ကျောင်းသားများနေရန်အတွက် ဟိုတယ်ပါ ပါသည့် ခရီးသွား တက္ကသိုလ်တစ်ခုကို ဂျပန်က လှူမည်

ကျောင်းသားများနေရန်အတွက် ဟိုတယ်ပါ ပါသည့် ခရီးသွား တက္ကသိုလ်တစ်ခုကို ဂျပန်က လှူမည်
May 4, 2017 Asian Fame

12:02 pm
ကျောင်းသားများနေရန်အတွက် ဟိုတယ်ပါ ပါသည့် ခရီးသွား တက္ကသိုလ်တစ်ခုကို ဂျပန်က လှူမည်

စိုင်းလမင်း၊ ဖြိုးထက်အောင်

ရန်ကုန်၊ မေ ၁

ဂျပန်နိုင်ငံက ဆောက်ပေးမည့် ခရီးသွားတက္ကသိုလ်တစ်ခုကို ယခု အစိုးရလက်ထက်အတွင်းတွင် အပြီးတည်ဆောက်သွားမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။

”ဒီတက္ကသိုလ်မှာ နိုင်ငံတကာ အဆင့်မီ ဟိုတယ်တစ်လုံးပါပါတဲ့အတွက် ကျောင်းသားတွေအတွက် အထောက်အကူပြုမှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါလာနိုင်တယ်” ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံတွင် Tourism University ဖွင့်လှစ်ပြီးစီးပါက ခရီးသွားလုပ်ငန်းများအတွက် အထောက်အကူ ပြုနိုင်သည်ဟု Nature Dream ခရီးသွားကုမ္ပဏီ ပိုင်ရှင် ဒေါ်စံပယ်အောင်က ပြောသည်။ ”အစ်မတို့ နိုင်ငံမှာ ခရီးသွားလုပ်ငန်းမှာ လူ့စွမ်းအားအရင်းအမြစ်တွေက အမြဲတမ်းလိုအပ်နေတယ်။ ဒီတက္ကသိုလ်သာဖွင့်လှစ် ပြီးစီးလို့ရှိရင် အဲ့ဒီလိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်မှာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

ထိုတက္ကသိုလ်ကို နေပြည်တော်တွင် တည်ဆောက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း၂ဝဝ အကုန်ကျခံ တည်ဆောက်မည်ဖြစ် ကာ ကမ်းလှမ်းထားသည့် ဂျပန် တက္ကသိုလ် နှစ် ၁ဝဝ ပြည့် ၂ဝ၂ဝ တွင် ဖွင့်လှစ်ရန် ရည်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။ ထို တက္ကသိုလ် တည်ဆောက် ရန်အတွက် ဂျပန်နိုင်ငံတက္ကသိုလ် ဘက်မှ တာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံမှပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်တို့သည် ဧပြီလ ၂၈ ရက်နေ့ က နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးမှုလည်း ပြုခဲ့ ကြောင်း သိရသည်။ ထိုတက္ကသိုလ် တွင် နိုင်ငံတကာ အဆင့်မီဟိုတယ် ၁ လုံး ပူးတွဲတည်ဆောက်မည်ဖြစ် သောကြောင့် ပညာသင်ယူနေ သောကျောင်းသား၊ ကျောင်းသူများ အတွက်ပါ အထောက်အကူ ဖြစ် စေနိုင်သည်ဟု အဆိုပါဝန်ကြီးဌာန မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*