မိုးရာသီတွင်လည်း မြန်မာသို့ ပြည်ပဧည့် များစွာလာရောက်စေရန် လုပ်ဆောင်မည်

မိုးရာသီတွင်လည်း မြန်မာသို့ ပြည်ပဧည့် များစွာလာရောက်စေရန် လုပ်ဆောင်မည်
May 4, 2017 Asian Fame

3:56 pm
မိုးရာသီတွင်လည်း မြန်မာသို့ ပြည်ပဧည့် များစွာလာရောက်စေရန် လုပ်ဆောင်မည်

မေဇင်ဝင်း
ရန်ကုန်၊ ဧပြီ ၂၈

မိုးရာသီတွင် မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသွားများ ပိုမိုလာရောက်ရန် ဆွဲဆောင်မည့် အစီအစဉ်တစ်ခုကို ခရီးသွားလုပ်ငန်းမှ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ပုံမှန်အားဖြင့် မိုးရာသီတွင် မြန်မာ နိုင်ငံသို့ ပြည်ပဧည့် လာရောက်မှုနည်းပါးသောကြောင့် Green Season (Monson Season) Program ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ ဟိုတယ်များ၊ လေကြောင်းလိုင်းများ ဈေးလျှော့ခြင်းနှင့် ဧည့်သည်များ စိတ်ဝင်စားစေရန် ဆွဲဆောင်မည့် အခြားအစီအစဉ်များလည်း ပါရှိမည်ဖြစ်ကြောင်း ဟိုတယ်/ခရီး ဝန် ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။

”မိုးတွင်းမှာလည်း မြန်မာပြည်မှာ လည်ပတ်လို့ ရနိုင်တဲ့ မိုးနည်းတဲ့ ဒေသ တွေရှိတယ်လေ။ အဲဒါတွေကို ရာသီအ လိုက်ပွဲတော်တွေနဲ့ ဆွဲဆောင်ပြီးတော့ ဧည့်သည်တွေ လာလည်အောင် စီစဉ် တာပါ။ လေကြောင်းလိုင်းတွေ၊ ဟိုတယ် တွေပေါင်းပြီး ဈေးလျှော့ပေးမယ်ဆိုရင် ဧည့်သည်တွေလာနိုင်တယ်ဆိုတာကို အ မျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး မှာတင်ပြတာပါ” ဟု ၎င်းကပြောသည်။

လတ်တလောတွင် အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆွေး နွေးနေခြင်းဖြစ်ပြီး ဆက်စပ်ဌာနများ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ် ငန်းရှင်များ၊ လေကြောင်းလိုင်းများနှင့် အသေးစိတ် ထပ်မံ ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ထိုအစီအစဉ်နှင့် ပတ်သက်၍ Myanmar Rising Star International ခရီးသွားလုပ်ငန်းမှ မန်နေဂျာ ကိုခန့်စည်သူအောင်က ”ကောင်းပါတယ်၊ ဒီလိုလုပ်မှာလည်း သူ့ဒေသအလိုက်ပေါ့။ကျွန်တော့်အနေနဲ့ကျတော့ ဒီလိုမျိုး ဈေး တွေ လျှော့ပေးပြီး ဆွဲဆောင်တာထက် ကိုယ့်ခရီးသွားဒေသကို ပိုပြီးဆွဲဆောင်မှုရှိအောင် ဘယ်လို လုပ်မလဲဆိုတာကို ပိုစိတ်ဝင်စားတယ်”ဟု မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ကမ္ဘာလှည့်ခရီးသည် လာရောက်မှု နည်းပါးလျက်ရှိသည်။ ယမန်နှစ်က မြန်မာနိုင်ငံသို့ လာရောက်သော ပြည်ပဧည့် ၂ ဒသမ ၉ သန်း ကျော်ရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ ၂၉ ဒသမ ၅ သန်း၊ မလေးရှားနိုင်ငံသို့ ၂၂ ဒသမ ၁ သန်း၊ ဗီယက်နမ်နိုင်ငံသို့ ၁ဝ သန်း၊ ကမ္ဘာဒီးယားနိုင်ငံသို့ ၅ သန်း လာ ရောက်ခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*