်တော်က အမြင့်ဆုံး ဂုဏ်ထူး ဆောင်ဆု တံဆိပ် (Congressional Medal of Honor) ချီးမြှင့် ခဲ့ပါ တယ်။ အဲဒီနေ့မှာ အာဖဂန် နစ္စတန်နယ်ဖျားက ဒေသခံ ရပ်မိ ရပ်ဖ ရွာ လူကြီးတွေ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အမေရိကန် အဖွဲ့နဲ့ အာဖဂန် အစိုးရ အဖွဲ့တွေ လိုက်ပါ လာတဲ့ ယာဉ်တန်းကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ယူခဲ့တယ်။

အစိုးရအဖွဲ့တွေ ပါတဲ့ ယာဉ် တန်းတစ်ခုလုံးကို ဘေးသုံးဖက်က ဝိုင်းရံပြီးတော့ ချုံခိုချောင်းမြောင်း တိုက်ခိုက် ကြပါတယ်။ သူက သေ နတ်ကျည်ဆန်တွေ ကြားထဲက သတ်ကွင်း ထဲကို ပြေးဝင်ပြီးတော့ ဒဏ်ရာရတဲ့ လူနာတွေကို ကယ် တင် ခဲ့တယ်။ တပ်ကြပ်ကြီး (Sergeant) တစ်ယောက်ကို ကယ်တင် ပြီး ဆေးအဖွဲ့ရဟတ်ယာဉ်ပေါ်ကို ပြန် ခေါ်လာခဲ့နိုင်တယ်။

အဲဒီနေ့ မှာပဲ တိုက်တိုက်ဆိုင် ဆိုင် ရဟတ်ယာဉ်ပေါ်က ဆေး တပ်သား တစ်ယောက် ရဲ့ ဟဲမက် (Helmet) မှာ တပ်ဆင်ထားတဲ့ ကင်မရာက အဲဒီ အဖြစ်အပျက်တွေ အားလုံးကို မှတ်တမ်း တင်ထားနိုင် ခဲ့ပါတယ်။ ကပ္ပတိန်ဝီလျံ (Captain Swenson)  က လည်ပင်း မှာ သေနတ် ဒဏ်ရာရထားတဲ့ စစ်သားကို ပြန်ခေါ်လာပြီးတော ရဟတ်ယာဉ် အပေါ်မှာ သေသေချာချာ နေရာ ချထား လိုက်ပါ တယ်။ နောက်ထပ် တခြားလူတွေကို သွားမကယ်ခင် ဒဏ်ရာရတဲ့ သူ့ရဲဘော်ကို ခေါင်း ငုံ့ပြီးတော့ နမ်းသွားတယ်။

ဒီမြင်ကွင်းကို မြင်ရတော့ ကျွန်တော် အရမ်းကို ခံစားရပါတယ်။ ဒီလိုလူမျိုးတွေ ဘယ်လို ကမ္ဘာက လာကြတာလဲလို့ တွေးမိတယ်။ ဘာကြောင့်ပါလိမ့်။ အဲဒီလို လုပ်ဖို့ ဆိုရင် မေတ္တာတရားကြီးမားတဲ့ သူတွေသာ လုပ်နိုင်မှာပါ။ ကျွန်တော် ဘာကြောင့် ဒီလိုလူမျိုးတွေ နဲ့အတူ အလုပ်တွဲ လုပ်ခွင့် မရတာလဲ ဆိုတာကို သိချင်မိတယ်။

စစ်တပ်ထဲမှာ ရဲဘော်ရဲဘက် တွေ ကောင်းရာကောင်းကျိုးနဲ့ အကျိုးစီးပွား အတွက် သူတို့ဘဝကို စွန့်လွတ်ရဲတဲ့သူ ပေးဆပ်ဖို့ရဲဝံ့တဲ့ သူတွေကို ဆုတံဆိပ်တွေနဲ့ ဂုဏ်ပြု ကြပါတယ်။ စီးပွားရေး လောကမှာ ကျွန်တော်တို့ အကျိုးအမြတ် များ များရဖို့ ပေးဆပ်(Sacrifice) ကြရ တဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ ကို ဆုကြေး (Bonus) အဖြစ် ပေး ပါတယ်။ ပြောင်းပြန်ပါ။

ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့် ပါတယ်။ ဒီလိုလူမျိုးတွေ ဘယ်က လာတာလဲ။ သူတို့တွေက နည်း နည်းပိုကောင်းတဲ့ သူတွေဖြစ်မှာ ပဲလို့ကောက်ချက်ချ လိုက်မိတယ်။ ဒါကြောင့် စစ်တပ်က သူတို့လို လူမျိုးတွေကို စစ်မှုထမ်းဖို့ ဆွဲဆောင် သိမ်းသွင်းနိုင်ခဲ့တာဖြစ်မှာ။

လူများရဲ့ဝန်ကို ထမ်းဖို့၊ ပြည် သူ့အကျိုးပြုဖို့ စိတ်ကောင်း နှလုံးရှိ တဲ့သူတွေက စိတ်ဝင်စားကြတယ် လို့ ထင်မိခဲ့တယ်။ ဒါ လုံးဝ မှားပါ တယ်။ မှန်ကန် သင့်လျော်တဲ့ ပတ် ဝန်းကျင်ကိုရောက်ရင် ဘယ်သူပဲ ဖြစ်ဖြစ် ဒီလိုမျိုး အထင်ကရ ကိုယ် ကျိုးစွန့်တဲ့ အလုပ်မျိုးတွေကို လုပ် ဆောင်ဖို့ စွမ်းရည်တွေ လုပ်ဆောင် နိုင်စွမ်းတွေ ရရှိလာပါလိမ့်မယ်။

တခြားသူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ သူတို့ အသက်ကို မငဲ့တတ်ကြတဲ့ ဟီးရိုးလို့ခေါ်တဲ့ အာဇာနည် တွေကို ဂုဏ်ယူ စွာ တွေ့မြင်ခွင့် ရခဲ့ပါတယ်။ သူတို့ကို ဘာကြောင့် စွန့်စားကြတာလဲ၊ ဘာကြောင့် မငဲ့မကွက် ပေးဆပ်ကြ တာလဲလို့ မေးကြည့်ပါတယ်။ သူ တို့ အားလုံးရဲ့ တစ်ခုတည်းသော အဖြေက ”သူတို့သာ ငါ့နေရာမှာ ဆို ရင် ငါကယ်သလိုမျိုး သူတို့ငါ့ကို ကယ်တင် မှာပဲလို့ ယုံကြည်လို့” ပါ။

ဒါဟာ လေးနက်တဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု (deep sense of trust and cooperation) ပါ။ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု (trust and cooperation)  က အလွန်အရေး ကြီးပါတယ်။ ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု (trust and coo­pearation)  ရဲ့ သဘောက အမိန့် ပေးညွှန်ကြားချက် (instruction)  မဟုတ်ပါဘူး။ စိတ်ခံစားမှုတွေ (feelings) ပါ။ ငါ့ကို ယုံကြည်ပါလို့ ခပ်လွယ်လွယ် ပြောလိုက်ရုံနဲ့ သူတို့ သင့်ကို ယုံကြည်လာမှာ မဟုတ်ပါ ဘူး။ လူနှစ်ယောက်ကို ပူးပေါင်း ဆောင်ရွက်ကြဖို့ အမိန့်ပေးလိုက် ရုံနဲ့ သူတို့နှစ်ယောက် ပူးပေါင်း ကြမှာ မဟုတ်ပါဘူး။ အဲဒါမျိုး လုပ်လို့ မရပါဘူး။ စိတ်ခံစားချက် တွေ ဖြစ်နေလို့ပါ။

2

အဲဒီနေ့မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ရဟတ်ယာဉ်ပေါ် က ဆေးတပ်သား တစ်ယောက် ရဲ့ ဟဲမက် (Helmet) မှာ တပ်ဆင်ထားတဲ့ ကင်မရာက အဲဒီ အဖြစ်အပျက်တွေ အားလုံးကို မှတ်တမ်းတင် ထားနိုင်ခဲ့ပါတယ်။

