စားသောက်ဆိုင်များ၌ ဝန်ဆောင်မှုကြေး ရောနှောကောက်ခံနေမှုများကို NLD အစိုးရ အရေးမယူသည့်အပေါ် ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

စားသောက်ဆိုင်များ၌ ဝန်ဆောင်မှုကြေး ရောနှောကောက်ခံနေမှုများကို NLD အစိုးရ အရေးမယူသည့်အပေါ် ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
May 4, 2017 Asian Fame

11:48 am
စားသောက်ဆိုင်များ၌ ဝန်ဆောင်မှုကြေး ရောနှောကောက်ခံနေမှုများကို NLD အစိုးရ အရေးမယူသည့်အပေါ် ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

ဖြိုးထက်အောင်

ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်းအတွင်းရှိ ဟိုတယ် များနှင့် စားသောက်ဆိုင်များတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအပြင် ဝန်ဆောင်မှုကြေးပါ ရော နှောကောက်ခံနေမှုများကို NLD အစိုးရက အရေးယူခြင်းမရှိသည့် အပေါ် ကြံ့ခိုင်ရေးလွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့က ပြုလုပ် ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် ဦးစံကျော်က ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းအပြင် (Service Tax) များ ရောနှော ကောက်ခံနေမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားဝင်ခွင့်ပြုထားခြင်း ရှိမရှိ၊ ကောက်ခံနေခြင်းအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

”တချို့ ဆိုင်တွေဆိုရင် ဝန်ဆောင်မှုကြေး (Service Tax) ကို ၅ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းအထိ ကောက်ခံတာတွေ တွေ့ရပါတယ်။ ဒါစားသုံးသူတွေ အပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဒီလိုကောက်ခံဖို့ ခွင့်ပြုထားသလား။ ဒါကို ဘယ်လို အရေးယူဆောင်ရွက်ဖို့ ရှိမလဲဆိုတာ သိလိုပါတယ်” ဟု ဦးစံကျော် က ပြောသည်။ ၎င်း၏ မေးမြန်းချက်ကို တိုင်း အစိုးရက ပြန်လည် ဖြေကြားရာ တွင် ခွင့်မပြုထားသော်လည်း လုပ်ငန်းသဘောအရ ကောက်ခံခြင်း ဖြစ်သည့်အတွက် မည်သို့မျှအရေးယူ ဆောင်ရွက်ထားခြင်း မရှိဟု ပြန်လည် ဖြေကြားခဲ့သည်။

”ဒီကိစ္စကို တိုင်းဒေသကြီး အစိုးရရော၊ ပြည်ထောင်စုအစိုးရပါ တရားဝင် ပြဋ္ဌာန်းထားခြင်းမရှိပါဘူး။ လုပ်ငန်းရှင်များက သူတို့ ရဲ့ ဝန်ဆောင်မှုကို တန်ဖိုးထားပြီးကောက်ခံခြင်းဖြစ်ပါတယ်။ စုံစမ်း ရသမျှဆိုရင်တော့ ရှန်ဂရီလာ၊ ဆီဒိုးနားအပါအဝင် ဟိုတယ်ကြီးတွေ မှာ ဝန်ဆောင်မှုကြေး ကောက်ခံပါ တယ်။ ဘာလုပ်သလဲ မေးတဲ့အခါ မှာ ဝန်ထမ်းများကို အမှတ်ပေးပြီး အနည်းအများအရ အပိုချီးမြှင့်ငွေ ခွဲဝေပေးတယ်လို့ ပြောပါတယ်။ ပြီးတော အိုးခွက် ပန်းကန်တွေက အစ အရည်အသွေးကောင်းအောင် အပြင်အဆင်ကအစ အဆင့်မြင့် ဝယ်ယူပြီး လုပ်ပေးနိုင်အောင် သူတို့ရဲ့ ဝန်ဆောင်မှုတိုးတက်စေရေးအတွက် သူတို့သုံးစွဲတယ်လို့ ပြော ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြင့် သောင်းက ပြောသည်။ ဦးစံကျော်သည် ထိုနေ့ လွှတ် တော်တွင် ၂ဝ၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် ကျန်ရှိနေသောအခွန်များ ရစေရန် မည်ကဲ့သို့ စီမံဆောင် ရွက်ထားသည်ကို သိရှိလိုကြောင်း အပါအဝင်မေးခွန်း ၃ ခုကို မေး မြန်းခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*