အန္တရာယ်ရှိသောလုပ်ငန်းခွင်များထဲမှ ကလေးလုပ်သားများကို အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးမည်

အန္တရာယ်ရှိသောလုပ်ငန်းခွင်များထဲမှ ကလေးလုပ်သားများကို အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးမည်
May 4, 2017 Asian Fame

4:58 pm
အန္တရာယ်ရှိသောလုပ်ငန်းခွင်များထဲမှ ကလေးလုပ်သားများကို အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးမည်

စိုင်းလမင်း
ရန်ကုန်၊ ဧပြီ ၂၈

အန္တရာယ်ရှိသော လုပ်ငန်းခွင်များထဲမှ ကလေးလုပ်သားများကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောသည်။

”အန္တရာယ်ရှိသော လုပ်ငန်း ခွင်ဆိုတာ ဆောက်လုပ်ရေးလုပ် ငန်းခွင်လိုမျိုးပေါ့။ သူတို့တွေကို ပိုပြီးတော့ သက်မွေးဝမ်းကျောင်း ပညာရပ် သင်ကြားပေးရမှာပါ။ စီစဉ်လည်း စီစဉ်နေပါတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြော သည်။

အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရာတွင် လူမှု အဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်မှု လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်း များ ပြုလုပ်တတ်သည်အထိ သင် ကြားပေးမည်ဟု ၎င်းကပြောသည်။ ”နောက်ဆိုရင် အန္တရာယ်ရှိ လုပ်ငန်းခွင်ကနေ ကလေးတွေ ပပျောက်သွားတဲ့အထိကို လုပ် ဆောင်ဖို့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ခုံသမာဓိကောင်စီမှ အလုပ်သမားကိုယ်စားလှယ် ဦးရဲနိုင်ဝင်းက ဝန်ကြီးဌာန၏ ထိုသို့ လုပ်ဆောင်မှုကို ကြိုဆိုကြောင်း ပြောသည်။ ”ဝန်ကြီးဌာနက ဒီလိုလုပ်တာ ကောင်းတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်တယ်။ ဒါပေမယ့် ခေတ်အဆက်ဆက်က လုပ်သလို ဝါဒဖြန့်တာမျိုးတော့ မလိုလားဘူး”ဟု ၎င်းက ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် ILO တို့ ပူးပေါင်း ကောက်ယူသော ၂ဝ၁၅ ခုနှစ် လုပ်သားအင်အား စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်း ကလေးဦးရေ ၁၂ သန်းရှိပြီး အလုပ်လုပ်နေသော ကလေးဦးရေမှာ တစ်သန်းကျော်ရှိသည်ဟု သိရသည်။ထို တစ်သန်းကျော်အနက် ၆ သိန်းကျော်မှာ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေ ကြောင်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*