စိတ်ခံစားမှု ဘယ်ကလာတာ လဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝဝဝဝ ကျော် က ကျောက်ခေတ်ဦး လူသား တွေရဲ့ ဘဝဟာ ဘေးအန္တရာယ် ပေါင်းစုံနဲ့ ဝန်း ရံခြင်း ခံထားရပါ တယ်။ ကြမ်းတမ်းတဲ့ ရာသီဥတု ကြောင့်၊ အစာ ငတ်မွတ် မှုကြောင့်၊ သားရဲတွေရဲ့ဘေးရန်ကြောင့် စတဲ့ ဘေးအန္တရာယ် မျိုးစုံကြောင့် နည်း အမျိုးမျိုးနဲ့ သေဆုံးနိုင်ပါတယ်။ လူသားတွေရဲ့သက်တမ်း တိုတောင်း ရတာပါ။

ဘေးအန္တရာယ်တွေကို တွန်း လှန်ဖို့ လူသားတွေက အတူတကွ အုပ်စုဖွဲ့နေ ထိုင်ကြတဲ့ သတ္တဝါတွေ  (social animals) အဖြစ် ပြောင်း လဲခဲ့ပါတယ်။ အတူတကွ နေထိုင် ကြပါတယ်။ အလုပ်ခွဲဝေပြီး အတူ တကွ လုပ်ကိုင်ကြတယ်။ မျိုးနွယ် စု (tribe) ထဲမှာ တစ်ယောက်ကို တစ်ယောက် ကာကွယ်စောင့် ရှောက် ကြတယ်။ မိသားစုစိတ် ရှိ တယ်လို့ ခံစားရတယ်။ (Felt like we belonged) ။ ကျွန်တော်က တော့ လုံခြုံတဲ့ အသိုင်းအဝိုင်း (Circle of Safety) လေးလို့ နာမည် ပေးချင်ပါတယ်။ ကိုယ့်အုပ်စုအတွင်း မှာနေထိုင်ရရင် လုံခြုံတယ်လို့ ခံစားရတယ်။ အုပ်စု အတွင်းမှာ နေခွင့်ရတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ မိသားစု စိတ်ဓာတ်က သဘာဝ အတိုင်းဖြစ်ပေါ်တဲ့ တုံ့ပြန်ချက်ပါ။ ရရှိလာတဲ့ အကျိုးကျေးဇူး တွေက ယုံကြည်မှု (trust) ခိုင်မြဲလာခြင်း၊ ပူးပေါင်းဆောင်ရွက်မှု(cooperation)  ပိုကောင်းလာခြင်းပါ။

ညမှာအုပ်စုထဲက တစ်ယောက် ယောက်က ကင်းစောင့်ပေးလို့၊ ဘေး အန္တရာယ်တွေကို စောင့်ကြည့် ပေးလို့ ကျန်တဲ့ သူတွေက နှစ်နှစ် ခြိုက်ခြိုက် အိပ်စက်နိုင်တယ်။ တစ်ယောက်ကို တစ်ယောက် မယုံ ကြည်တဲ့အခါ ငါက မင်းကို မယုံ ဘူးဆိုတဲ့ အဓိပ္ပာယ်က မင်းတာဝန် ယူထားတဲ့ (ဘေးအန္တရာယ် တွေကို စောင့်ကြည့်တဲ့)အလုပ်ကို မင်း ကောင်းကောင်း လုပ်မှာမဟုတ်ဘူး လို့ဆိုလိုတာပါ။ တစ်ဖွဲ့လုံး အသက်ရှင် ရပ်တည်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ။

