ပုဂံရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်မှု မိုးမကျမီ အပြီး လုပ်ဆောင်မည်

ပုဂံရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်မှု မိုးမကျမီ အပြီး လုပ်ဆောင်မည်
May 4, 2017 Asian Fame

4:43 pm
ပုဂံရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်မှု မိုးမကျမီ အပြီး လုပ်ဆောင်မည်

အိမ်စည်
ရန်ကုန်၊ ဧပြီ ၂၈

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်သင့်စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းခြင်းကို မိုးမကျမီ ပြီးစီးအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

”ကျွန်တော်တို့က မိုးမကျခင်မှာ တည်ငြိမ်သွားတဲ့အနေအထားအထိရောက်အောင် ဆောင်ရွက်နေပါတယ်။ ၂၂၄ ဆူကတော့ ပြီးခဲ့တဲ့လက ပြီးသွားပါ တယ်။ အခုက ရုံးတွေ ပြန်ဖွင့်ပြီဖြစ်လို့ လုပ်ငန်းပြန်စဖို့ ဆောင်ရွက် နေပါတယ်။ မိုးမကျခင်မှာ အဖွဲ့အလိုက် ဆောင်ရွက်သွားမှာပါ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂ဝ၁၆ ခုနှစ်၊ သြဂုတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပုဂံဒေသရှိစေတီ၊ ပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရပြီး ပျက်စီးမှုပမာဏ၊ အနုပညာ လက်ရာနှင့် ဗိသုကာလက်ရာတန်ဖိုးအရ ပထမဦး စားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးဟု အ ဆင့်များသတ်မှတ်ကာ ပြည်တွင်းပြည်ပပညာရှင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊ တစ်ဦးချင်းအလှူရှင်များ ဖိတ်ခေါ်၍ ပြုပြင် ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

”စာရင်းအရ ပြုပြင်ထိန်းသိမ်းဖို့ ကျန်တယ်ဆိုတာကလည်း အဲ့ဒါတွေကလည်း အသေးစိတ်ဆောင်ရွက်ရမယ့် အနေအထားတွေ ကျန်နေတာပါ။ တချို့ကျတော့လည်း အချိန်ယူပြီး ဆောင်ရွက်ရမှာတွေရှိ တာပါ။ တချို့ကျတော့လည်း နောက်နှစ်အထိ ဆက် ပြီး ဆောင်ရွက်သွားရမှာတွေ ရှိပါတယ်။ ဝုန်းဒိုင်းဆိုပြီး ဖြစ်သွားနိုင်တဲ့ အနေအထားတော့ မရှိတော့ပါဘူး။ ကြံ့ခိုင်မှုရှိအောင် ဆက်လက်ဆောင်ရွက်ရမယ့် အနေ အထားတွေပဲရှိတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
စေတီပုထိုးများအား အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ယမန်နှစ် ဒီဇင်ဘာလအတွင်းက ပြီးစီးခဲ့ခြင်းဖြစ်သည်။ ယခုနှစ်မတ်လကုန်အထိ အင်္ဂါစုံပြုပြင်ထိန်းသိမ်း ထိန်းသိမ်းခြင်း ပြီးစီးမှုသည် ၂၂၈ ဆူဖြစ်ပြီး ပြုပြင် ထိန်းသိမ်းမှုဆောင်ရွက်ဆဲမှာ ၁၈ ဆူနှင့် ဆောက်ရွက် ရမည့် အခြေအနေမှာ ၁၂၃ ဆူ ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*