3

ကပ္ပတိန် ဝီလျံ (Captain Swenson) က လည်ပင်းမှာ သေနတ် ဒဏ်ရာရထားတဲ့ စစ်သား ကို ပြန်ခေါ်လာပြီးတော့ ရဟတ် ယာဉ် အပေါ်မှာ သေသေချာချာ နေရာ ချထား လိုက်ပါတယ်။ နောက်ထပ် တခြား လူတွေကို သွားမကယ်ခင် ဒဏ်ရာရတဲ့ သူ့ရဲဘော်ကို ခေါင်းငုံ့ပြီးတော့ နမ်းသွားတယ်။

ယနေ့ခေတ်မှာလည်း ရှေး ခေတ်နဲ့ ထပ်တူပါပဲ။ ကမ္ဘာကြီးမှာ အန္တရာယ်တွေ နဲ့ ပြည့်နေတယ်။ ကျွန်တော်တို့ ဘဝ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အနှောင့် အယှက်တွေ က များတယ်။ အောင်မြင်ဖို့ အဟန့်အတားတွေ များတယ် ။ အောင်မြင်ဖို့ အခွင့် အလမ်းတွေ လျော့နည်းလာတယ်။ စီးပွားရေး လောက မှာ မြင့်လိုက် နိမ့်လိုက်နဲ့ မတည်ငြိမ်ဘူး။ စတော့ဈေးကွက် မှာသေချာတာ ဆိုလို့ ဘာမှ မရှိဘူး။ နည်းပညာ အသစ်တစ်ခုကြောင့် သင့်စီးပွားရေး လုပ်ငန်းကြီး တစ်ခု လုံး ညတွင်းချင်း ပြိုကျပျက်စီး သွားနိုင် တယ်။ ဈေးကွက်ယှဉ်ပြိင် မှုတွေက သင့်ကို သတ်ပစ်နိုင် လောက်အောင် ကြီးမား တယ်။ ကြိုးစားနေရင်တော့ ဖွံ့ဖြိုး မှုတွေ အနှောင့် အယှက် ခံရပြီး ဖရိုဖရဲဖြစ် သွားနိုင်တယ်။ စီးပွားရေး လုပ်ငန်း ကြီး တစ်ခုလုံး အခိုးခံ လိုက်ရနိုင် တယ်။ အဖျက်စွမ်းအားတွေကို ဘယ်လိုမှ ကန့်သတ် ထိန်းချုပ်လို့ မရနိုင်ပါဘူး။ ဒါတွေက အမြဲတမ်း မပြောင်းမလဲဘဲ ရှိနေကြမှာပါ။ ဒုက္ခပေးဖို့ စောင့်နေကြတာပါ။

အဲဒီလို သူရဲကောင်းစိတ်ထား မျိုးတွေ ဖြစ်ပေါ်လာဖို့ အဓိက အချက်က အဖွဲ့ အစည်း အတွင်းရှိ ခေါင်းဆောင်မှု (leadership) ပါ။ ဒါကြောင့် ခေါင်းဆောင်မှုက ပို အရေးကြီးလာတာပါ။ ခေါင်း ဆောင်တွေ က လမ်းညွှန်မှုတွေ ပေးနိုင် တယ်။ ခေါင်းဆောင်တွေ က ရွေးချယ် မှု ပြုလုပ်တဲ့အခါ မိမိတို့ ရဲ့ သက်သောင့် သက်သာဖြစ်မှု နဲ့ ရလဒ်တွေ (tangible results) ကို စွန့်လွှတ်ပြီးတော့ အဖွဲ့အစည်း အတွင်း ရှိနေသူတွေရဲ့ လုံခြုံမှုကို အဓိက အရေး အကြီးဆုံးနဲ့ ပထမ ဦးစားပေးအဖြစ် ရွေးချယ်ရမှာပါ။ အဖွဲ့ဝင်တွေက လုံခြုံတယ် လို့ခံစား ရမယ်။ အဖွဲ့အတွင်း မှာရှိနေတယ်၊ ရပ်တည်နေတယ်လို့ ခံစားရမယ် ဆိုရင် ကြီးကျယ်တဲ့ အောင်မြင်မှု တွေ ရရှိနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်
ကောင်းထက်ညွန့်
Simon Sinek ၏ Why good leaders make you feel safe ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*